LOAD HTAR PAR

Friday, January 20, 2012

မိုဘိုင်းဖုန်း အတွက် JuventuZIP ( .ZiP, .RaR ဖြည်/ချုံ့ရန် ဆော့ဝဲ )

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

ဒီ ဖုန်းဆော့ဝဲလေး JuventuZIP က ကျွန်တော် အရင်ကတင်ခဲ့ဘူးတဲ့ zip ဖြည်တဲ့ ဆော့ဝဲလေးထက် ပိုကောင်းပါတယ်။ ဒီကောင်လေးက .rar နဲ့ ချုံ့ထားတဲ့ဖိုင်တွေကိုပါ ဖြည်လို့ ရပါတယ်။ ဒါအပြင် .zip, tar နဲ့ .tar.gz ဖိုင်တွေကိုလည်း ဖြည်လို့ရပါသေးတယ်။
Open Archieve နှင့် Create Archieve ဆိုပြီးရှိပါတယ်။ Open Archieve က ကိုယ်ဖြည်ချင်တဲ့ .zip နှင့် .rar ဖိုင်တွေကို ဖြည်ရန် အတွက်ပါ။ Create Actieve ကတော့ .zip, .jar, .nth ဖိုင်တွေအဖြစ် ချုံ့ရန် Extension ပြောင်းရန် အတွက် ဖြစ်ပါတယ်။

.zip ဖိုင်တွေဖြည်ရန် Open Archieve ကို နှိပ်ပါ။ c: နှင့် e: ကို တွေ့ပါမယ်။ c: ကဖုန်း Memory ကို ဆိုလိုပြီး e: က Memory Card ကို ဆိုလိုပါတယ်။ ကိုယ်ဖြည်ချင်တဲ့ ဖိုင် အထိ ဆက်နှိပ်ပါ။ နောက် ကိုယ်ဖြည်ချင်တဲ့ .zip ဖိုင်အတွင်းထိတိုင် နှိပ်ဝင်ပါ။ ဆုံးသွားသောအခါ Options/ Exctract ကိုနှိပ်ပါ။ ဖိုင်းများနေပါက Options/Mark/all ကို နှိပ်၍ နောက် Exctract ကို ဆက်နှိပ်ပါ။ Save Path ဆိုပြီး ဖြည်ချမယ့်နေရာကို မေးလာလိမ့်မယ်။ ကိုယ်ဖြည်မယ့် ကြိုက်ရာနေရာကို လမ်းကြောင်းပေးပြီး Options/Choose Current ကို ဆက်နှိပ်လိုက်ပါ။ Unpacking Processing လုပ်ပါလိမ့်မယ် ပြီးတာနဲ့ ကိုယ် လိုချင်တာ ဖြည်ရပြီးသားဖြစ်သွားပါပြီ။ New Folder အသစ်ပေးချင်လည်း ရပါတယ်။

ဒါက ကျွန်တော် .zip, rar တွေ ဖြည်ချပုံ လိုရင်းပဲပြောတာပါ။ Options ကိုဝင်၍ လျှောက်စမ်းကြည့်နိုင်ပါတယ်။ အခြားထူးခြားတာလေးတွေလည်း လုပ်နိုင်ပါသေးတယ်။
.zip ဖိုင် Extension ပြုလုပ်ရန် Create Archieve ကိုနှိပ်ပါ။ Archieve’s Name အကွက်မှာ ကိုယ်ချုံ့မယ့် ဖိုင်နာမည်ကို ရေးပါ။ Format နှင့် Extension ကို .zip ချည်ရွေးပြီး ok နှိပ်ပါ။ ကိုယ့်ချုံ့မယ့်ဖိုင်ကို Options/Add နှိပ်၍ရှာပါ။ တွေ့ရှိသောဖိုင်ကို Options/Save နှိပ်ပါ။ Save Path ဆိုပြီး ကိုယ်ချုံ့လိုက်တဲ့ .zip ဖိုင် ထားရမယ့်နေရာကို မေးလာပါမယ်။ လမ်းကြောင်းပေးပြီး Options/Choose Current နှိပ်လိုက်ပါ။ ဒါဆို Packing Processing လုပ်တာကိုပြီးတဲ့အထိ စောင့်ပေးလိုက်ရင် ကိုယ်လုပ်လိုက်တဲ့ .zip ဖိုင်ကိုရပါပြီ။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ အောက်ကလင့်မှာ ဒေါင်းယူနိုင်ဖို့ မျှဝေလိုက်ပါတယ်။

ဒေါင်းရန်။ ။ 273.01 KB
MediaFire

No comments:

Post a Comment