LOAD HTAR PAR

Friday, July 27, 2012

How Do I Perform a Startup Repair or Repair Install of Windows?

Oh! You come to my blog. Welcome....

Question: How Do I Perform a Startup Repair or Repair Install of Windows?
A Windows repair installation or a Startup Repair is valuable when you need to reinstall important Windows files but keep all of your personal files and programs intact.
A repair install can be thought of as a "copy over" of Windows. A Startup Repair is a smarter version of a repair IInstall.
A Startup Repair or repair install is very often a relatively easy fix for many serious Windows operating system problems. Since these Windows repair options don't erase anything from your computer, they are simple ways to restore important Windows files.
Answer: In general, a Startup Repair or repair install of Windows is accomplished by running the original Windows setup process and choosing the correct installation method or diagnostic option. The specific steps involved in performing a Startup Repair or repair install of Windows can differ considerably depending on the operating system used:

Monday, July 16, 2012

ဗုဒ္ဓဘာသာဝင်တိုင်း သိထိုက်သင့်သော အချက်အလက်များ

Oh! You come to my blog. Welcome...

                          “ အပါယ်လေးပါး ”  (၁) ငရဲ = ချမ်းသာအနည်းငယ်မျှ မရှိဘဲ၊ မီးတောက်မီးလျှံ၊ ဒါးလှံစက်တို့၌ ခံရခြင်းကို“ငရဲ”ဟု ခေါ်ပါသည် ။ (၂) တိရစ္ဆာန်= တရားမသိ၊ စားခြင်း၊ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်းကိုသာ သိသောသတ္တ၀ါ ၊ မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော “သတ္တ၀ါ” ။ (၃) ပြိတ္တာ= ချမ်းသာသုခမှ ကင်းဝေးသောဖုတ်တစ္ဆေ စသော သတ္တ၀ါ ။ (၄) အသူရကာယ်= စည်းစိမ်ချမ်းသာမြူးတူးခြင်း စသည်တို့ဖြင့် မမြူးတူးမထွန်းပတတ်သော“သတ္တ၀ါ”                          “ ကပ်သုံးပါး ” (၁) ဒုမ္ဘိက္ခန္တရကပ် = အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း ။ (၂) သတ္တန္တရကပ် = သေစေတတ်သော ဓါး၊ လှံ၊ သေနတ်၊ စသောလက်နက်တို့ဖြင့်၊ အချင်းချင်း တိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း ။ (၃) ရောဂန္တရကပ်= ကူးစက်တတ်သော အနာရောဂါ ကျရောက်သဖြင့် မျာစွာသေကြေပျက်စီးခြင်း ။ ။
·   မဂ်ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟုခေါ်ပါသည်  “ ရပ်ပြစ်ရှစ်ပါး ” (၁)  ငရဲ ။ (၂)  တိရစ္ဆာန် ။ (၃)  ပြိတ္တာ ။ (၄)  အရူပဘုံ=(နာမ်သက်သက်သာရှိ) ။ အသညသတ်ဘုံ= ( ရုပ်သက်သက်သာရှိ ) ။ (၅)  ပစ္ဆန္တရစ်အရပ် ။ (၆)  မိစ္ဆာဒိဋ္ဌိ  ။ (၇)  ဥာဏ်ပညာမရှိသူ (ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ သောသူအဖြစ် ။ (၈)  ဘုရားမပွင့်ရာအခါ၌ လူဖြစ်ရခြင်း ။ ။                                              “ ရန်သူမျိုးငါးပါး ” (၁) ရေ ။ (၂) မီး ။ (၃) မင်း ။ (၄) ခိုးသူ ။  (သူတပါးပစ္စည်းကို ပိုင်ရှင်မသိအောင် တိတ်တဆိတ် ယူတတ်သောသူ) (၅) မချစ်မနှစ်သက်သောသူ ။ (မိမိကိုမုန်း၍ ပျက်စီးရာ ပျက်စီးကြောင်း ကြံတတ်သူ ) ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟုခေါ်သည်                          “ ၀ိပတ္တိတရားလေးပါး ” (၁) ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း ။ (၂) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း ။ (၃) ကာလ၀ိပတ္တိ = တရားမစောင့်သောသူတို့၏ လက်ထက်၌ဖြစ်ရခြင်း ။ (၄) ပယောဂ၀ိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း ။ ။ ·  ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ ၊ အကျင့်ပျက်စီးခြင်းကို ဗျဿနဟုခေါ်သည်။                                                    “ ဗျသနတရားငါးပါး ” (၁) ဥာတိဗျသန = ဆွေမျိုးပျက်စီးခြင်း ။ (၂) ဘောဂဗျသန = စီးစိမ် ဥစ္စာ ရာထူး ပျက်စီးခြင်း ။ (၃) ရောဂဗျသန = အနာရောဂါကြောင့် ပျက်စီးခြင်း ။ (၄) ဒိဋ္ဌိဗျသန = အယူလွှဲမှား၍ ပျက်စီးခြင်း ။ (၅) သီလဗျသန = ကောင်းသောအကျင့်သီလ ပျက်စီးခြင်း ။ ။                                “ ဗုဒ္ဓဝင်အကျဉ်းမှတ်ရန် ” လူအမည် = သိဒ္ဓတ္ထ ။ ဘုရားဘွဲ့ = ဂေါတမ ။ မိဘအမည် = သုဒ္ဓေါဒ္ဒနမင်းနှင့် မာယာဒေဝီ ။ ကြင်ယာတော် = ယသော်ဓရာ ။ (ဘဒ္ဒကဉ္စနာ) ရင်သွေးတော် = ရာဟုလာ ။ ယောက်ဖတော် =  ဒေဝဒတ် ။ မိထွေးတော် = ဂေါတမီ ။ နေပြည်တော် = ကပိလဝတ်ပြည် ။ (သက္ကတိုင်းမဇ္ဈိမဒေသ) ဖွားရာဌာန = လုမ္ဗိနီဥယာဉ် ။ ( ကပိလဝတ်ပြည်နှင့်ဒေဝဒဟအကြား) နန်းစံနှစ် = ၁၃ နှစ် ။ (၁၆ နှစ်မှ ၂၉ နှစ်အထိ) နမိတ်ကြီးများ = သူအို ၊သူနာ၊ သူသေ ရဟန်း ။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓါရသေ့ဘ၀ ။ ဗျာဒိတ်ခံယူသောနေ့ =  ကဆုန်လပြည့်နေ့ ။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ။ ပါရမီဖြည့်ဘက် =  သုမိတ္တာအမျိုးသ္မီး ။ (ယသော်ဓယာအလောင်း) ပါရမီဖြည့်ရာကာလ =  လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါအများအကျိုးဆောင်ရွက်ရန် ။ ဒုက္ကရစရိယာကျင့်ရသောကာလ =  ၆ နှစ်ကြာ ။ (၉၇မှ ၁၀၃ အထိ) ကျင့်သည့်နေရာ = ဥရုဝေဠတော ။ ဘုရားဖြစ်ချိန်သက်တမ်း = ၃၅ နှစ်အရွယ် ။ ဘုရားပွင့်ရာသက်တမ်း = ၁၀၀ တမ်း ။ အလုပ်ကျွေး =  ပဉ္စဝဂီငါးဦး ။ (ဒုက္ကရစရိယ ကျင့်ခိုက်) တရားဦးဟောသည့်နေရာ = ဗာရာဏသီ မိဂဒါဝုန်တော ။ ပထမဆုံး သာဝက =  ပဉ္စဝဂီ ငါးဦး ။ (သာဝက=ဘုရား၏တပည့်သား) နောက်ဆုံးကျွတ်သော သာဝက =  သုဘဒ္ဒပရိဗိုဇ် ။ လက်ယာရံ အဂ္ဂသာဝက =  အရှင်သာရိပုတ္တရာ ။ လက်ဝဲရံ  အဂ္ဂသာဝက အရှင်မောဂ္ဂလန် ။ အဆုံးအမသာသနာ =  ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ။ ကျင့်စဉ်သိက္ခာ = သီလ သမာဓိ ပညာ ။ ချမှတ်သောလမ်းစဉ် = မဇျ္ဖိမပဋိပဒါ မဂ္ဂင်လမ်းစဉ် ။ သန္ဒေယူသောနေ့ = မဟာသက္ကရာဇ် ၆၇ ဝါဆိုလပြည့်  ကြာသပတေးနေ့ ။ ဖွားမြင်သောနေ့ =  မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်  သောကြာနေ့ ။ တောထွက်သောနေ့ =  မဟာသက္ကရာဇ် ၉၇ ဝါဆိုလပြည့် တနင်္လာနေ့ ။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့် ဗုဒဟူးနေ့ ။ ဓမ္မစင်္ကြာဟောသောနေ့ = မဟာသက္ကရာဇ် ၁၀၃ ဝါဆိုလပြည့် စနေနေ့ ။ ပရိနိဗ္ဗာန်စံသောနေ့ = မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့် အင်္ဂါနေ့ ။ တေဇောဓါတ်လောင်သောနေ့ = ၁၄၈ ကဆုန်လဆုတ် ၁၂ ရက် တနင်္လာနေ့ ။                 “ သီလစောင့်တည်ခြင်း၏အကျိုး ”   ဝိမာန ဝတ္ထုတော်တွင် ဥတ္တရာနတ်သမီး၊ သောဏဒိန္ဒာနတ်သမီး ၊ဥပေါသထာနတ်သမီးတို့သည် ဥပုသ်သီလဆောက်တည်ကျင့်သုံးသဖြင့်ကြီးကျယ်ခမ်းနားသော နတ်စည်းစိမ်ကို ရရှိကြောင်း ဖော် ပြထား၏ ၊ ဥပုသ်သီလဆောက်တည်သဖြင့် ကောင်းကျိုးရသောအခြားသာဓကဝတ္ထုများလည်း များစွာရှိပေသေး၏ သို့ဖြစ်၍ ဥပုသ်သီလကို မပြတ်စောင့်ထိန်းသင့်ကြပါသည               “ ဘုရားရှိခိုးခြင်း ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုး ” မြတ်ဗုဒ္ဓလက်ထက်တော်အခါက မဋ္ဌကုဏ္ဍလီအမည်ရှိ လူငယ်တစ်ဦးသည်၊ သေလုဆဲဆဲအိပ်ယာထဲ လဲနေ၏၊ ထိုသူငယ်သေလွန်လျှင် ငရဲသို့ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက သိမြင်တော်မူ၏၊ မြတ်ဗုဒ္ဓသည် ထိုသူငယ်အား ကယ်တင်လိုသဖြင့် ထိုလူငယ်နေထိုင်ရာအိမ်ရှေ့သို့ကြွရောက်ရပ်တန့်ပြီး ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်၊ ထိုလူငယ်သည် ဘုရားရှင်အား၊ ဖူးမြင်ခွင့်ရသဖြင့်ကြည်ညို စိတ်ပေါ်လာပြီး အိပ်ယာထဲအိပ်လျှက်ပင်ရှိခိုး၏ ၊ မကြာခင် ထိုလူငယ်သေဆုံး၍ နတ်ပြည်၌တစ်ဆယ့် နှစ်ယူဇနာရှိသော၊ ဗိမာန်ရှင်နတ်သားဖြစ်လေသည်။ ( ဝိမာန၊ ဋ္ဌ။ မဋ္ဌကုဏ္ဍလီဝိမာန၊ ဝတ္ထု ) ထိုမျှရှိခိုး၍ အကျိုးရသည်ကိုထားဘိဦး၊ သူမေဓာဘုရားလက်ထက်တော်က၊ ဥပါသကာတဦးသည်၊ သူတစ်ပါးတို့အား စေတီတော်ကို ရှိခိုးရန်တိုက်တွန်းသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌၊ နတ်သားဖြစ်ရလေသည် ။ထိုမျှသာမက ဘုရားရှိခိုးခြင်း ဘုရားဂုဏ်တော်ပွားများခြင်း အကျိုး (၁၁) မျိုး ကိုလည်း ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား (၁)  ရာဂ ဒေါသ မောဟ ကိလေသာ မဖြစ်ပွါးခြင်း ။ (၂)  စိတ်အစဉ်ဖြောင့်မတ်ခြင်း ။ (၃)  ဘုရား၌ ရိုသေခြင်း ။ (၄)  သဒ္ဓါ သတိ ပညာ ပုည ပြန့်ပြောခြင်း ။ (၅)  ပီတိ ပါမောဇ္ဇ များပြားခြင်း ။ (၆)  ဘေးရန် အမျိုးမျိုး ကိုသည်းခံနိုင်ခြင်း ။ (၇)  ဘုရားနှင့်အတူနေရသကဲ့သို့ ထင်မှတ်ရခြင်း ။ ( ဘုရားနှင့်နီးစပ်၍အကုသိုလ်နည်းပါးသည်ဟုဆိုလိုသည် ) (၈)  စေတီအလား ပူဇော်ထိုက်ခြင်း ။ (ဘုရားဂုဏ်တော်ပွါးများသူတို့၏ ကိုယ်ခန္ဒာသည် စေတီအလား ပူဇော်ထိုက်သည်ဟုဆိုလိုသည်) (၉)  ဘုရား၌ စိတ်ညွှတ်ခြင်း ။ (ဘုရား၌ စိတ်ရောက်နေ၍ အပြင်အပ အကုသိုလ်များ မဝင်နိုင်ခြင်း) (၁၀)  အရှက်အကြောက်ဖြစ်ခြင်း ။ (အကုသိုလ်ဖြစ်မှု ကျူးလွန်စရာတွေ့ခဲ့သော် ဘုရားအာရုံထင် မြင်လာ၍ ဟီရိသြတ္တပ္ပ အရှက်အကြောက်ဝင်ပြီး မလွန်ကြူး ခြင်း ) (၁၁)  နတ်ရွာစံသော် သုဂတိလားခြင်း ။ (ဤဘဝ၌ မဂ် ဖိုလ် မရသေးစေကာမူ ကွယ်လွန်သောအခါ ဒုဂ္ဂတိမကျနိုင်) ( ဝိသုဒ္ဒိမဂ် ပထမစာအုပ် )                          “ မေတ္တာပို့သခြင်းအကျိုး ” ဗုဒ္ဓရှင်တော်ဘုရား လက်ထက်အခါတော်က သာဝတ္ထိပြည်မှ ယူဇနာတစ်ရာဝေးသော တောနေရဟန်း (၅၀၀) တို့ကို၊ နတ်ဘီးလူးတို့က ခြောက်လှန့်ကြ၏ ထို့ကြောင့်ရဟန်းတို့သည် တရားအားထုတ်သော် လည်း တရားထူးကို မရနိုင်ကြ ၊ မြတ်ဗုဒ္ဓက ထိုရဟန်းတို့အား နတ်ဘီးလူးတို့ခြောက်လှန့် မှုမပြုရန် မေတ္တာသုတ်ပရိတ်တော်ကို ဟောကြားသင်ပြတော်မူပြီး ထိုရဟန်းတို့သည် မေတ္တာသုတ်ပရိတ်တော် တို့ကို ရွတ်ဆို၍ မေတ္တာပို့သဖြင့် နတ်ဘီးလူးတို့ခြောက်လှန့်မှုကင်းဝေးခဲ့၏ ။ ထိုမျှသာမက မေတ္တာ၏ အကျိုး (၁၁) မျိုးကို ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား (၁) ချမ်းသာစွာ အိပ်ရခြင်း ။ (၂) ချမ်းသာစွာ နိုးရခြင်း ။ (၃) အိပ်မက်ဆိုးကို မမြင်မက်ခြင်း ။ (၄) နတ်တို့က စောင့်ရှောက်ခြင်း ။ (၅) လူအများ ချစ်ခင်ခြင်း ။ (၆) မီးဘေး မသင့်နိုင်ခြင်း ။ (၇) အဆိပ် လက်နက် မသင့်ရောက်နိုင်ခြင်း ။ (၈) စိတ်တည်ကြည်ခြင်း ။ (၉) တွေဝေစွာ မသေရခြင်း ။ (၁၀) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟူ၍ (၁၁) ပါးရှိကြောင်း  ပြဆိုထားပါသည် ။                  “ ဆွမ်းလှူဒါန်းရခြင်းအကျိုး ” ရာဇဂြိုဟ်ပြည်၌ အာစာမ ဒါယိကာ အမျိုးသမီးသည် သူဌေးအိမ်မှ စားကြွင်းစားကျန် ထမင်းချိုး(ဂျိုး)ကို ရသဖြင့် အရှင်မဟာကဿပအား လှူဒါန်း၏ ထိုကုသိုလ်ကြောင့်သေလွန်၍ နိမ္မာနရတိနတ်ပြည်၌ နတ်သမီးဖြစ်ရလေသည်။  ( ဝိမာန၊ ဋ္ဌ။ အာစာမဒါယိကာဝတ္ထု ) ဆွမ်းလှူဒါန်းသဖြင့် ရရှိသောအခြားသာဓက ဝတ္ထုများစွာရှိသေး၏ ၊ ဆွမ်းလှူဒါန်းသဖြင့် ရရှိသော အကျိုးတရား (၅)မျိုးကိုလည်း အဂုင်္တ္ထိုရ်ပါဠိတော် ဘောဇနသုတ်တွင် ပြဆိုထားပါသည် ယင်းတို့ကား (၁)  အသက်ရှည်ခြင်း ။ (၂)  အဆင်းလှခြင်း ။ (၃)  ကိုယ် စိတ် နှစ်ဖြာချမ်းသာခြင်း ။ (၄)  ခွန်အားဗလ ကြီးမားခြင်း ။ (၅)  ဥာဏ်ပညာကြီးမားခြင်း တို့ဖြစ်သည် ။                     “ ရေကပ်လှူရခြင်းအကျိုး ” မြတ်ဗုဒ္ဓ လက်ထက်တော်က သာဝတ္ထိပြည်မြို့နယ်ရှိ ကျေးရွာတရွာမှ အမျိုးသမီးတစ်ဦးသည်၊ ဘုရားဖူးခရီးသည် ရဟန်းတော်များအား ရေလှူသဖြင့် သေလွန်လျှင် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး ခမ်းနားကြီးကျယ်သော နတ်စည်းစိမ်ကို ခံစားရလေသည်။ ( ဝိမာန၊ ဋ္ဌ။ လှေယာဉ်စီး နတ်သမီးဝတ္ထု ) ထို့အပြင် ရေအကျိုး (၁၀)ပါးရှိကြောင်းလူအများသိကြ၏ ယင်းတို့ကား ----                                     (၁)  လျှင်မြန်ခြင်း ။ (၂)  သန့်ရှင်းစင်ကြယ်ခြင်း ။ (၃)  ကျော်ကြားလူသိများခြင်း ။ (၄)  ဆာလောင်မွတ်သိပ်မှုကင်းခြင်း ။ (၅)  အခြွေအရံများခြင်း ။ (၆)  အသက်ရှည်ခြင်း ။ (၇)  အဆင်းလှခြင်း ။ (၈)  ချမ်းသာခြင်း ။ (၉)  ခွန်အားကြီးခြင်း ။ (၁၀)  ဥာဏ်ပညာထက်မြက်ခြင်း တို့ဖြစ်ပါသည် ။ ။                             “ ပန်းလှူဒါန်းခြင်းအကျိုး ” ကဿပမြတ်စွာဘုရား လက်ထက်တော်က အမျိုးသမီး (၄) ယောက်သည်၊ ရဟန်းတစ်ပါးအား ပန်းတို့ကို လှူဒါန်းကြ၏ ။ သေလွန်သောအခါ ထိုကောင်းမှုကုသိုလ်ကြောင့်တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး နတ်စည်းစိမ်ကိုခံစားကြရလေသည် ဤသို့ဖြင့် ထိုနတ်ပြည်မှာ ဆက်ကာဆက်ကာ ဖြစ်ရပြီး ဤဘုရားလက်ထက်တွင် နတ်သမီးဘဝဖြင့် တရားနာကြရကာ သောတပန်ဖြစ်ကြလေသည် ။     (  ဝိမာန၊ ဋ္ဌ ၊ ပန်းလှူသောနတ်သမီး(၄) ယောက်ဝတ္ထု ) ပန်းလှူဒါန်းသဖြင့် ရရှိသော အခြားအကျိုးများလည်း ရှိသေး၏ ။ ယင်းတို့ကား (၁)  ရုပ်ရည်လှပခြင်း ။ (၂)  ကိုယ်ခန္ဒာသန့်ရှင်းခြင်း ။ (၃)  ခံတွင်းမွှေးကြိုင်ခြင်းတို့ဖြစ်သည် ။                     “ ဆီမီးလှူဒါန်းရခြင်းအကျိုး ” ဂေါတမ ဘုရားလက်ထက်တော်အခါက သာဝတ္ထိပြည်သူတဦးသည် တရားပွဲ၌ ဆီမီးညှိထွန်းလှူဒါန်း သဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌  နတ်သားဖြစ်ရလေသည် ။ ဆီမီးညှိထွန်းလှူဒါန်း သဖြင့် ရရှိနိုင်သော အခြားအကျိုးများလည်း များစွာရှိပေသေး၏ ။ ယင်းတို့ကား  (၁)  မံသစက္ခု ပကတိမျက်စိ ကြည်လင်ခြင်း ။  (၂)  ဥာဏစက္ခု  ဥာဏ်(မျက်စိ) ကြည်လင်ခြင်းတို့ဖြစ်သည် ။  “ မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွားတော် ကိုးကွယ်သူများ သိသင့်သိထိုက်သော                                         အချက်အလက် ” (၁) မြတ်စွာဘုရား၏ ကိုယ်စားတော် ဆင်းတု ရုပ်ပွားတော်များသည် ၊ မည်သည့်ကာလအချိန်မှ စတင်ပေါ်ပေါက်လာသည် ။ (၂) ဆင်းတု ရုပ်ပွားတော်များအဖြစ် ထုလုပ် သွန်းလောင်းအပ်သောအရာများသည် မည်သည့်အရာများ ဖြစ်သည် ။ (၃) ဆင်းတု ရုပ်ပွားတော်များကို မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို ထုလုပ်အပ်သည် ။ (၄) ထုလုပ်ရာတွင် မည့်သည့်အချက်များကို သတိပြု ဂရုထားအပ်သည်တို့ ဖြစ်ကြ၏             (၁) မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏ တနေ့သ၌ ပေဿနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ရန် ဇေတ၀န် ကျောင်းတော်သို့ သွားရောက်ခဲ့လေရာ မြတ်စွာဘုရားသခင်သည် ၀ါပအခါတွင် ဒေသစာရီကြွချီတော် မူမြဲအတိုင်း ကြွချီတော်မူ၏ ။ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသခင် ရှိတော်ခိုက်မဟုတ်သဖြင့် မဖူးမတွေ့ရသည်နှင့် မင်းကြီးသည် စိတ်တော်ညိုးနွမ်းကာ ကျောင်းတော်ကို ဆီ မီး ပန်း နံ့သာတို့ဖြင့် ပူဇော်ပြီး နန်းတော်သို့ပြန်လည်ကြွခဲ့ရလေသည် ။ မြတ်စွာဘုရားလည်း ဒေသစာရီကြွချီရာမှ ဇေတ၀န် ကျောင်းတော်သို့ ပြန်ရောက်တော်မူခဲ့ရာ ဗုဒ္ဓပြန်လည်ရောက်ရှိတော်မူပြီဟု မင်းကြီးကြားသိလျှင် မှူး မတ်ဗိုလ်ပါခြံရံလျက် မြတ်စွာဘုရားထံ သွားရောက်ပြီး “ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား အရှင်ဘုရားသည် ကျောင်းတော်၌ သီတင်းသုံးရှိနေပါသော် တပည့်တော်တို့သည် တရားတော်ကိုလည်း နာယူရပါ၏ သီလတော်ကိုလည်း ဆောက်တည်ကြရပါ၏ ။ ကျောင်းတော်၌ အရှင်ဘုရားမရှိခဲ့သော် တပည့်တော်တို့သည် အလှူလည်းမပြုရ တရားတော်လည်း မနာကြားရ ၊ သီတင်းသီလလည်း မဆောက်တည်ရ ဖြစ်ခဲ့ရပါ၏ ။ အရှင်ဘုရားကိုယ်စား ရုပ်ပွားတော်ကို ထုလုပ်ပူဇော်လိုပါသည် ခွင့်ပြုတော်မူပါလော့”ဟု လျှောက်ထားတောင်းပန်လေသည် ။ ထိုအခါ ဗုဒ္ဓမြတ်စွာလည်း သာဓုသုံးကြိမ် သုံးခါခေါ်ဆိုပြီးနောက် မင်းကြီး၏ လျှောက်ထားတောင်းပန်ချက်ကို ခွင့်ပြုတော်မူခဲ့ပေ၏ ထိုအချိန်မှစ၍ ဆင်းတု ရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာခဲ့ပေတော့သည် ။         (၂)  မြတ်စွာဘုရားသခင်သည် ကောသလမင်းအား မိမိ၏ကိုယ်စားတော် ရုပ်ပွားဆင်းတု တော်များ ထုလုပ်သွန်းလောင်းလုပ်ရန် အရာဝတ္ထုများကိုပါထုတ်ဖေါ်မြွက်ကြားတော်မူခဲ့ပေ၏ ။ “  မင်းကြီး သဒ္ဓါ ပညာ ၀ီရိယနှင့်ပြည့်စုံသော မင်း ပုဏ္ဏား သူဋ္ဌေးသူကြွယ် ဆင်းရဲသားတို့သည် မိမိတို့၏ တတ်စွမ်းနိုင်သည့်အားလျော်စွာ ရွှေဖြင့်လည်းကောင်း ၊ ငွေဖြင့်လည်းကောင်း ၊ ပတ္တမြားဖြင့်လည်းကောင်း ၊  ကြေးဖြင့်လည်းကောင်း ၊ သံဖြင့်လည်းကောင်း ၊ ခဲဖြင့်လည်းကောင်း ၊ ကြေးနီဖြင့်လည်းကောင်း ၊ သစ်ဖြင့် လည်းကောင်း ၊ အုတ်ဖြင့်လည်းကောင်း ၊ ကျောက်ဖြင့်လည်းကောင်း ၊ အဆင်းရှိသောဆေးဖြင့်လည်း ကောင်း ၊ ကျောက်မျက်ရွဲတို့ဖြင့်လည်းကောင်း သွန်းလောာင်းအပ် ထုလုပ်အပ်၊ ရေးသော်လည်း ရေးအပ် ပေ၏ ”ဟု မိန့်ကြားတော်ခဲ့၏              (၃) ထုလုပ်အပ် သွန်းလောင်းအပ်သည့် ရုပ်ပွားတော် ပုံသဏ္ဌာန်များ ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ရန် မြတ်စွာဘုရားသည် ကောသလမင်းအား မိန့်ကြားရာတွင် “ ငါဘုရားသည် ဗောဓိပင်နှင့်ပုလ္လင်တော်၌ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူဟန်ကိုလည်းကောင်း ပဉ္စ၀ဂ္ဂီ(၅)ဦးတို့အား ဓမ္မစကြာဟောတော်မူဟန်ကိုလည်းကောင်း ၊ကပ္ပိန္နမင်းကြီးကို ရုပ်တုဖန်ဆင်း၍ ပြတော်မူဟန်ကိုလည်းကောင်း ၊ ရတနာစင်္ကြံ၌ စင်္ကြသွားတော်မူဟန်ကိုလည်းကောင်း ၊ အနိမ္မိဿကုန်း၌ မမှိတ်သော မျက်စိဖြင့် ကြည့်တော်မူဟန်ကိုလည်းကောင်း ၊အာဋ္ဌာရနှင့် ဥဒကရသေ့ကြီးတို့ ရှုံးခြင်းကြီး ရှု လေစွတကားဟုရင်လက်ခတ်တီး၍ အံ့သြတော်မူဟန်ကိုလည်းကောင်း၊ အရှင်အာနန္ဒာအား လက်သား တော်ဖြင့် မြေမှုန့်ပြတော်မူဟန်ကိုလည်းကောင်း ၊ လျောင်းစက်ကျိန်းတော်မူဟန်ကိုလည်းကောင်း၊ ပရိနိဗ္ဗာန် ပြုတော်မူဟန်ကိုလည်းကောင်း ၊ ထုလုပ်ရာ သွန်းလောင်းရာ ရေးစွဲရာ၏ ”ဟု မိန့်မြွက်တော်မူခဲ့လေသည် ။             (၄) ဆင်းတုရုပ်ပွားတော်များ ထုလုပ်ရာတွင် သတိပြု ဂရုထားရမည့် အချက်များ ဆင်းတု ရုပ်ပွားတော်များ ထုလုပ် သွန်းလောင်းလုပ်ရာ၌ ပါသာဒိကဂုဏ်တော်နှင့်ပြည့်စုံအောင် ကြည်ညို ဖွယ် အသရေတော်ဆောင်နေသည့် ပုံတော်မျိုးကို ထုလုပ် သွန်းလောင်း ရေးစွဲရမည်ဖြစ်၏ ။ တတ်နိုင်သမျှ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသည့်အသွင်ကို ဆောင်အောင် ထုလုပ် သွန်းလောင်း ရေးစွဲရမည် ။ လှပစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ခြယ်သထားသော အမျိုးသ္မီးများတို့၏ မျက်နှာသွင်ပြင်မျိုးကဲ့သို့ မထုလုပ် မသွန်းလောင်း မရေးခြယ်အပ်ပေ ။ ကြည်ညိုဖွယ် ကင်းမဲ့သော လက်တဖက်ကို ဆန့်တန်းထားခြင်း ၊ လည်ကုပ်တိုနှင့်ဝမ်းဗိုက်ပူ(အချို့ဒက္ခိဏသာခါဘုးရား) ထုလုပ် သွန်းလောင်း ရေးစွဲထားခြင်း၊ မျက်နှာပေါက်ဆိုးစွာ ကြည်ညိုဖွယ်တင့်တယ်မှု သပ္ပာယ်မှုကင်းမဲ့ သော ပုံသဏ္ဌာန်မျိုးများကို ထုလုပ် သွန်းလောင်း ရေးခြယ်ခြင်းမှ ရှောက်ကြဉ်ရပေမည် ။ ။                          “ ဥပါသကာ၏ ဂုဏ်ရည် (၁၀ )ပါး ” ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ပုဂ္ဂုလ်တယောက်သည် ဖေါ်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါများနှင့် ပြည့် စုံပါက အဆင့်မြင့် ဥပါသကာ ၊ ဂုဏ်သရေရှိ ဥပါသကာ စစ်စစ်ဖြစ်ပါသည် ။ (၁) ဘုရားရှင်၏ တပြည့်သား သံဃာတော်များနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှခံစားခြင်း ။ (၂) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း ။ (၃) မိမိမှာရှိတဲ့ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြားသုံးစွဲ လှူဒါန်းတတ်ခြင်း ။ (၄) ဘုရားသာသနာ ပျက်စီးမည့်အရေး တွေ့မြင်ပါက သာသနာတော်- ကြီးပွားရာ ကြီးပွားကြောင်း ကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း ။ (၅) အယူဖြောင့်မှန်ပြီး လူပြိန်းတို့လက်ခံသည့် အထူးအဆန်းမင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိအ သက်ကို ပဓာနမထားဘဲ မိမိကိုးကွယ်ရာ ဆရာ (ဘုရား)မှ အယူပျက်သော တိတ္ထိဆရာများကို မိမိ၏ ဆရာအဖြစ် မည်သည့်အခါမျှ မရည်ညွှန်းခြင်း ။ (၆) ကာယကံ ၀စီကံ စောင့်ထိန်းခြင်း ။ (၇) အတူတကွ သာသနာရေး လုပ်ငန်းဆောင်ရွက်နေသော ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီညွတ်စွာ နေထိုင် တတ်၍ အချင်းချင်းအပေါ် ငြူစူမှုကင်းပြီး သာသနာတော်ကို ခုတုံးလုပ်၍ ဟန်ဆောင် ပလွှား ၀ါကြွားမှု မပြုခြင်း ။ (၈) ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ။ (၉) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ။ (၁၀) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ ဖြစ်သည် ။ ။         “ မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ ပူဇော်ရသည့်အကျိုး ” မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ-- “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား ” ဟု  ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည် ၊ ဖြစ်လည်းဖြစ်ရပါမည် ။ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေ စိတ္တေ သမံဖလံ ”ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်ပါသည် ။ “ စိတ္တေ၊ မိမိ၏ စိတ်သည် ၊ (၀ါ) မြတ်စွာဘုရား၏ ရုပ်ပွားတော် ဆင်းတုတော်ကို ပူဇော်ရှိခိုး ကိုးကွယ်ကြသည့် ပုဂ္ဂုလ်၏ စိတ်သည် ၊ သမေ ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် ရုပ်တုဆင်းတုတော်၌ အညီအမျှ ထားနိုင်သည်ရှိသော် ၊ သမံ ဖလံ၊ ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင်ရရှိနိုင်ပါသည်” ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သည် ၊ အဓိကလည်းဖြစ်၏ ။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ ဖြစ်ပေသည် ။ မိမိတို့၏ နေအိမ်များအသီးသီး တွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့်စည်းကမ်းများ ရှိပါသည် ။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ၊ ကိုးကွယ်ထားရမည် (ဘုရားစင်ကို သီးခြားဘုရားခန်းနှင့်စင်မြင့် ၊ ကိုးကွယ်ထားနိုင် မည်ဆိုလျှင် အထူးဆိုဘွယ်ရာမရှိပေ) မိမိအာရုံပြု ပူဇော်လိုသည့်အချိန်တွင် ဘုရားခန်းထဲဝင်၍ ပူဇော် ကိုးကွယ်ရပါသည် ။ ဘုရားစင်ရှေ့ ဒူးထောက် ပေါ်ကား မနေရပေ ၊ မြတ်ဗုဒ္ဓကို အဂါရ၀ ဖြစ်အောင် ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည် ။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည် ။ ဘုရားစင်ရှေ့ထား ပြီး ဆဲဆိုခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသောက်စားခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ ၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် တဦးခံယူပြီး ဗုဒ္ဓဘာသာအသင်းအပင်းနဲ့ ငါမပတ်သက်ချင်ပါ စသော အမင်္ဂလာစကားများ မပြောဆိုမိခြင်းသည် သိပ်အရေးကြီးလှပါသည် ။ မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖေါ်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉)မျိုးကို ရရှိပါသည် ။  (၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း ၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း ၊ ဘုရားကို ကိုင်းညွတ် သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့်ကင်းကွာ မနေခြင်းပင်ဖြစ်သည် ။ (၂) မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည် ၊ (၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ ရှိလာသည် ။ (၄) ကုသိုလ်တရားများ တိုးပွားလာသည် ။ (၅) စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း ၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည် ။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည် ။ (၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည် ။ (၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည် ။ (၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင် အိမ်ကျက်သ ရေ ၊ လူကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည် ။ (၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူတကွနေထိုင်ရသကဲ့သို့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှု ကို ၊ ခံယူရရှိနိုင်ပါသည် ။ ။ 
 
 

ရုန်းရ ကန်ရ ဤဘဝ

Oh! You come to my blog. Welcome....


လေထန်တိုင်းသာ ၊ လွင့်ကြွေပါမူ
ဘယ်မှာပန်းများ ၊ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ၊ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး၊ ကျှန်မည်နည်း။

ကျရှုံးတိုင်းသာ ၊ ငိုရပါမူ
ဘယ်မှာမျတ်ရည် ၊ ကျန်မည်နည်း။

အမှောင်တစ်ဝက် ၊ လင်းတစ်ဝက်နဲ့
တစ်ရက်တစ်ခါ ၊ ကြုံမြဲသာတည်း။

မျက်လှည့်ပမာ ၊ တွေ့မြဲသာတည်း။
ဘ၀သည်ကား ၊ တိုက်ပွဲများပင်
လှုပ်ရှားရသော ၊ လူ့ရွာတောဝယ်
လင်းသော မှောင်သော
အောင်သော ရှုံးသော
မုန်းသော ချစ်သော
သစ်သော ဟောင်းသော
ပူသော အေးသော
နုသော ကြမ်းသော
စောကြောစိတ်ဖြာ မနေပါပေ။
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရ ကန်ရမည် တကား ။

အမြင်မတူတဲ့အတွေးများ

Oh! You come to my blog. Welcome....



 
လူ့ဘဝနဲ့အတွေး။ လူ့ဘဝကိုရလာသူတိုင်း အတွေးဆိုတာရှိစမြဲပါ။ အတွေးကိုအခြေခံပြီး အထက်တန်းစား ဘဝ များသို့ ရောက်ရှိသွားသူများရှိသလို၊ အတွေးကိုအခြေခံပြီး အောက်တန်းစားဘဝများသို့ ရောက်ရှိသွားသူတွေကလဲဒုနဲ့ဒေး။ လူ့ဘဝမှာအရေးပါလှတဲ့ အတွေးဆိုတဲ့အရေးကိစ္စမှာ မှန်ကန်တဲ့အတွေး၊ မှားယွင်းတဲ့အတွေး၊ ဒီအတွေးနှစ်ခု ဘယ်သင်းကိုအရင်စလို့ ဘယ်သင်းကိုနောက်ချပြီး တွေးသင့်တယ်ဆိုတာ တွေးကြည့်ဖို့ပါ။
အဲဒီအတွေးနှစ်ခုကို မစဉ်းစားမီ စဉ်းစားစရာတစ်ခု ဖြစ်လာတာက အတွေးဆိုတာဘာလဲ။ အတွေးကို ဗုဒ္ဓအဘိဓမ္မာ (ဗုဒ္ဓစ်(စ်)ဆိုက်ကိုလိုဂျီ) မှာ “ဝိတက္က” လို့ အသုံးရှိပြီး၊ မြန်မာမှုပြုတော့ “ဝိတက်”၊ မြန်မာလိုအဓိပ္ပါယ်ပြန်တော့ “အတွေး”တဲ့။ “ညကဝိတက်တွေများနေလို့ အတော်နဲ့ကို အိပ်မပျော်နိုင်ဘူး”ဆိုတဲ့ စကားအသုံးအနှုံးကို လူတိုင်းနီးနီးကြားဖူးမှာပါ။ အတွေးမှာ လွတ်လပ်ခွင့်ရှိတယ် ဆိုပေမဲ့လို့ တွေးချင်ရာတွေးလို့တော့မသင့်တော်ဘူး။ ဘာကြောင့်လဲဆိုရင် တွေးတတ်ရင် ကုသိုလ် (စိတ်) ဖြစ်နိုင်ပြီး၊ မတွေးတတ်ရင်တော့ အကုသိုလ်(စိတ်)တွေဖြစ်သွားနိုင်တယ်။ ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့အလေ့အကျင့်မျိုးဆိုတာ အလေ့အကျင့်လုပ်ထားမှဖြစ်နိုင်တာ။ ဒီလိုဆို ကုသိုလ်ဖြစ်အောင် ဘယ်လိုတွေးမလဲ။
ဗုဒ္ဓအဘိဓမ္မာအရဆိုရင် “အတွေး”ကို စိတ်ကဆောင်ရွက်တာမဟုတ်ဘူး။ စေတသိက်ကဆောင်ရွက်တာ။ စိတ်ကတခြား၊ အတွေးကတခြားဆိုတာကို သိထားရမှာပါ။ “တွေးတဲ့”ကိစ္စကို စေတသိက်(၅၂)ပါးထဲမှာပါတဲ့ ဝိတက်ဆိုတဲ့ စေတသိက်က ဆောင်ရွက်တာ။ လူအတော်များများဟာ စိတ်နဲ့ အတွေးကို အတူတူပဲလို့ ထင်မှတ်ထားကြတာ။ အဘိဓမ္မာသဘောအရ အာရုံကိုသိတတ်တဲ့စိတ်ကတစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီးဖြစ်ပေါ်လာတဲ့ စေတသိက်ကတစ်မျိုး ဒါကို ခွဲခြားသိဖို့ပါ။ ထိုနည်းတူစွာပဲ ချစ်စိတ်၊ မုန်းစိတ်၊ မနာလိုစိတ်၊ ဝန်တိုစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်တို့ဆိုရာမှာလဲ အလားတူပဲ ခွဲခြားသိဖို့ပါ။ အကျဉ်းချုပ်မှတ်သားထားသင့်တာကတော့ အတွေးဆိုတာ စေတသိက်တစ်ခုရဲ့အမည်နာမပဲလို့ ရိုးရိုးရှင်းရှင်းလေးပဲ မှတ်ထားဖို့ပါ။

လူတိုင်းလူတိုင်း ဘဝအခက်အခဲတွေကို တွေ့ဖူး၊ ကြုံဖူးကြတာချည်းပဲ။ မတွေ့ဖူး၊ မကြုံဖူးသူရယ်လို့ ဒီလောကမှာ ရှိမှမရှိနိုင်တာ။ လူဆိုတာ ဘဝအခက်အခဲတွေနဲ့ကြုံလာပြီဆိုရင် တစ်စုံတစ်ခုကိုလုပ်ဖို့ တွေးကြတာချည်းပဲ။ “လူဟာ ကြံရင်း သေတယ်၊ ငှက်ဟာပျံရင်းသေတယ်” “လူဟာတွေးရင်းသေတယ်၊ မြင်းဟာပြေးရင်သေတယ်”ဆိုတဲ့ စကားပုံ တွေလဲ ရှိနေတာပဲ။ တွေးတာဟာ လူတွေရဲ့ဓမ္မတာသဘောလို့ဆိုနိုင်ပေမဲ့ လောကအကြောင်းကို တွေးတဲ့အခါမှာ တွေးသင့်တဲ့ အရာရှိသလို၊ မတွေးသင့်တဲ့အရာတွေလဲရှိနေတာပဲ။
မှန်ကန်စွာ တွေးတတ်ရင် မဂ္ဂင်(၈)ပါးမှာပါဝင်တဲ့ သမ္မာသင်္ကပ္ပ (မှန်ကန်သောအတွေး)ဖြစ်လို့ နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်တစ်ခုဖြစ်တယ်။ မှားမှားယွင်းယွင်းတွေးပြီ ဆိုရင်တော့ အဲဒီအတွေးကိုအခြေခံပြီး ထင်ရာစိုင်းတတ်ကြတယ်။ အဲဒီထင်ရာမြင်ရာစိုင်းတဲ့အမှုက အပါယ်လေးပါးထိ ကျသွားနိုင်တယ်။
သာသနာသမိုင်းမှာထင်ရှားလှတဲ့ ဒေဝဒတ်ရဲ့အတွေးမျိုးကိုဒီနေရာမှာ နမူနာအဖြစ် ထုတ်ပြချင်တယ်။ မဖြစ်စလောက်လေး သူရထားတဲ့တန်းခိုးကို အဟုတ်ကြီးထင်ပြီး သူ့ကိုယ်သူစိတ်ကြီးဝင်ခဲ့တယ်။ တန်းခိုးရှင်ဖြစ်တဲ့ ဘုရားကိုသတ်ပြီး သူကိုယ်တိုင်ဘုရားလုပ်မယ် ဆိုတဲ့အတွေး။ ကိုယ်တွေးတဲ့အတွေးကို “မှားတယ်၊ မှန်တယ်” ပြန်လှန် မတွေးနိုင်တော့ သူဒုက္ခရောက်တာပေါ့။ အတွေးနောက်စိတ်ပါပြီး မလုပ်သင့်တာတွေကိုလုပ်ခဲ့တယ်။ မှားယွင်းတဲ့ အတွေးကိုအခြေခံပြီး မလုပ်သင့်၊ မလုပ်ထိုက်တာတွေကို လုပ်ခဲ့တဲ့အတွက်ကြောင့် ငရဲမှာကျပြီး ဆင်ရဲဒုက္ခတွေကို ခံစားရတော့တယ်။ ဒါကြောင့် အတွေးစိတ်ဆိုတာ ဒီလောက်အရေးမကြီးဘူးလို့ ထင်ရပေမဲ့ မတွေးတတ်ရင် ငရဲထိ ကျသွားနိုင်တယ်ဆိုတာကို သတိပြုနိုင်ဖို့ပါ။
အတွေးက နှစ်မျိုးနှစ်စားရှိနိုင်တယ်။ အဲဒီနှစ်မျိုးကတော့
(၁) မှားယွင်းတဲ့အတွေး၊
(၂) မှန်ကန်တဲ့အတွေး-နှစ်မျိုးပါ။
တွေးစိတ်မှာ အစွမ်းသတ္တိတွေပါဝင်တယ်။ မှားယွင်းတဲ့အတွေးမှာ အပြစ်တွေပါဝင်နေတယ်၊ ထိုအပြစ်တွေက ဆင်းရဲတဲ့အကျိုးကိုပေးတယ်။ မှန်ကန်တဲ့အတွေးမှာ အပြစ်ကင်းစင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေတယ်။ အဲဒီဂုဏ်သတ္တိတွေက ကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်။ ကိုယ့်ကိုယ်လိုလဲ မေးကြည့်ပါ။ လူ့ဘဝမှာနေရတုံးခဏလေးမှာ ဘယ်လို အတွေးမျိုးနဲ့နေမှာလဲ။ မှားယွင်းတဲ့ အတွေးနဲ့နေမလား၊ မှန်ကန်တဲ့အတွေးတွေနဲ့နေမလား။ You သဘောပါ။ လောက သဘောအရ မှန်ကန်တဲ့အတွေးဟာ မှားယွင်းတဲ့အတွေးထက်ပိုပြီ အရင်ဖြစ်သင့်တယ်လို့ထင်ရပေမဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ လမ်းညွှန်တဲ့အခါမှာ အမှန်လုပ်ဖို့ထက် အမှားမလုပ်ဖို့ကို အရင်ညွှန်ပြတယ်။ လိုက်ရမဲ့ လမ်းထက် မလိုက်ရမဲ့လမ်းကို အရင်ညွှန်းပြတယ်။
ဓမ္မစက္ကပဝတ္တနသုတ်မှာ အစွန်း(၂)ပါးဖြစ်တဲ့ မလိုက်သင့်တဲ့လမ်းကို အရင်ညွှန်ပြပြီး၊ လိုက်သင့်တဲ့ မဇ္ဈိမပဋိပဒါလမ်းကိုတော့ နောက်မှညွှန်ပြထားတာကိုတွေ့ရတယ်။ မင်္ဂလသုတ်မှာလည်း အသေဝနာ စ ဗာလာနံ (လူမိုက်ကို မပေါင်းရဘူး)ဆိုတဲ့ မလုပ်သင့်တဲ့အရာကို အရင်ညွှန်ပြပြီး၊ ပဏ္ဍိတာနဉ္စ သေဝနံ (ပညာရှိကို ပေါင်းရမယ်)ဆိုတဲ့ လုပ်သင့်တဲ့အရာကို နောက်မှညွှန်ပြထားတာကို တွေ့ရတယ်။ သဘာဝကျပါတယ်။ လိုက်ရမဲ့လမ်းကို မလိုက်ရင် အဆင်မပြေရုံပဲရှိမယ်။ ဒုက္ခတော့ မရောက်နိုင်ဘူး။ မလိုက်ရမဲ့လမ်းကို လိုက်မိရင်တော့ အဆင်လဲမပြေနိုင်ဘူး။ အကြီးအကျယ်လဲဒုက္ခရောက်သွားနိုင်တယ်။
အဖေကိုသတ်ခဲ့မိတဲ့ အဇာတသတ်မင်းသားလေးရဲ့ ဖြစ်အင်ကို ကြည့်နိုင်တယ်။ အဇာတသတ်မင်းသားဟာ တကယ်တော့ သူတော်ကောင်းလေးပါ။ မပေါင်းသင်း၊ မပေါင်းထိုက်တဲ့လူကို ပေါင်းသင်းမိလို့ သူ့ဘဝမှာ ပေးဆပ်လို့မကုန်နိုင်တဲ့အမှားတွေကို လုပ်ခဲ့မိတယ်။ ဒါဟာ သင်ခန်းစာယူသင့်တဲ့အချက်ပဲ။ အတွေးမှားရင် အယူမှားတတ်တယ်၊ အယူမှားရင်တော့ အလုပ်ပါမှားတတ်တာမို့ စနစ်တကျတွေးတတ်အောင် လေ့ကျင့်သင်ယူထားဖို့ပါ။ တွေးတတ်ရင် ချမ်းသာမယ်။ မတွေးတတ်ရင် ဆင်းရဲမယ်။ ဒါဟာ သီအိုရီပဲ။
အဘိဓမ္မာသဘောနဲ့နှီးနှောပြီးပြောရရင် အတွေးဆိုတာ အမျိုးမျိုးရှိနိုင်သေးတယ်။ လောဘနဲ့တွေးတဲ့အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေး၊ မာနနဲ့တွေးတဲ့အတွေး၊ မေတ္တာနဲ့တွေးတဲ့အတွေး၊ ကရုဏာနဲ့တွေးတဲ့အတွေး-စသည်ဖြင့် အတွေးပေါင်း ထောင်သောင်းမကရှိနိုင်တယ်။ ကိုယ်တွေးချင်သလို တွေးလို့ရတယ်။ ဒါပေမဲ့ တွေးတတ်ရင် သက်သာ တာပေါ့။
လောဘနဲ့တွေးရင် လောဘတွေးပေါ့။ လောဘအတွေးဆိုတာ လောဘစေတသိက်နဲ့ယှဉ်တွဲနေတဲ့ အတွေးကိုပြောတာ။ ဒေါသအတွေးဆိုတာ ဒေါသစေတသိက်နဲ့ယှဉ်တွဲနေတဲ့ အတွေးကိုပြောတာ။ ဒီလောက်ဆိုရင် အတွေးသရုပ်ကို မှန်းဆနိုင်ပြီပေါ့။ လောဘနဲ့တွေးတွေး၊ ဒေါသနဲ့တွေးတွေး၊ ဒီအတွေးမျိုးတွေကို အဘိဓမ္မာရှုထောင့်က ကြည့်ရင် မကောင်းတဲ့အတွေးလို့ပဲ ပြောရမှာပဲ။ ဒါပေမဲ့ တချို့က ဒီလိုအတွေးမျိုးတွေကိုတွေးတာ ကောင်းတယ်လို့ Debate (စကားစစ်ထိုးခြင်း၊ စကားရည်လုခြင်း) လုပ်လိုကြတယ်။
“လောဘနဲ့တွေးပြီး အလုပ်လုပ်တော့ စီးပွားတွေပိုဖြစ်ထွန်းတယ်၊ ပိုမိုအောင်မြင်တယ်”လို့ ထင်တတ်ကြတယ်။ မှန်သင့်သလောက်မှန်ပါတယ်။သို့သော် လောဘဇောတိုက်ပြီးရှာထားတဲ့ စီးပွားဥစ္စာတွေဖြစ်နေလေတော့ ချမ်းသာကြွယ်ဝမှုရဲ့နောက်ကွယ်မှာ ပူစရာ၊ ပင်စရာတွေကအများကြီးရှိနေတတ်တယ်။ ဒီအခြေအနေမျိုးမှာ အောင်မြင်မှုကြောင့် သွေးနားထင်ရောက်နေတတ်ပြီမို့ အတ္တကြီးစိုးတဲ့မာနတွေ၊ ဒေါသတွေ၊ မောဟတွေ၊ ဣဿာမစ္ဆရိယတွေက ထိုသူရဲ့နှလုံးသားထဲကို တန်းစီပြီးဝင်လာတယ်။ အတ္တတရားတွေ၊ မာနတရား တွေကြောင့် ထိုသူရဲ့စီးပွားဥစ္စာတွေ မပျက်စီးသင့်တဲ့အချိန်မှာပဲပျက်စီးရတတ်တယ်။ ဒီလိုဖြစ်ရတာဟာ ထိုသူရဲ့သန္တာန်မှာ ရှိနေတဲ့ အတ္တတွေ၊ မာနတွေ၊ ဒေါသတွေကြောင့် ဖြစ်ရတယ်ဆိုတာ အဖြေကရှင်းနေတာ။ ကိုယ်ပိုင်လွတ်လပ်တဲ့အတွေးနဲ့ ကိုယ်တိုင်ဆင်ခြင်နိုင်ဖို့ပါ။
အတ္တပါတဲ့အတွေး၊ မာနပါတဲ့အတွေး၊ ဒေါသပါတဲ့အတွေးမျိုးတွေဆိုတာ စိတ်ကိုပူလောင်စေတယ်။ ဣဿာ မစ္ဆရိယပါတဲ့အတွေးမျိုးကတော့ စိတ်ကိုပင်ပမ်းစေတယ်။ မေတ္တာစိတ်နဲ့တွေးတဲ့ အတွေးမျိုးကြတော့ စိတ်လဲချမ်းသာတယ်။ ကျေလဲကျေနပ်စရာကောင်းတယ်။ မေတ္တာစိတ်နဲ့နေနိုင်ပြီဆိုရင်တော့ လောကကြီးတစ်ခုလုံးဟာ အလှတရားတွေချည်း ဖြစ်နေတာ။ ဘဝမှာအေးအေးချမ်းချမ်းနဲ့နေချင်သူများဟာ မေတ္တာစိတ်နဲ့နေဖို့ပါ။ ဝမ်းသာပီတိမျိုးနဲ့ နေချင်ရင်တော့ မုဒိတာစိတ်နဲ့နေဖို့ပါ။ တည်တည်ငြိမ်ငြိမ်ဘဝမျိုးလေးကို မြတ်နိုးတယ်ဆိုရင်တော့လဲ ဥပေက္ခာနှလုံးသားမျိုးနဲ့ နေတတ် ဖို့တော့လိုတာပေါ့။
တစ်ခုတော့သတိပေးပါရစေ။ တွေးတဲ့အခါမှာ အတွေးတွေ မရောထွေးဖို့လဲ အရေးကြီးတယ်။ အတွေးတွေက ရောထွေးလာပြီဆိုရင် အမှားကိုအမှန်ထင်၊ အမှန်ကိုလဲအမှားထင်တတ်တယ်။ မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းတဲ့အတွေးတစ်ခုကို လက်ခံမိရာက ကြီးမားတဲ့အမှားကြီးကို ယုံကြည်သွားတာကိုပြောတာ။ ဒါကြောင့် မိမိယူထားတဲ့ အယူဝါဒတစ်ခု (သို့မဟုတ်) မိမိယုံကြည်ထားတဲ့ယုံကြည်မှုတစ်ခု ကြီးထွားလာပြီဆိုရင်တော့ စာနဲ့ပေနဲ့တိုက်ဆိုင် ကြည့်ဖို့တော့ လိုလိမ့်မယ်။ တိုက်ဆိုင်ကြည့်တော့ အမှားနည်းတာပေါ့။
ဥပမာလေးတစ်ခုကိုပြောပြမယ်။ လောဘစိတ်ဆိုတာ လိုချင်တဲ့ အကုသိုလ်စိတ်လို့ ကြားဘူးထားတော့ နိဗ္ဗာန်ကိုလိုချင်တာ၊ တရားကိုလိုချင်တာ၊ စာပေတွေတတ်ချင်တာ၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်းဥစ္စာများကိုလိုချင်တာ-စတဲ့ ဒီလိုချင်မှုမျိုးတွေဟာ အကုသိုလ်တရားတွေလို့ အထင်ရှိနေ တတ်ကြတယ်။ အထင်မမှားစေချင်ဘူး။ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဒီအတွေးမျိုးတွေကို အထင်မမှား စေချင်၍ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်(နှာ ၂၄)မှာ မေတ္တာစိတ်နဲ့ ရေးသားဖေါ်ပြထားတယ်။ မုဒိတာစိတ်နဲ့ဖတ်ရှုဖို့ပါ။
“လိုချင်မှုသဘောသည် လောဘတည်း။ “လိုချင်”ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘဟုဆိုသည်။ နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများကိုပေးကမ်းလို၍ ပစ္စည်းကို လိုချင်မှု-စသော ကောင်းသောအရာ၌ လိုချင်မှုမျိုးကား လောဘမဟုတ်။ ဆန္ဒ (ကုသလစ္ဆန္ဒ) သဘောသာဖြစ်ပေသည်” ဟု အတွေးမှားနေသူများကို အတွေးမှန်ဖို့ထောက်ပြတော်မူခဲ့တယ်။ အတွေးနဲ့စပ်ပြီး ဆင်ခြင်သင့်တဲ့အရာမျိုးတွေကို ဆင်ခြင်နိုင်ကြပါစေ။
တွေးတယ်ဆိုတာ တစ်ဦးတစ်ယောက်အတွက် (သို့မဟုတ်) တစ်စုံတခုအတွက် တစ်ခုခုကိုပြုလုပ် ပေးလို၍ကြောင့်ကြစိတ်နဲ့တွေးတာမျိုးလဲ ရှိတတ်ပါတယ်။ ပြုလုပ်နိုင်စွမ်းမရှိပဲနဲ့ တောင်မြောက်လေးပါး၊ ထွေရာလေးပါးကို တွေးတဲ့အတွေးမျိုးတွေလဲ ရှိနေတတ်ပါသေးတယ်။ အတွေးဋီကာချဲ့ရင်တော့ အတွေးသံသရာ ရှည်ရုံပဲရှိမှာပဲ။
အများအတွက် တစ်စုံတစ်ခုကိုပြုလုပ်ပေးချင်လို့ တွေးတဲ့အတွေးမျိုးကတော့ ဘုရားရဟန္တာများတောင် မကင်းနိုင်ဘူးတဲ့။ သိဒ္ဓတ္ထဘုရားလောင်း ဗောဓိပင်ရင်းမှာဘုရားဖြစ်ပြီးတဲ့နောက် သူရရှိထားပြီးတဲ့တရားတော်များကို အပြန်အလှန် ဆင်ခြင်ကြည့်တော်မူတယ်။ “ငါဘုရားသိထားတဲ့ တရားတော်တွေဟာ အလွန်ကိုသိမ်မွေနက်နဲတယ်။ သိနိုင်ဖို့၊ မြင်နိုင်ဖို့ဆိုတာ ပုထုဇဉ်တွေအတွက်အလွန်ခက်ခဲလိမ့်မယ်။ ကြံစည်စဉ်းစားရုံမျှနဲ့လဲ ဥာဏ်မှာမထင်နိုင်တဲ့တရားမျိုး။ အာရုံများတဲ့ (အတွေးများတဲ့) ပုထုဇဉ်တွေကို တရားဟောလဲ ပင်ပမ်းရုံပဲရှိလိမ့်မယ်။ တရားမဟောပဲကြောင့်ကြမဲ့နေပြီး တရားချမ်းသာနဲပဲနေရတာ ကောင်းလိမ့်မယ်ထင်တယ်”လို့ အကြံဖြစ်တော်မူတယ်။ ဆိုလိုတာက မြတ်စွာဘုရား ဒီအတွေးကိုတွေးမိတယ်။ မြတ်စွာဘုရားဒီလိုတွေးနေတာကို သဟမ္ပတိဗြဟ္မာကြီးကသိနေတယ်။ “ဒုက္ခပဲ၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ တရားမဟောပဲနေခဲ့ရင် လောကကြီးတော့ပျက်စီးတော့မှာပဲ”လို့ တွေးမိပြီး လူ့ပြည်ကို ချက်ချင်းပဲဆင်းလာတယ်။ ဘုရားကိုဖူးမျှော်ပြီး တရားမဟောဘဲ မနေဖို့ လျှောက်ထားတယ်။
ဘုရားရှင်ရဲ့စိတ်အကြံအစည်ကိုသိထားတဲ့ဗြဟ္မာကြီးဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး တရားမဟောပဲ နေခဲ့ရင် ဆိုတဲ့အတွေးကရှိနေသေးတာမို့ တရားဟောဖို့ အကြောင်းခိုင်လုံအောင် အတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာနဲ့ မြတ်စွာဘုရားကို အမှတ်ရစေတယ်။
 “အရှင်ဘုရား သတိတရားရတော်မူပါ၊ အရှင်ဘုရားသုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာ ဘုရားဆုကို ပန်ယူခဲ့စဉ်အခါက “ငါသာ သစ္စာလေးပါးတရားကို ထိုးထွင်းသိခဲ့ မယ်ဆိုရင် သတ္တဝါတွေကိုလဲ သိစေမယ် (ဗုဒ္ဓေါ ဗောဓေယျ)ံ။ ငါသာ သံသရာအနှောင်အဖွဲ့မှ လွတ်မြောက်ခဲ့မယ်ဆိုရင် သတ္တဝါတွေကိုလည်း လွတ်မြောက်စေမယ် (တိဏ္ဏော တာရေယျံ)။ ငါသာ မွန်းကျပ်နေတဲ့ဆင်းရဲဒုက္ခတွေမှ လွတ်မြောက်ခဲ့ မယ်ဆိုရင် သတ္တဝါတွေကိုလည်း လွတ်စေရမယ် (မုတ္တော မောစေယျံ)”လို့ အရှင်ဘုရား ကြွေးကြော်ခဲ့ဘူးသည်ကို အမှတ် ရတော်မူပါဘုရား”တဲ့။
 ဗြဟ္မာကြီးဟာ ဘုရားတရားမဟောပဲနေမှာစိုးလို့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းအလွန်ကစကားကို ဘုရားရှင်အားပြန်ပြီးအမှတ်ရစေတာ။ ဗြဟ္မာကြီးက ဝေနေယျသတ္တဝါတွေအတွက် ဘုရားတရားမဟောမှာကို စိတ်ပူလို့ လျှောက်ထားနေခြင်းပါ။ တကယ်တော့ ဘုရားရှင်များဟာ ပါရမီတော်တွေကို ပင်ပင်ပမ်းပမ်းဖြည့်ကျင့်ခဲ့တာဟာ သတ္တဝါတွေအတွက်ပါ။ သတ္တဝါတွေကို တရားဟောနိုင်ဖို့ ဘုရားတစ်ဆူမှာရှိသင့်ရှိထိုက်တဲ့ အရည်အသွေးမျိုးတွေရှိ လာအောင် ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့တာပါ။ သတ္တဝါတွေအပေါ်မှာထားရှိတဲ့ ဘုရားလောင်းများရဲ့မွန်မြတ်တဲ့ စိတ်ထားကို သိစေဖို့ပါ။
တကယ်တော့ လူတိုင်းလူတိုင်း အများအကျိုးရှိစေမဲ့ အလုပ်မျိုးကို ဆောင်ရွက်ပေးလိုတဲ့အတွေးမျိုးတွေ အနဲဆုံး တစ်ကြိမ်တခါလောက်တော့ ဖြစ်ခဲ့ဖူးကြမှာပါ။ အကြောင်းမညီညွတ်တာရယ်၊ ဆန္ဒတွေနည်းသွားတာရယ်၊ အုပ်ချုပ်သူ လူတန်းစားတွေကို မကျေနပ်တာရယ်၊ အတ္တဖက်မှာ အလေးသာသွားတာရယ် … စတဲ့အကြောင်းတွေကြောင့် မူလရည်ရွယ် ချက်တွေ ပျက်ပြယ်ခဲ့ကြတယ်။
အတိတ်ကဖြစ်ရပ်လေးတွေကို ပြန်ပြောခွင့်ပေးပါ။ နိုင်ငံခြားကို ပညာလာသင်ကြတဲ့ ကျောင်းသားအားလုံးနီးနီးသာ တိုင်းပြည်က မထွက်ခွါခင်မှာတော့ “ငါသာ ခေတ်မှီပညာရပ်တွေကို နိုင်ငံခြားမှာ သင်ကြားခွင့်ရခဲ့မယ်ဆိုရင် ငါ့တိုင်းပြည်၊ ငါ့လူမျိုးတွေကိုလဲ ဒီခေတ်မှီပညာရပ်တွေနဲ့ တိုင်းပြည်တိုးတက်အောင် ငါပြန်လည်ပြုလုပ်ပေးမယ်။ ငါသာ လုံခြုံမှုမရှိတဲ့ဘဝအနှောင်အဖွဲ့တွေမှ လွတ်မြောက်ခဲ့မယ်ဆိုရင် ငါ့တိုင်းပြည်၊ ငါ့လူမျိုး တွေကိုလဲ ဘဝအနှောင်အဖွဲ့ဘေးတွေမှ လွတ်မြောက်အောင် ငါကူညီပေးမယ်။ ငါသာ ငတ်မွတ်ကျပ်တည်း ဆင်းရဲနွမ်းပါး တဲ့ဘေးတွေမှ လွတ်မြောက်ခဲ့မယ်ဆိုရင် ငါ့တိုင်းပြည်၊ ငါ့လူမျိုးကိုလဲ ဆင်းရဲနွမ်းပါးတဲ့ဘေးမှ လွန်မြောက်အောင် ငါဆောင်ရွက်ပေးမယ်” တဲ့။
ဒါဟာ အဲဒီအချိန်တုံးကတော့ တကယ်ကို စစ်မှန်တဲ့စေတနာနဲ့တွေးတဲ့ အတွေးတွေဖြစ်မှာပါ။ ဒါပေမဲ့ ဒီအတွေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အတိတ်မှာကျန်ရစ်ခဲ့ပြီ။ နေပြည်တော်လည်း မျှော်လေတိုင်း ဝေးခဲ့ရပြီ။ ဖြစ်ပျက်ခဲ့တဲ့အတွေးပုံရိပ်လေးတွေက လွမ်းချင်ဖွယ်ရာတွေဖြစ်ခဲ့ရပြီ။ ဒီအတွေးမျိုးတွေကို ကံရှုထောင့်ကနေ ကြည့်ပြီး သုံးသပ်မယ်ဆိုရင်တော့ ပြည့်သူတွေကပဲ ကံဆိုးတာလား၊ ကူညီချင်သူတွေကပဲကံဆိုးတာလား အတွေးနယ် ချဲ့ရန် ခက်လှပါဘိ။
ပြောချင်တာရှိတာလေးတွေကိုပြောနေရင်း စာကအတော်ရှည်သွားပြီး။ ဒီတော့လဲ တွေးလက်စ အတွေးများကိုလဲ ရပ်တန့်ရတော့မည်။ ရေးလက်စစာကြောင်းများကိုလဲ အကျဉ်းချုံရပေတော့မည်။ ဒါပေမဲ့ တွေးလက်စအမြင်လေး တစ်ခုတော့ ကျန်နေသေးတယ်။ ပြောလက်စရှိနေပြီမို့ ဒါလေးတစ်ခုကိုတော့ ပြောခွင့်ပြုပါ။
လောကမှာ လူသား အားလုံးဟာ ဥာဏ်အရည်အချင်းချင်းလဲမတူ။ ကြီးပျင်းလာခဲ့ရတဲ့ ဘဝအခြေအနေခြင်းလဲမတူ။ စိတ်ဝင်စားတာခြင်းလဲ မတူ။ အမြင်ခြင်းလည်းမတူကြတော့ အတွေးချင်းတူဖို့ဆိုတာ မလွယ်နိုင်ဘူး။ အတွေးတွေကို တူညီအောင် ညှိဖို့ ဆိုတာကလဲ ဘယ်လိုနည်းနဲမ မဖြစ်နိုင်ဘူး။ ဒါကိုတော့ လူတိုင်းနားလည်ကြမှာပါ။ ဒါပေမဲ့ တူညီနေတာလေး တစ်ခုတော့လဲ ရှိနေသေးတယ်။ အဲဒါကတော့ လူတိုင်းတွေးတယ် ဆိုတဲ့အချက်ပဲ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ…။

Website များစုစည်းရာ

This summary is not available. Please click here to view the post.