LOAD HTAR PAR

Showing posts with label Google Earth. Show all posts
Showing posts with label Google Earth. Show all posts

Monday, February 20, 2012

ရွှေတိဂုံစေတီတော်မြတ်ကြီးကို Google Earth ကနေ 3D ပုံစံနဲ့ ဖူးကြရအောင်

Oh! You come to my blog. Welcome....

          ဒီနေ့ ပျင်းပျင်းရှိတာနဲ့ မြန်မာနိုင်ငံကို Google Earth ကနေကြည့်နေရင်း ရွှေတိဂုံစေတီတော်ကြီးကို 3D နဲ့ တွေ့လိုက်ရလို့ ပိုစ့်တင်ပေးလိုက်ပါတယ်။  Google Earth ကတော့ Google Chrome သုံးတဲ့ Browser ဆိုရင် plug-in လုပ်လိုက်တာနဲ့ တစ်ခါထည်း သုံးလို့ရပြီးတော့ သပ်သပ်ကြီး install လုပ်စရာမလိုပါဘူး။  ကဲ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးလိုက်ကြရအောင်….


အနီးကပ် zoom ဆွဲကြည့်နိုင်သလို


ခပ်လှမ်းလှမ်းကနေလည်း ကြည့်လို့ရပါတယ်...

 အရှေ့ဖက်မုဒ်မှ မြင်ကွင်း


 မြောက်ဖက်မုဒ်မှ မြင်ကွင်း

တောင်ဖက်မုဒ်မှ မြင်ကွင်း 

 အနောက်ဖက်မုဒ်မှ မြင်ကွင်း...
                ကျန်တဲ့ နိုင်ငံတွေမှာတော့ တိုက်ကြီးတွေ၊ ဘောလုံးကွင်းကြီးတွေ၊  ရဲတိုက်ကြီးတွေ၊ စသည်အားဖြင့် ထင်ရှားတဲ့ နေရာတွေကို 3D နဲ့မြင်နေရပြီဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ ရွှေတိဂုံ စေတီတော်ကြီး တစ်ဆူသာ 3D နဲ့ မြင်တွေ့ရပါတယ်။  ပုပ္ပါးတောင် ကလပ်၊ ကျိုက်ထီးရိုးစေတီတော် စတာတွေကို လိုက်ရှာကြည့်ပေမယ့် 3D ပုံစံနဲ့ မတွေ့ရသေးပါဘူး။   နောက်ထပ်တွေ့ရင်လည်း တင်ပေးပါဦးမယ် ခင်ဗျား။