LOAD HTAR PAR

Showing posts with label Ex. Show all posts
Showing posts with label Ex. Show all posts

Saturday, January 21, 2012

အကြားအမြင်ပေါက်စေသော ပါရှားမဟိဒ္ဓိပညာ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...


ဒီကျင့်စဉ်ကို ပေါက်မြောက်အောင်မြင်အောင် လေ့ကျင့်မယ်ဆိုရင်တော့ အဲဒီလူဟာ ဗေဒင်တွေ ဘာတွေ ဘာမှ တတ်ဆရာမလိုဘူး။ ဘာတွက်နည်း ညာတွက်နည်းတွေ ဘာမှ တွက်တတ် ချက်တတ်ဖို့ မလိုတော့ဘူ။ မျက်လုံးကလေး မှိတ်လိုက်တာနဲ့ အလိုလိုနေရင်း အာရုံထဲမှာ လူတွေရဲ့ အနာဂါတ်ကို ရုပ်ရှင်ကြည့်နေရသလို ပေါ်လာမယ်။ လူတစ်ယောက်က တစ်စုံတစ်ရာလာ မေးမယ်ဆိုရင် မျက်လုံး ကလေးမှိတ်လိုက် အာရုံပြုလိုက်တာနဲ့ အကုန်လုံးသိပြီး ပြောပြနိုင်မယ်။
လူတစ်ယောက်က ရာထူးတက်မတက် လာမေးမယ်ဆိုပါတော့။ အဲဒီလူကို ကိုယ့်ရှေ့မှာ ထိုင်ခိုင်းပြီး မျက်လုံးလေးမှိတ်လိုက်။ ပြီးရင် ရာထူးတက်မလား၊ မတက်ဘူးလား။ အာရုံပြုလိုက်တာနဲ့ ကိုယ့်ရဲ့ အာရုံထဲမှာ ပေါ်လာတယ်။ ကိုယ်က တန်းပြောလိုက်ရုံပဲ။ နောက်တစ်ခု တစ်စုံတစ်ယောက်က ကိစ္စတစ်ခုအတွက် ယတြာ လာတောင်းတယ် ဆိုကြပါစို့။ ကိုယ်က သူ့ရဲ့ ကိစ္စအတွက် ယတြာပေးပါလို့ အာရုံပြုပြီး ကြည့်လိုက်တာနဲ့ သူ့ရဲ့ကိစ္စ အတွက် ဘာယတြာ ဆောင်ရွက်ရမယ် ဆိုတာ ပေါ်လာမယ်။ ကိုယ်က လုပ်ခိုင်းလိုက်ရုံပဲ။ သူကလည်း ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်မယ်ဆိုရင် သေချာပေါက် အောင်မြင်မယ်။
ကျွန်တော်တို့ရဲ့ ဆရာဖြိုးဟာဆိုရင် ဒီပညာရပ်နဲ့ ဒီကျင့်စဉ်ရဲ့ ထူးခြားမှု့တွေကို ကောင်းကောင်း သိနားလည်ခဲ့တယ်။ ပြီးတော့ ဆရာဖြိုးရဲ့ ဘ၀မှာ ဒီပညာရပ်နဲ့ လက်တွေ့အသုံးချခဲ့ပါသည်။အခု အကြားအမြင်ဆရာ ၊ဆရာမတွေလည်း ဒီနည်းကိုအသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။
အခု ဒီကျင့်စဉ်အကြောင်း စတင်ပြောပြပါတော့မယ်။
အရင်ဆုံး ဒီကျင့်စဉ်ကို စတင်ကျင့်ဖို့အတွက် ရက်ရွေးချယ်ရမယ်။ ဘယ်နေ့မှာ စပြီး ကျင့်မလဲပေါ့။ အဲဒီရက်ကို သိရဖို့အတွက်ကတော့ ကိုယ့်နာမည်ကို အင်္ဂလိပ် ဂဏန်းဗေဒင်နည်းနဲ့ တွက်ချက်ပြီး စတင်ကျင့်ရမဲ့ ရက်ကို ရှာယူရမယ်။
အဲဒီလို ရှာယူဖို့အတွက် A.B.C.D တွေကို အရင်ဆုံး တန်ဖိုး သတ်မှတ်ထားပြီး မှတ်ထားရမယ်။
A , I , J, Q , Y, X……………. (၁)
B , K , R ………………………. (၂)
C , G . L , S…………………… (၃)
D , M , T ………………………. (၄)
E , H , N……………………….. (၅)
U , V , W…………………….. (၆)
O , Z…………………………….(၇)
F , P…………………………….(၈)
အဲဒါတွေကို အရင်ဆုံး မှတ်မိအောင် မှတ်ထားရမယ်။
ဟုတ်ပြီ။ နောက်တစ်ဆင့် တက်ရအောင်နော်။ အဲဒါတွေ သိပြီဆိုရင် ဘယ်လို တွက်ရမလဲဆိုတော့ ကိုယ့်နာမည် ကို အင်္ဂလိပ်လို ချရေးရမယ်။ ပြီးရင် အင်္ဂလိပ်အက္ခရာတွေကို ဂဏန်းတန်ဖိုးနဲ့ ချရေးပြီး ၊တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ… ထက်အောင်လှိုင် ဆိုပါတော့။ တွက်ကြည့်ရအောင်။
ထက်အောင်လှိုင် = HTET AUNG HLAING
5+4+5+4 = 18
1 + 6 + 5 + 3 = 16
5 + 3+ 1+ 1 + 5+ 3 = 18
18 + 16 + 18 =52 = 7 အဲဒီလို တွက်ကြည့်ရပါမယ်။
နောက်ဆုံး တစ်လုံးထဲ ရတဲ့အထိ တွက်ကြည့်ရမယ်။ တွက်ကြည့်ပြီးပြီဆိုရင် ဂဏန်းနဲ့ သက်ဆိုင်တဲ့ နေ့တွေ ရှိတယ်။ အဲဒါကို တတိယအဆင့်လို့ မှတ်ထားလိုက်ဗျာ။
(၁+၄) ရတဲ့ လူက ……………… တနင်္ဂနွေနေ့။
(၂+၇) ရတဲ့လူက ………………..တနင်္လာနေ့။
(၉) ရတဲ့လူက……………………..အင်္ဂါနေ့။
(၅)ရတဲ့လူက………………………ဗုဒ္ဓဟူးနေ့။
(၃)ရတဲ့လူက…………………….. ကြာသပတေးနေ့။
(၆) ရတဲ့လူက……………………..သောကြာနေ့။
(၈)ရတဲ့လူက……………………..စနေနေ့။ကျင့်ရမယ်။ ဒါကတော့ စကျင့်ရမယ့်နေ့ပဲ။ ရက်ကတော့ လဆန်းရက်ရဲ့ ပထမ ရက်သတ္တပါတ်အတွင်းမှာ ပါဝင်ရမယ်။
ကဲ…ကျင့်စဉ်ကို ဘယ်လိုကျင့်မလဲ… ကိုယ်ရွေးချယ်လို့ ရတဲ့ နေ့ ညဘက် သန်းခေါင်ကျော်ရင် အိမ်အပြင်မှာ ကျင့်ရမယ်။ အမိုး လုံးဝမရှိတဲ့နေရာမှ လေ့ကျင့်ရမယ်။ အနောက်စူးစူးကို မျက်နှာမူပြီး မျက်စိမှိတ်ပြီး ထိုင်ရမယ်။ ထိုင်တာကတော့ တင်ပျဉ်ခေါချိတ်ပြီး ထိုင်ရင် အကောင်းဆုံးပါပဲ။ ထိုင်နေတဲ့ ပါတ်ဝန်းကျင်မှာ အမွှေးတိုင် ထွန်းထား၇မယ်။ ထွန်းရမဲ့ အရေအတွက်ကတော့ မိမိနာမည်နှင့် တွက်ပြီး ရတဲ့ ဂဏန်းအရေအတွက်တိုင်းပဲ ထွန်းပါ။
အဲဒီလို ထိုင်နေရင်း ကြာလာတော့ မျက်စိထဲမှာ မီးရောင်လက်သလိုလို ၊ လက်နှိပ် ဓါတ်မီးနဲ့ ထိုးလိုက်သလိုလို ခံစား၇မယ်။ ကြက်သီးတွေ ထလာမယ်။ မည်းခနဲ မှောင်ခနဲ အရိပ်ကျလာသလို ဖြစ်လာမယ်။ မကြောက်ပါနဲ့။ နောက် ဘာဆက်လုပ်ရမယ်ဆိုတာ အဲဒီ ကျင့်စဉ်ကို ကျင့်နေရင်းနဲ့ သင်ကြားပြသပေးမယ့် ဆရာတွေ ရောက်လာပါလိမ့်မယ်။
တစ်ယောက်နဲ့ တစ်ယောက်တော့ အောင်မြင်ပေါက်မြောက်တာ မတူပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့၏ ဆရာသခင်ဖြစ်တဲ့ ဆရာဖြိုးက မှာခဲ့တာကတော့ တစ်နေ့ တစ်နာရီလောက် ပုံမှန်လေး လေ့ကျင့်ပါကွာတဲ့။ ရက်မပျက်ပဲ သေသေချာချာချာ လေ့ကျင့်မယ်ဆိုရင် ရက်ပေါင်း(၆၀) ၂-လအတွင်း ပေါက်မြောက် အောင်မြင်ပါတယ်ကွာလို့ ပြောထားခဲ့ဘူးကြောင်းနှင့် စာဖတ်သူများ လက်တွေ့ ကြိုးစားလေ့ကျင့်ပါက ဘ၀လမ်းခရီးတွင် အရေးကြုံ သက်လုံကောင်းစေ ဆိုသကဲ့သို့ လိုရာဆန္ဓပြည့်ဝကြပါစေကြောင်း စေတနာကာင်းဖြင့် ရေးသားဖော်ပြလိုက်ရပါသတည်း။

စိတ်ကိုထိန်းချုပ်နည်းများ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

ကျွန်ုပ်တို့ ပုထုဇဉ်လူသားအပေါင်းတို့ သည်  “လောဘ၊ဒေါသ၊မောဟ“ဆိုသော အတ္တတရား(၃)ပါးဖြင့် ပြည့်နှက်ကာနေပါသည်။လူသားမှန်သမျှ မွေးတည်းက “အတ္တ”တည်းဟူ
သောစိတ်ဓါတ်ဖြင့်မွေးဖွားခဲ့ခြင်းသာဖြစ်သည်။ကြည့်ပါလော့ မိတ်ဆွေ… ကလေးသူငယ်များသည်မွေးလာတည်းက နို့ ဆာလောင်မွတ်သိပ်မှုကိုဖြည့်ဆည်းရန်အတွက် စို့ လို့ သော အတ္တစိတ်ဖြင့်မွေးလာခြင်းဖြစ်သည်။မြတ်စွာဘုရားရှင်က လူသားတို့ သည်ဒေါသများကို ထိန်းချုပ်နိုင်ကြလျှင် ကမ္ဘာမြေကြီးငြိမ်းချမ်းမှာ မုချဧကန်မလွဲပေ။စိတ်ကိုနိုင်လျှင်အရာရာထမြောက်အောင်မြင်နိုင်ပါတယ်။လူခန္ဒာကိုယ်သည် ကံ ၊ စိတ် ၊ဥတု ၊ အာဟာရ အပေါ်အခြေခံ၍ဖွဲ့ စည်းထားပါသည်။မှန်ပေသည်… ထို့ကြောင့်လူသားတိုင်း မိမိစိတ်ကိုနိုင်အောင် ထိန်းသိမ်းသင့်ပါသည်။
ကဲ… မိတ်ဆွေ ၊ ကျွန်ုပ်တို့ ဒီနေ့  စိတ်ကိုဘယ်လိုထိန်းချုပ်ကြမလဲဆိုတာ ဆွေးနွေးကြရအောင်။ဘယ်လိုထင်မြင်ယူဆပါသလဲ?
>> စိတ်ကိုထိန်းချုပ်နည်း (၁) <<

- ဘာသာရေးရှုထောင့်အရ စိတ်ငြိမ်သက်ဖို့ အတွက် ပုတီးစိပ်တာအကောင်းဆုံးဖြစ်ပါတယ်။
>> စိတ်ကိုထိန်းချုပ်နည်း (၂) <<

- လည်နေသော နာရီလက်တံပေါ်သို့ အပ်ဖြင့်လိုက်ထောက်ကာနေခြင်းဖြင့် သင့်စိတ်ကို ချုပ်တီးနိုင်ပါတယ်။


>> စိတ်ကိုထိန်းချုပ်နည်း (၃)<<
- သင်ကြိုက်နှစ်သက်သော စာအုပ်တစ်အုပ်ကိုစိတ်ပါဝင်စားစွာဖတ်ရှုခြင်းအားဖြင့်လည်း စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်ပါတယ်။
>> စိတ်ကိုထိန်းချုပ်နည်း (၄) <<

- သာယာသောညများ၌ ကောင်းကင်တွင်ရှိသော ကြယ်များကိုလိုက်လံရေတွက်ခြင်းဖြင့်လည်း သင့်ကို အေးချမ်းတည်ငြိမ်စေပါသည်။
>> စိတ်ကိုထိန်းချုပ်နည်းများ(၅)<<
- ယောဂကျင့်စဉ်များကျင့်၍ စိတ်ကိုအေးချမ်းအောင်ပြလုပ်နိုင်ပါသည်။ ယောဂကျင့်စဉ်သည် သင့်စိတ်ကိုအေးချမ်းအောင်ပြုလုပ်ပေးနိုင်သည် သာမက ကျန်းမာရေးအတွက်လည်း
အထူးကောင်းမွန်အပ်ပါသည်။
>> စိတ်ကိုထိန်းချုပ်နည်းများ (၆)<<
-  မနက်ခင်းစောစော၍ အသက်ရှုခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်းတို့ သည် တစ်နေ့ တာ သင့်စိတ်ကိုတည်ငြိမ်အေးချမ်းစေပါသည်။
>> စိတ်ကိုထိန်းချုပ်နည်းများ (၇)<<
- ကျောက်ခဲတုံးကလေးများကို ရေတွက်နေခြင်းဖြင့်လည်း သင့်စိတ်ကိုတည်ငြိမ်စေပါသည်။
>> စိတ်ကိုထိန်းချုပ်နည်းများ (၈)<<
- ညအိပ်ယာဝင်ချိန်တွင်ကြားရသော အသံများကို မှတ်သားထားပါ။ (၅)မိနစ်ခန့် မှတ်သားပြီးနောက် ကြားရသောအသံများအတိုင်းပြန်ပြောကြည့်ပါ။
>> စိတ်ကိုထိန်းချုပ်နည်းများ (၉)<<
- မိမိအနီးအနားရှိ အရာဝတ္တုတစ်ခု၏ အရောင် ၊ အမျိုးအစား နှင့် ပုံသဏ္ဍာန်တို့ ကို မှတ်သားထားပါ။(၅)မိနစ်ခန့်  မှတ်သားပြီးပါက တစ်ဖက်သို့ လှည့်၍ ထိုအရာဝတ္တု၏ ပုံသဏ္ဍာန်ကို
ခန့် မှန်းပုံဖော်ကြည့်ပါ။
>> စိတ်ကိုထိန်းချုပ်နည်းများ (၁၀)<<
-  တစ်နေ့  လျှင် နာရီဝက်ခန့် တရားထိုင်ခြင်းဖြင့်လည်း မိမိစိတ်ကို တည်ငြိမ်အေးချမ်းစေနိုင်ပါသည်။
အထက်ဖော်ပြပါနည်းလမ်းများသည် မိမိစိတ်ကို အေးချမ်းအောင်ပြုလုပ်နိုင်သောနည်းများပင်ဖြစ်သည်။ထိုနည်းလမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်ခုခုကိုရွေးချယ်
၍ ကျင့်ယူနိုင်ပါသည်။စာဖတ်သူများအားလုံးကို ကျန်းမာရွှင်လန်းနိုင်ကြပါစေ…….။
ကိုးကားချက် -
ဆရာဖြိုး  – စိတ်ညှို့ ပညာအဘိဓါန်ကျမ်း (ရှေးဟောင်း)
ဆရာချစ်နိုင် (စိတ်ပညာ)
ဆရာမကြီး ဒေါ်နိုက်တင်ဂေးလ်၏ ကျန်းမာရေးဆောင်းပါးများ

မသိစိတ်ဆိုတာ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...



လူအများစုဟာ ဦးနှောက်ဘယ်ဘက်အခြမ်းကိုပဲ အသုံးပြုနိုင်ကြတယ်။ညာဘယ်ခြမ်းကို ဂီတ၊ပန်းချီ စတဲ့အနုပညာရှင်တွေ ၊ အာရုံထူးခြားသူတွေ
လောက်သာ အနည်းအကျဉ်းအသုံးပြုနိုင်တာ ဖြစ်တယ်။ဘယ်ဘက်ခြမ်းဟာ သာမန် အသိစိတ်နဲ့ သက်ဆိုင်ပြီးတော့ ညာဘက်အခြမ်းဟာ မသိစိတ်နဲ့ 
သက်ဆိုင်နေတယ်။စိတ်ညှို့ ပညာကို အသုံးပြုပြီးတော့ ဖန်တီးစွမ်းရည်တွေရှိတဲ့ ညာဘက်ခြမ်းကို နိုးထစေတယ်။ဘယ်ဘက်ခြမ်းရော ညာဘက်ခြမ်းပါနှစ်ခြမ်းစလုံး အသုံးပြုနိုင်အောင် စိတ်ညှို့ ပညာက စွမ်းဆောင်နိုင်ကြတယ်။
တစ်နည်းအားဖြင့်ပြောရရင် မသိစိတ်နယ်မှာရှိတဲ့ ညာဘက်ခြမ်းက ဖန်တီးစွမ်းရည်တွေကို စိတ်ညှို့ ပညာက မသိစိတ်ထဲက ဆွဲထုတ်ပေးလိုက်တာ ဖြစ်တယ်။ ဂီတတို့ ၊ ပန်းချီတို့ စတဲ့ အနုပညာတွေဟာ ဓါတ်ပုံရိုက်တာ ၊ ကက်ဆက်ခွေနဲ့ ကူးတာမျိုးမဟုတ်ဘူး။ဗလာဒီမာရိုင်ကော့ဗ်ဟာ ဂီတကျောင်း
တက်နေတဲ့ ဂီတကျောင်းသားတစ်ဦးကိုစိတ်ညှို့  လိုက်တယ်။သူက တစ်ကယ်တော့ စိတ်ညှို့ ပညာရှင်တစ်ယောက်ဖြစ်တယ်။ပထမအစ ညှို့ ချက်မိ
သွားတော့ – “မင်းဟာ တယောဆရာကြီး ခရိုက်စလာဖြစ်သွားပြီ။ခရိုက်စလာသေပြီးနောက် လူ့ ဘ၀ကို မင်းအဖြစ်နဲ့ ဝင်စားလာတာဖြစ်တယ်။မင်း
ဟာလူဝင်စား ခရိုက်စလာပဲ။အရင် ခရိုက်စလာဘ၀က တယောထိုးသလို မင်းလည်း တယောထိုးနိုင်တယ်။” ဟု ဆက်ဂျက်ရှင်းတွေပေးလိုက်တဲ့အခါ
မှာကျောင်းသားက သူဟာ တကယ်ပဲ ခရိုက်စလာဝင်စားတယ်လို့ ယုံကြည်လက်ခံသွားတယ်။ ခရိုက်စလာတယောထိုးသလောက်နီးပါးကောင်း
အောင် တယောထိုးနိုင်လာတယ်။သာမန် ဂီတကျောင်းသားလက်သံထက် အများကြီးသာသွားတယ်။
ဗလာဒီမာရိုင်ကော့ဗ်ဟာ ဒီလိုစိတ်ညှို့ ပြီး တယောဆရာကြီး ခရိုက်စလာ ၀င်စားစေတယ်။ခရိုက်စလာကို တယောထိုးစေတဲ့ အကြိမ်ပေါင်း (၃၀)
လောက်စမ်းသပ်လေ့ကျင့်ရတယ်။ပြီးသွားတဲ့အခါမှာ သာမန်ဂီတကျောင်းသားတွေထက်အများကြီးသာသွားပြီးတော့ ဂီတပညာရှင်အဆင့်ထိရောက်
သွားတယ်။နောက်ထပ်သင်တန်းသားတစ်ဦးကိုလည်း ပန်းချီဆရာရီပင် ၀င်စားတယ်ဆိုပြီး စိတ်ညှို့ ပညာနဲ့ ဆက်ဂျက်ရှင်းတွေပေးလိုက်တယ်။
အကြိမ်နှစ်ဆယ်လောက် ပေးလိုက်တယ်။နောက်ဆုံးမှာ တန်းဝင်ပန်းချီဆရာအဆင့်ကိုရောက်သွားပါတယ်။နောက်ထပ် ဥပမာတစ်ခုကိုပြောပြပါဦး
မယ်…
ဆရာကြီး ရွှေဥဒေါင်းဟာ ငယ်စဉ်က ရေမကူးတတ်ဘူး။တစ်နေ့ မြစ်ဆိပ်မှာ ကစားနေရင်း သူ့ သူငယ်ချင်းတွေက ရေထဲခုန်ချနေကြတာမြင်တော့
သူလည်းခုန်ချလိုက်ပြီး ရေကူးတယ်။ သူ့ ကိုယ်သူ ရေကူးတတ်တယ်လို့ ယုံကြည်ပြီး ခုန်ချလိုက်တာ ရေကူးတတ်သွားတာဖြစ်တယ်လို့ ဆရာကြီး
ရွှေဥဒေါင်းက တစ်သက်တာမှတ်တမ်းမှာရေးထားတယ်။ယုံကြည်ရင် တစ်ကယ်တတ်သွားတာကိုသာဓကပြတာပါ။လူတစ်ယောက်အား စိတ်ညှို့ ပြီး
မသိစိတ်ထဲမှာ သူဟာ ပန်းချီဆရာကြီး၊စာရေးဆရာကြီးလို့ ယုံကြည်သွားအောင် ဆက်ဂျက်ရှင်းပေးလိုက်ရင်ယုံသွားမှာဖြစ်တယ်။ဒါပေမယ့် သိစိတ်ကိုတော့ ဒီလိုသွားပြောရင်တော့ ယုံမှာမဟုတ်ဘူး။ သိစိတ်က လူလည်ဗျ။ ယုံမှာမဟုတ်ဘူး။
ဒီတော့ လူတွေမှာ မခန့်မှန်းနိုင်တဲ့ စိတ်အင်အားစွမ်းရည်တွေရှိကြတယ်။ရှိလို့ ရှိမှန်းမသိကြလို့ အသုံးမပြုနိုင်တာ။ဒီလို မိမိမှာရှိတဲ့ စွမ်းရည်ပုန်းတွေကို
စိတ်ညှို့ ပညာနဲ့ ထုတ်ဖော်သုံးနိုင်တယ်။ဒီလို ထုတ်ဖော်သုံးရင် မိမိနိုင်ငံအတွင်း ပန်းချီပညာရှင်တွေ ၊ အဆိုတော်တွေ ၊ နိုင်ငံအကြီးအကဲတွေ ၊ဘော
လုံးသမားတွေ၊ ဂုဏ်ထူးဆောင် ကျောင်းသားတွေဖြစ်နိုင်တယ်ဆိုတာကို သတင်းကောင်းပေးလိုက်ရတာပါပဲခင်ဗျား။