LOAD HTAR PAR

Showing posts with label No Copy No Select. Show all posts
Showing posts with label No Copy No Select. Show all posts

Friday, February 10, 2012

Internet Speed ကို ၂၀ % လောက်ပို မြန်ကြည့်ရအောင်

Oh! You come to my blog. Welcome....

Microsoft က windows update လုပ်ဖို့နဲ့ အစရှိတဲ့ ထောက်ပံ့မှုတွေ လုပ်ဖို့အတွက် စက်ရဲ့ ကွန်နက်ရှင်ကို ၂၀ % သီးသန့် ဖယ်ထားတယ်လို့ ဆိုပါတယ်..။ ဒီတော့ အဲဒီ့ ၂၀ % ကိုကိုယ်သုံးတဲ့ အထဲထည့်သုံးရအောင်ဗျာ.. ကြာပါတယ်ဗျာ.. ဒီလိုစလုပ်မယ်.. ပထမဆုံး Run box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Local Computer Policy ထဲဝင်လိုက်ပါ.. ပြီးရင် Computer Configuration \ Administrative Templates \ Network \ QOS packet scheduler \ Limit reservable bandwidth ဆီကို အဆင့်ဆင့် သွားပါ..


ရောက်ရင် Limit reservable bandwidth ကို Double Click နှိပ်ပြီး Enabled လုပ်ပေးလိုက်ပါ.. Bandwidth Limit (%) နေရာမှာ 20 ကိုဖျက်ပြီး 0 ကိုထည့်လိုက်ပါ..။ ပြီးရင် Restart ချလိုက်ပါ..။


ဒါဆိုရပါပြီ.. ကျေးဇူးတင်ပါတယ်..။

Saturday, December 31, 2011

No Copy No Select မိမိပိုစ့်တွေ ကာကွယ်ချင်သူများ အတွက်

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

19

No Copy No Select မိမိပိုစ့်တွေ ကာကွယ်ချင်သူများ အတွက်


ဟား ဟား ဒါလေးများ ငါတို့ သိတာ ကြာပေါ့ လုပ်ထားပြီးသား လို့တော့ အထင်တော် မမှားကြပါနဲ့အုံးဗျာ အရင်ဆုံး ငါတို့ သိထားတာ ထည့်ထားတာနဲ့ တူသလားလို့ အရင် ဖတ်ကြည့် စမ်းကြည့်ပါအုံး တစ်ကယ်လို့ သိပြီးသား ထည့်ပြီးသား ဆိုလဲ ဆောရီးပါ မသိသေးသူ တွေ အတွက်ပေါ့...

လုပ်ထားကြပါတယ် ဘလော့ အတော်များများ စာတွေကို Select လေး လုပ်ပြီး ကုးဖို့ အတွက် Right Click နှိပ်လိုက်မှ ကွန်ပြူတာက အလန့်တကြား ထအော်ပြီး ဘရောက်ဇာမှာ Popup ဝင်းဒိုးလေး ပေါ်လာပြီး Right Click လုပ်ခြင်း ခွင့်မပြု ဘာညာ နဲ့ အမိန့်ကြော်ညာတွေ စည်းကမ်း သတ်မှတ်ချက်တွေ ထွက်ပေါ်လာတာ.....

အဲလိုကြီး လုပ်မယ့် အစား ယဉ်ယဉ်ကျေးကျေးလေး အစကတဲက စာတွေကို Selected လုပ်လို့ မရအောင် လုပ်ထားကြရရင် မကောင်းဘူးလားဗျာ...

ဟောဒီမှာ Demo လင့်လေးမှာ သွားစမ်းကြည့်လိုက်ပါ အဲဒီက ပိုစ့်က စာတွေ Right Click နှိပ်ဖို့ အဆင့်ထိ မပြောနဲ့ စာတွေကိုတောင် Select လုပ်လို့ ရရဲ့လား ဆိုတာ...

ဒီတော့ ကူးချင်တဲ့ သူကပဲ ဟင် ငါတို့ ကွန်မကောင်းလို့လား မသိဘူး ၊ ငါတို့ ကွန်ပြူတာ ကြောင်နေလို့လား မသိဘူး ၊ ငါတို့ ဘရောက်ဇာ ဘာဖြစ်နေလဲ မသိဘူး ဆိုတဲ့ ဇဝေ ဇဝါ များစွာနဲ့ ကိုယ့်ကို အမြင်မကပ်တော့ဘူးပေါ့ဗျာ ...နို့မို့ သတိပေးစာ ပြူးတူးပြဲတဲ အသံတွေကလဲ မြည်သေး ဆိုတဲ့ အချိန်ကျရင် တော်တော် အဝှာကျယ်တဲ့ ဘလော့ဂ်ပါလားလို့ မေတ္တာ ပို့ခံရအုံးမယ် မဟုတ်လား...

ကဲ လုပ်ချင်တယ်ဆို အောက်က ကုဒ်လေးတွေကို ကူးလိုက်ဗျာ...

<script type="text/javascript">
var omitformtags=["input", "textarea", "select"]
omitformtags=omitformtags.join("|")
function disableselect(e){
if (omitformtags.indexOf(e.target.tagName.toLowerCase())==-1)
return false
}
function reEnable(){
return true
}
if (typeof document.onselectstart!="undefined")
document.onselectstart=new Function ("return false")
else{
document.onmousedown=disableselect
document.onmouseup=reEnable
}
</script>

အပေါ်က ကုဒ်လေးတွေ ကူးပြီးပြီ ဆိုရင်တော့(ကျွန်တော်ကတော့ ကုဒ်တွေ ကူးစေချင်လွန်းတဲ့ အတွက် ဒီနည်းကို သုံးမထားပါဘူး :P) ....

/blogger dashboard ကိုသွားလိုက်ပါ

/ပြီးရင် Desing --&-- Page Elements. ကို ဆက်သွားပါ...

/နောက်တော့ sidebar က 'Add a Gadget' ဆိုတာကို နှိပ်လိုက်ပါ

/'HTML/Javascript' ဆိုတာ ရွေးချယ်ပြီး ကုဒ်တွေ ထည့်ပြီး Save လုပ်ပြီးရင် ပြီးပါပြီဗျာ..

အဲဒီနေရာမှာ တတ်နိုင်ရင် အဲဒီ Gadget ကို အပေါ်ဆုံးမှာ ထားနိုင်ရင် အကောင်းဆုံးပါပဲ.. အားလုံးပြီးရင် ကိုယ့်ဆိုဒ်ထဲ သွားကြည့်လိုက်ပါအုံး စာတွေကို Select လုပ်လို့ ရသေးလားဆိုတာကို...

အားလုံး အဆင်ပြေကြပါစေ အဆင်မပြေခဲ့သော် အောက်က ကွန်မန့်ထဲ မေးထားခဲ့ နိုင်ပါတယ်..။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။