LOAD HTAR PAR

Wednesday, February 22, 2012

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု နှင့်ပတ်သက်၍

Oh! You come to my blog. Welcome....


ကျွန်တော်ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး မရေးဖြစ်ရန် မိမိကိုယ်ကို အတန်တန်တားဆီး နေသော်လည်း ရေးဖြစ်ပါတယ်။ ရေးဖြစ်သည့် အကြောင်းမှာ ကျွန်တော့်ထံသို့ mail ပို့၍လည်းကောင်း၊ ကျွန်တော်၏ အိမ်တွင် မှတ်ချက်ရေး၍လည်းကောင်း၊ Chatting တွင်လည်းကောင်း ဖြေရှင်းပေးရန် တောင်းဆိုနေသဖြင့် ရေးသားလိုက်ရပါတယ်။


တကယ်တော့ ရွှေမြို့တော်ဆိုဒ်မှာ ချင်းတွင်းသားလေး တင်ထားတဲ့ ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု သည် ကျွန်တော် (၂၃-၁၀-၂၀၁၁)ရက်နေ့တွင် တင်ခဲ့သော မိခင်ရုပ်တုပါပုံဖြစ်သော်လည်း မူရင်းစာသားများတော့မဟုတ်ပါ။ ကျွန်တော် ထိုပုံကို မူရင်းစာများနှင့်တကွ ဖော်ပြပြီး တင်ပြပေးခဲ့ပါသည်။ မူရင်းစာတွင် ယခုချင်းတွင်းသားလေး တင်ပြထားသလို
"မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်" လို့တော့ဖော်ပြထားခြင်းတော့မရှိပါဘူး။
အောက်မှာ ကျွန်တော်တင်ပြထားခဲ့တဲ့အတိုင်း ထပ်မံပြန်လည်တင်ပြပေးလိုက်ပါတယ်-
အောက်မှာတော့မူရင်း အင်္ဂလိပ်လိုရေးသားထားတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဓာတ်ပုံလေးကတော့ မြန်မာနိုင်ငံက ရေကန်အနီးမှာ တွေ့ရတဲ့ ကျောက်တောင်ကို ဓာတ်ပုံ ရိုက်လိုက်တဲ့အချိန်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
• This is a picture of a rock formation near a lake in Burma. The photo can only be taken on a specific day once a year when the sun rays touch the rocks at a certain angle.
• Tilt your head to the left and then look at it again….




Did you notice anything different?
သင်.....ခြားနားချက် သတိထားမိပါသလား?
Yes or no?
သိတယ် ဒါမှမဟုတ် မသိဘူးဖြေပါ?
Now I will turn the whole scene vertical
အခု ခန္ဓာကိုယ်လေးကို စောင်းပြီး ထောင်လိုက်ကြည့်လိုက်ပါဦး.........




Nature is Great …….. Respect it & Protect …
သဘာဝကသိပ်ထူးဆန်းတာပဲ......... ယုံလိုက်စမ်းပါနော်.......
ဒီပုံလေးနဲ့စာသားကို အင်တာနက်မှာတွေ့ပြီးတာနဲ့ ဆရာကြီး ဒဂုန်တာရာရဲ့
မိခင်ရုပ်တု ကဗျာလေးကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ကဗျာလေးကို အစအဆုံးဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့လူသား
ပေါ်စကပင်၊ ဖိုနှင့်မ ဟု
သဘာဝများ၊ ခြားနားတည်ရှိ
ပကတိသဏ္ဌာန်၊ ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်း မတူကြ။

မိန်းမတို့က
သားအိမ်ပိုင်သ၊ ထူးခြားပေစွ
ယင်းသဘာဝကြောင့်၊ မိခင်ကဏ္ဍ
သတ္တဗီဇ၊ ဇီဝကမ္မ
ဘ၀ပန်းများ၊ ပွင့်စေသူ။

ချစ်ကြရာမှ၊ မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊ မျောပါလွင့်ပျံ
ဝန်ဆံမျိုးစေ့မှ၊ ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ဆုံ၊ စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊ သွေးအိမ်သွေးစု
နုရာမှရင့်၊ အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊ တိုးပွားဖြိုးဝေ
ကုဋေကုဋာ၊ ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။

မိခင်သည်ကား
လူသားပုံတု၊ ဖန်တီးပြုသော
ပန်းပုဆရာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ ပုံရာလောင်းသည်
ပန်းချီဆရာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊ သွန်သင်လတ်သော
စိတ်ဓာတ်အင်ဂျင်နီယာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
အင်အားသန်စွမ်း၊ ကျန်းမာနို့ကျွေး
သမားဆေးဆရာ၊ မည်ထိုက်စွာတည့်။

ဤမျှကြီးမား၊ တာဝန်များကို
မအားမလပ်၊ ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊ စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။
ဒဂုန်တာရာ

မိန်းကလေးများသထိထားရန် ကူးယူတင်ပြလိုက်သည် ..သတိ....

Oh! You come to my blog. Welcome....



အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့
ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါစေ

အ၀တ်လဲခန်းထဲက ကင်မရာ

Oh! You come to my blog. Welcome....
 

အ၀တ်လဲခန်းထဲမှာ Hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား........
ဘယ်လိုသိနိုင်မလဲ။

အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့
အ၀တ်အစားလဲခန်း..... (အ၀တ်အထည်အသစ်တွေကိုစမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ
မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။




ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်
ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။

ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone
နဲ့စမ်းသပ်တဲ့နည်းပါပဲ။
၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ Hidden
camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော
့Hidden camera ရဲ့ ဖိုင်ဘာကေဘယ်က Mobile phone လိုင်းကို
အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ...

ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊
စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ
မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ်
နှစ်ဘက်မြင်မှန် (two way mirror)တွေလားဆိုတာသင်သံသယ၀င်ဖူးပါသလား?
Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့
သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင်
သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။



ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။
အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ
သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို
သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။



၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန်ကြေးမုံပြင်ပါ။

၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ် ၊
ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way
mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့
မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့်
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို
လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။



ဒီစာလေးကို သင့်ရဲ့
သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။
ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့
သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Tuesday, February 21, 2012

ကောင်မလေး တွေသဘောကျမယ့် တော်ကီ (၁၀)ခွန်း

Oh! You come to my blog. Welcome....

ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် စတင်တွေ.ဆုံ စကားဖောင်ဖွဲ.ပါက မနောခွေ.သွားစေမည့် အကောင်းဆုံး စကားကြီး (၁၀)ခွန်းကို ကမ္ဘာတစ်ဝန်းရှိ လူပေါင်း (၄၀၀) ကျော်အား မေးမြန်းထားပြီး ဗြိတိန်နိုင်ငံက စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည် ။
တစ်စုံတစ်ယောက်နှင့် အထူးသဖြင့် မိန်းကလေးတစ်ယောက်နှင့် စကားပြောဆိုပါက ဟာသဥာဏ်ရှိခြင်းသည်သာ အကောင်းဆုံး စွဲဆောင်နိုင်သော နည်းလမ်းဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုသူ ၅၀% ကျော်က ဖြေဆိုကြသည် ။

(၁)  မင်းအဖေက စောရတစ်ယောက်ဖြစ်နိုင်တယ် ။       
      ဘာလို.လဲဆိုတော့ သူက ကြယ်တွေကို ခိုးပြီး မင်းမျက်ဝန်းတွေထဲ ထည့်ထားလို.လေ။

                                    ကာလမ်ဘတ်စ် ( ဗြိတိန် နှင့် အမေရိကန် မော်ဒယ်လ်ဟောင်း )


(၂)  တကယ်လို.သာ အက္ခရာတွေကို ပြန်စီလို.ရမယ်ဆိုရင်  .....
     U နဲ. I ( မင်းနဲ့ ငါ ) အတူကပ်ပြီး ထားလိုက်ချင်တယ်
                                                  
                                   ကာရိုး ဗွန်ဒါမန် ( ကစားပွဲ အစီအစဉ် Countdown ကိုတင်ဆက်သူ)
 
 
(၃)  ကိုယ် နတ်ပြည်ရောက်နေတာဖြစ်ရမယ် ။
      နတ်သမီးလေးတစ်ပါးကို တွေ.နေရလို.လေ...။

 
                                  မာရီယို မာကိုနီ (ဗြိတိန် နာမည်ကြီး ရုပ်သံ ဇါတ်လမ်းတွဲများတွင်ပါဝင်ခဲ့သူ )

(၄)  မင်း မိုးပေါ်ကကျလာတုန်း ခိုက်မိသွားသေးလား ။
                                  
                                 ခရစ်တီယာနို ရော်နယ်လ်ဒို ( မန်ယူ နှင့် ရီယဲလ် ကစားသမားဟောင်း )

(၅)  ရော့ ..ဒီမှာ  ဆယ်ပြား..။ မင်းအမေကို ဖုန်းဆက်လိုက် ။ ဒီည ပြန်မလာတော့ဘူးလို. ..။
 
                                 ဂျိုဒီးမားရှ် ( ဗြိတိန် မော်ဒယ်လ်နဲ. သရုပ်ဆောင် )

(၆)  မင်းကို ဖမ်းလိုက်ပြီ..။ ငါ့ အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို. ။

                                ရိုင်းစ်အိုင်ဖန်း ( ဝေလနယ်သား သရုပ်ဆောင် )


(၇)  နဲနဲ ကြမ်းလို. ဆင်ဆာဖြတ်ပါတယ် ခင်ဗျာ ။
                                              
(၈)  မင်းမောနေပြီ မဟုတ်လား။ တနေကုန် ငါ့စိတ်ထဲမှာ ပြေးလွားနေရလို.လေ..။
                                                
                               လီရှပ် ( မန်ယူ ကစားသမားဟောင်း နှင့် ရုပ်သံတင်ဆက်သူ )
 
(၉)  နဲနဲ ဗြောင်ကျလို. ဆင်ဆာဖြတ်ပါတယ်ခင်ဗျာ ။
                                                                                             
(၁၀) မင်းမှာ မြေပုံ ရှိလား..။ ငါ မင်းမျက်ဝန်းတွေထဲမှာ လမ်းပျောက်နေလို.  ။
                                    
                              ဒါးရီးယပ် ဒန်နက်ရှ် ( စကော့တလန် အဆိုတော် ၊ သီချင်းရေးဆရာ )

Facebook, Email, Text Messages, Phone ပေါ်က ချစ်မှုရေးရာ အခြေအနေများ

Oh! You come to my blog. Welcome....

ယနေ့ခေတ် လူတွေနေ့စဉ်ကြုံတွေ့နေကြ၊ ပြုလုပ်နေကြ အလုပ်တွေအပေါ်မှာ ဖေ့ဘွတ်တို့၊ တွစ်တာတို့ စတဲ့ အွန်လိုင်းလူမှုကွန်ရက်တွေ၊ ဖုန်းပေါ်ကပို့တဲ့ မက်ဆေ့တွေ၊ မိုဘိုင်းဖုန်းပြောတာ စတာတွေဟာ တော်တော်လေး လွှမ်းမိုးလာနေတာ အားလုံးသိကြမှာပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ရဲ့ ဘ၀ထဲက အရေးပါတဲ့ ချစ်မှုရေးရာတွေမှာလဲ ဒီခေတ်သစ် ဆက်သွယ်ရေးတွေက တော်တော်လေး နေရာယူလာတာလဲ သတိထားမိကြမယ်ထင်ပါတယ်။

ဥပမာ ဆိုပါစို့.. တစ်ယောက်ကိုတစ်ယောက် စပြီး စိတ်ဝင်စားမိကြရင် အရင်ဆုံး ဖုန်းနံပါတ်တွေ ဖလှယ်ကြတယ်။ စစချင်း ဖုန်းမပြောရဲသေးရင် မက်ဆေ့နဲ့ အချင်းချင်း စကားတွေ ဖလှယ်ကြ၊ နောက်ကြတော့ ဖုန်းတွေခေါ်ပြီး ပြောကြမယ် အဲနောက်ဆင့် အွန်လိုင်းပေါ်မှာ ဂျီတော့တို့ဘာတို့ကနေတဆင့် ပြောကြမယ်။ နောက်ဆုံး ချစ်သူတွေ ဖြစ်သွားရင်၊ လက်ထပ်ပြီးသွားကြရင်၊ ဖေ့ဘွတ်ပေါ်မှာ စတေးတပ်လေးတွေ ပြောင်းကြမယ်။ ပြောနေရင်သာ ကြာဦးမယ်။ တကယ့်လက်တွေ့ကြတော့ ဒီထက် မြန်နေဦးမယ်။

ဒါကတော့ အဆင်ပြေနေရင်ပေါ့။ အဆင်မပြေကြလို့ သမီးရည်းစား ဘ၀မှာ ဖြစ်ဖြစ် ပြတ်စဲကြရင်ကော နှုတ်နဲ့ပြောလို့ အဆင်မပြေရင် ဖုန်းမက်ဆေ့လေးတွေ အီးမေးလ်တွေနဲ့ 'ဒီဘ၀တော့ ဒီမျှ' အဲလေ အဲလို တွေနဲ့ ပြတ်စဲကြရော ကဲဘယ်လောက် လွယ်ကူလိုက်သလဲ။

ဒါပေမယ့်လည်း အွန်လိုင်းဆိုတာက လူတိုင်းလူတိုင်း အချိန်ပြည့်သုံးနိုင်ကြသေးတာ မဟုတ်တော့ တစ်ချို့တွေက ဒီလိုနည်းတွေ သုံးပြီး အလုပ်ဖြစ်ကြပေမယ့် တစ်ချို့တွေကတော့ လမ်းရိုးကြီးအတိုင်းပဲ သွားနေတုန်းပဲပေါ့။

ဒါကို အရှိကို အရှိအတိုင်း မထားဘဲ မနေနိုင် မထိုင်နိုင် lab42 ဆိုတဲ့ မားကက်တင်း အုပ်စုက ဘယ်လိုလူတွေနဲ့ ဘယ်လောက် ရာခိုင်နှုန်းရှိတဲ့ လူတွေက ဒီအွန်လိုင်းလောကမှာ ခရီးတွေ ရောက်နေကြလဲ... ဘယ်လိုလူတွေနဲ့ ဘယ်လောက်ရာခိုင်နှုန်းက လမ်ရိုးကြီးအတိုင်းပဲ လျှောက်နေကြလဲဆိုတာကို အွန်လိုင်းအသုံးပြုသူ ၅၅၀ခန့်ကို မေးမြန်းပြီး စာရင်းပြုစုလိုက်ပါသတဲ့။ ပြီးတော့ အားလုံးကို ခြုံငုံပြီး အချိုးချကြည့်လိုက်တော့ အောက်ဆုံးက ပုံအတိုင်း ထွက်လာပါသတဲ့....

ကဲ... သူတို့တွေရဲ့ မေမြန်းစုံစမ်းပြီး စာရင်းပြုစုထားတာ တစ်ချို့ကို လေ့လာကြည့်မယ်ဆိုရင်

Text Message, Email, Phone ပေါ်ကနေ ပြတ်စဲခဲ့ကြဖူးသလား ဆိုတာကို ၃၃ရာခိုင်နှုန်းက ပြတ်စဲဖူးကြပြီး ၆၇ရာခိုင်နှုန်းက မပြတ်ဖူးပါဘူးတဲ့။ ဒီလိုနည်းနဲ့ ပြတ်စဲကြဖို့ကော အစီအစဉ်ရှိလားဆိုတာကို ၄၀ရာခိုင်နှုန်းက ရှိတယ်တဲ့ ၆၀ရာခိုင်နှုန်းက မရှိဘူးတဲ့... ဒါကြည့်မယ်ဆိုရင် မော်ဒန်နည်းတွေ သုံးတာရာခိုင်နှုန်း နည်းနေသေးတာပေါ့။ ဟဲဟဲ ဆက်ရေးနေရင် လက်ညောင်း အဲလေ စာရှည်သွားမယ်။ ပြည့်ပြည့်စုံစုံကို အောက်ကပုံမှာပဲ ကြည့်တော့နော်။ ပြီး အဲထဲမှာ ငါရောပါလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပေါ့။ :)


Infographic via

Computer စကားတိုက်ပွဲ ( ဟာသလေးပါ )

Oh! You come to my blog. Welcome....

တစ်ခါကလင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။အဲ ယောက်ျား ဖြစ်သူက
computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက်
အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး
ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။


မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name

မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ ရှေ့မှာပဲ
အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့် ကြမယ်။

ယောက်ျား။ ။ Drive not ready

မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့
ပိုစားဝင်တာပေါ့။

ယောက်ျား။ ။ Access denied

မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး
ကျွန်မကို ဆူနေပြီ။

ယောက်ျား။ ။ Divide Over Flow


မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory


မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။


ယောက်ျား။ ။ Insufficient disk space


အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့ ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့ အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။

ကိုလိုရာဒိုကနေ ငါးနှစ်ကြာ ပျောက်ဆုံးနေတဲ့ ကြောင်ကလေး နယူးယောက်မှာ ပြန်တွေ့

Oh! You come to my blog. Welcome....

(Photo NY Post via AllMediaNY)
ထီမထင်တဲ့ ရုပ်နဲ့ ၀ီလို (Willow)

သူမနာမည်က ၀ီလို (Willow)... အသက် ၆နှစ်ရှိပြီ ဖြစ်တဲ့ လိပ်ခွံကြောင်မျိုးလေး...

သူမရဲ့ မွေးရင်းအရပ် ကျောက်တောင်တွေ ထူထပ်တဲ့ ကော်လိုရာဒို အရပ်တစ်ခုကနေ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက ပျောက်သွားတာ အခု နယူးယောက် မတ်ဟန်တန်ရပ်က လမ်းပေါ်တစ်နေရာကနေ ကြောင်လေလွင့်လေး အဖြစ် ပြန်တွေ့ပြီး နယူးယောက် တိရိစ္ဆာများ ကာကွယ် ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းထားပါတယ်။ ကိုလိုရာဒိုနဲ့ နယူးယောက်ဟာ မိုင်ပေါင်း ၁၈၀၀ခန့် ဝေးတာပါ။

စခန်းကိုရောက်ရောက်ချင်း သူ့ကိုယ်ကို စကန်ဖတ်လိုက်တော့ ကံကောင်းစွာပဲ ကြောင်တွေကို အမှတ်အသားပြုတဲ့ ချပ်စ်လေး တတ်ထားတာတွေ့ရပြီး ချပ်စ်ထဲက အချက်အလက်အတိုင်း သူ့ရဲ့သခင်တွေကို လှမ်းအကြောင်းကြားလို့ ရသွားပါတယ်။ သူမရဲ့သခင်တွေ ဖြစ်တဲ့ ခရစ်(စ်)နဲ့ စကွားရက်စ်တို့ဟာ သူမထွက်ပြေးသွားခဲ့တဲ့ နေအိမ်မှာ အခုထိနေထိုင်နေကြပြီး ၀ီလို အကြောင်းကိုကြားတော့ အင်မတန်မှကို အံ့သြသွားကြပါတယ်။ စခန်းက ပို့ပေးတဲ့ သူ့မအခုလက်ရှိပုံကို မြင်ရတော့ လုံးဝသေချာသွားတာပါပဲတဲ့...

(Bebeto Matthews/AP Photo via ABC News)

စကွားရက်စ် ပြောတာကတော့ လွန်ခဲ့တဲ့ ငါးနှစ်က သူတို့အိမ်ကို ပြန်ပြင်နေတုန်းမှာ အိမ်ပြင်တဲ့ ကွန်ထရပ်တာက တံခါးကိုပိတ်ဖို့ မေ့သွားရင်းကနေ သူထွက်ပြေးကာ ပျောက်သွားတာပါ... သူ့ကိုလိုက်ရှာတာ တော်တော်နဲ့ မတွေ့တော့ကြလို့ အနီးနားမှာ ကျက်စားနေတတ်တဲ့ ၀ံပုလွေတွေ စားသွားပြီလို့တောင် ထင်ခဲ့ပါတယ်တဲ့.. သူမပျောက်သွားတုန်းက အရွယ်သေးသေးလဲ ရှိသေးပြီး ၅ပေါင်ခွဲသာသာပဲ ရှိပါသေးတယ်.. သူမ ဆက်ပြောတာကတော့ အိမ်မှာနောက်ထပ် ခွေးတစ်ကောင်နဲ့ ကြောင်နှစ်ကောင် ရှိသေးတယ်... သူတို့ကိုလည်း ချပ်စ် ထည့်ထားပါတယ်... ဖြစ်နိုင်ရင် သူမရဲ့ အသက် ၁၇၊ ၁၀ နဲ့ ၃နှစ်စီ ရှိကြတဲ့ ကလေးသုံးယောက်ကိုတောင် ချပ်စ် ထည့်ချင်နေတာပါလို့ ဆိုပါတယ်။ နယူးယောက်ရဲ့ ဥပဒေအရ ခွေးမွေးဖို့ လိုင်စင်လုပ်ရပြီး ကြောင်တွေကိုတော့ အမှတ်အသားသဘော ချပ်စ်တွေ ထည့်ထားရတယ်လို့ သိရပါတယ်။

အခုလို မိုင်ပေါင်း ၁၈၀၀ဝေးတဲ့ အရပ်မှာ ၀ီလိုတစ်ယောက် ဘယ်လိုရောက်လာလဲ ဒီလောက် ငါးနှစ်ကြာတဲ့အချိန်မှာ သူဘယ်လို အသက်ရှင်နေထိုင်လဲဆိုတာတော့ ဒဏ္ဍာရီဆန်လွန်းလှပါတယ်... သူနဲ့ ပက်သက်ပြီး နယူးယောက် တိရိစ္ဆာန်များ ထိန်းသိမ်းရေးစခန်းက အမှုဆောင် ဒါရိုက်တာ ဘဏ်(က်) ပြောတာတော့ ၀ီလို အခုကျန်းကျန်းမာမာနဲ့ တောင့်တောင့်တင်းတင်း ရှိနေပါတယ်... တကယ်တမ်း သူ့ကို လူတစ်ယောက်က မတ်ဟန်တန်၊ အရှေ့ လမ်း ၂၀ ပေါ်ကနေ ကောက်ရလာပြီး စခန်းကို လာပို့သွားတာပါ... သူ့မကိုကြည့်ရတာ ဂရုစိုက်ခံထားခဲ့ရပုံနဲ့ နယူးယောက်က အစာတွေကိုလည်း ကောင်းကောင်း စားထားခဲ့ရပုံပါပဲ...

သူမ ဒီလောက်ဝေးတဲ့ နေရာကနေ ရောက်လာတယ်ဆိုတာ တစ်ယောက်ယောက်က ဒီအထိ ကားပေါ်တင်ခေါ်လာတာ ဖြစ်ချင်ဖြစ်မယ်.. ဒါပေမယ့် တချို့ထူးထူးဆန်းဆန်း ဒီဘက်ကို ရောက်လာတဲ့ ရိစ္ဆာန်တွေ ရှိတတ်သလို ... ကုန်ကားနောက်ခန်းထဲကနေ ကုပ်ကတ်ပါလာတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်... တချို့က သူ့ကို တောမှာမနေချင်လို့ မြို့ကို တမင် ပြောင်းလာတဲ့ ကြောင်မလေးဆိုပြီး နောက်နေကြတယ်လို့ သူက ပြောပါတယ်။ ၀ီလိုဟာ အခု ၇ပေါင် အရွယ်အစား ရှိနေပါပြီ...

စကွားရက်စ်တို့ မိသားစုကတော့ ၀ီလိုလေးကို ပြန်သယ်ဖို့ စီစဉ်နေကြပြီး သူတို့ကလေးတွေကတော့ ကြောင်မလေးကို တွေ့ရဖို့မျှော်နေကြပါပြီး... အကြီးနှစ်ယောက်ကတော့ ၀ီလိုလေးကို မှတ်မိပေမယ့် အငယ်ကလေးကတော့ ၀ီလိုပျောက်သွားတဲ့အချိန် သူ မမွေးသေးလို့ မသိပေမယ့် ၀ီလိုလေးကို She is Pretty Cat လို့ ပြောပါတယ်တဲ့....

အောက်က အေဘီစီသတင်းဌါနလင့်ခ်ထဲမှာ ဗွီဒီယိုပါ... ပါပါတယ်... 

Source:
http://abcnews.go.com/US/willow-cross-country-calico-cat-treks-colorado-york/story?id=14527262
http://edition.cnn.com/2011/09/15/us/new-york-wayward-cat/

ညီမလေးက ပိုက်ဆံကို ကိုးကွယ်သတဲ့လား

Oh! You come to my blog. Welcome....

အခု သတင်းလေးကတော့ ဒီလိုပါ။  အမှု့က အိမ်လိုချင်တဲ့အတွက် ကူလီကူမာလုပ်ပြီး ကွာရှင်းပြတ်စဲတဲ့ မိန်းမပျိုလေးရဲ့ အမှု့ပါ။  ဒီအမှု့အတွက် တရုတ်ပြည်ရဲ့ အမြင့်ဆုံးသော တရားစီရင်မှု့လွှတ်တော်ရဲ့ အမိန့်ချမှတ်မှု့ကတော့ အိမ်ကို မူလပိုင်ရှင်(ခင်ပွန်း) သည်သာလျှင် ပိုင်ဆိုင်ရမယ်ဆိုပြီးတော့ဖြစ်ပါတယ်။  ဒါဟာ ပိုက်ဆံကို ကိုးကွယ်နေတဲ့ (worshiping money) ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ဟန့်တားတဲ့ သဓကတစ်ခုပါတဲ့။
          ဟူကျားချူး လို့ခေါ်တဲ့ ရှေ့နေကနေတော့ “ဒါဟာ လူငယ်လူရွယ်တွေ၊ အထူးသဖြင့် ငယ်ရွယ်တဲ့ မိန်းကလေးတွေကို မိမိခြေထောက်အပေါ် မိမိ ရပ်တည်စေရန်နှင့် လက်ထပ်ခြင်းဆိုတာ ပိုက်ဆံကို လိုချင်လို့ လက်ထပ်တာမဟုတ်ဘဲ မှန်ကန်တဲ့ အိမ်ထောင်ရေးမျိုးအတွက်သာ ဖြစ်သင့်တယ်ဆိုတဲ့ အသိတရား ၀င်လာအောင် လမ်းပြပေးတာလို့ မျှော်လင့်ပါတယ်” လို့ ဗြိတိန်နိုင်ငံက နေ့စဉ် သတင်းစာ (Daily Telegraph) ကို ပြောပြသွားပါတယ်။
          ဘေကျင်းအခြေစိုက် အောင်သွယ်တော် အကျိုးဆောင် လုပ်ငန်းရဲ့ အကြံပေး ၀မ်ကျီဂို ဆိုသူကတော့ အခုလောလောဆယ် နှစ်တွေမှာ ငယ်ရွယ်တဲ့မိန်းကလေးတွေဟာ အချစ်ဆိုတာထက် ငွေကို ပိုမိုပြီးတော့ တန်ဖိုးထားလာတာကို တွေ့ရပါတယ်တဲ့။
“ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ ချမ်းသာတဲ့ သူတွေကို ပိုပြီး ပိုပြီးတော့ လက်ထပ်လိုကြပြီး သူတို့ရဲ့ ငွေကြေးအခြေအနေကို မြှင့်တင်လိုကြပါတယ်တဲ့။  ဒါဟာ အလွန်ကို ထင်မြင်သာတဲ့ တိုးပွားလာမှု့တစ်ရပ်ပါ” ၀မ်က ထပ်လောင်းပြောကြားပါသေးတယ်။  “ချောမောလှပတဲ့ မိန်းမပျိုလေးတွေဟာ သူတို့ရဲ့ အလှကို ငွေနဲ့ လဲလှယ်လိုကြတာကို တွေ့တွေ့နေကြရပါတယ်။  ဒါဟာ မဖြစ်သင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ခုတော့ အစိုးရပိုင်းက ဒီအခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားလာပါပြီ” လို့ သုံးသပ်ပြသွားပါတယ်။
          ဒါလေးကို ဖတ်မိတော့ စာရေး ဆရာမ - မိုးမိုး အင်းလျှားရဲ့ “ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား” ရဲ့ ခေါင်းစဉ်ကို သတိရမိလို့ ဒီပိုစ်ရဲ့ နာမည်လေးကို ပေးဖြစ်လိုက်တာပါ။  တရုတ်ပြည်ဆိုတာက အရင်တုန်းက ကွန်မြူနစ် စနစ်ကျင့်သုံးပြီး မော်စီတုန်းအလွန် တိန့်ရှောင်ဖိန်နောက်ပိုင်း စီးပွားရေးပြုပြင်ပြောင်လဲမှု့များနဲ့အတူ စီးပွားရေး တဟုန်ထိုးတိုးတက်လာတဲ့ တိုင်းပြည်ဆိုတာ လူတိုင်းသိကြမှာပါ။  ကွန်မြူနစ်စနစ်တုန်းက ကွန်မြူနစ် အယူအဆသာလျှင် ကိုးကွယ်ရာလို့ ဆိုပြီး အယူဝါဒတွေကို သုတ်သင်ခဲ့ကြတာကို သမိုင်းတွေထဲမှာ ဖတ်ဖူးကြမှာပါ။  ရလဒ်ကတော့ တရုတ်ပြည်မှာ လွတ်လပ်စွာတွေးခေါ်သူ(Free thinker) လို့ခေါ်တဲ့ ဘာသာမဲ့အရေအတွက်က လွှမ်းမိုးနေပါတယ်။  ရိုးရာ မိဘ၊ဘိုးဘွားတွေကို နှစ်စဉ်ကန်တော့တာကတော့ အချို့ပြည်နယ်တွေမှာ တွေ့ရမှာပေါ့လေ။  ဒါပေမယ့် ဒါတွေက ကွန်မြူနစ် စနစ်စတင်တည်ထောင်တုန်းကတည်းက တိမ်ကောအောင် စီမံခဲ့တော့ သိပ်မတွင်ကျယ်လှတော့ဘူး။
          အဲ့ဒီတော့ တရုတ်တွေ ဘာကို ကိုးကွယ်ပါသလဲ။  ကျွန်တော် တရုတ်တော်တော်များများကို မေးကြည့်တယ် မင်းတို့ ဘာကို ကိုးကွယ်သလဲ လို့။  တော်တော်များများက ရယ်ပြီးပြန်ဖြေကြတယ်။  သူတို့ရဲ့ အဖြေက “ငွေ”တဲ့။  ဒီတော့ ဘာသာတရားရဲ့ သွန်သင်ဆုံးမမှု့ကြောင့် ကောင်းသည်၊ ဆိုးသည်ကို မခွဲခြားတတ်ကြတော့ပါဘူး။ ဥပဒေဆိုတာက တရားစီရင်ရေးအတွက်သာဖြစ်ပြီး ပြည်သူတွေရဲ့ ရင်ထဲမှာ မှန်ကန်လေးနက်တဲ့ အကျင့်စာရိတ္တကို တည်ဆောက်ပေးမယ့် ရေသောက်ဖြစ်တစ်ခုအဖြစ်တော့ ကျွန်တော်က မမြင်ပါဘူး။  ဒီတော့ ငွေသာလျှင် ကိုးကွယ်ရာ၊ ငွေသာလျှင် အရေးအကြီးဆုံးလို့ မြင်လာကြတော့တာပါဘဲ။ 
          ဒီတော့ ငွေရဖို့သာလျှင် ပဓာနဖြစ်ပြီး ကျန်တာတွေကတော့ သိပ်ခေါင်းထဲထည့်စရာမလိုပါဘူး။  ကိုယ်ချင်းစာနာမှု့ အပိုင်းတွေကျဆင်းလာတာကတော့ ကလေးနို့မှုန့်တွေထဲ မဲလ်လမင်းပါတာတွေ၊ ကြက်ဥအတုတွေထွက်လာတာတွေက သာဓကပါဘဲ။  ဘယ်သူသေသေ ငတေမာရင်ပြီးရောဟာ သူတို့ အတွက် သိပ်အထူးအဆန်းမဟုတ်တော့ပါဘူး။
          နောက်တစ်ခုက တစ်ရုတ်ပြည်ရဲ့ လူတန်းစားကွာခြားချက်လည်း ပါဝင်ပါလမ့်မယ်။  ကျွန်တော်တွေ့ရသလောက် အောက်ခြေလူတန်းစားတွေဟာ တစ်လကို ယွမ် ၁၂၀၀ ကနေ ၂၀၀၀ ကြားနဲ့ နေထိုင်ကြတာပါ။  ဒါဟာ မြန်မာငွေနဲ့ဆိုရင် ၂ သိန်းဝန်းကျင်လောက်ထားတွက်ကြည့်လိုက်ပါ။  လူနေမှု စရိတ်က ကြီးမြင့်တော့ မိသားစုတစ်စုမှာ တစ်ယောက်ထဲ အလုပ်လုပ်ရင် အိမ်ထောင်စု အသုံးစရိတ်ကို ကာမိဖို့ မလွယ်လှပါဘူး။  ဒီတော့ လင်ရော၊ မယားရော အလုပ်လုပ်ကြရပါတယ်။ ကလေးတွေကတော့ တက္ကသိုလ်ရောက်တာနဲ့ အချိန်ပိုင်းအလုပ်လုပ်ပြီးတော့ မိမိခြေထောက်ပေါ်မိမိ ရပ်တည်ကြရပါတယ်။ အဲ့ဒီမှတင် စတင် ပျက်စီးကြတော့တာပါဘဲ။  မိဘအုပ်ထိန်းမှု့မရှိတော့ မိဘက တစ်မြို့ သားသမီးတွေက တစ်မြို့၊ တစ်ရုတ်နှစ်သစ်ကူးရက်လောက်မှ ပြန်ဆုံ။ ပြီရင် တစ်နယ်စီ ပြန်ပြီး အလုပ်လုပ်ကြ၊ လေ့လွင့်တဲ့လူကလွင့်၊ တိုးတက်တဲ့လူက တိုးတက် ဒီလိုပေါ့။
          ဒါကတော့ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ဘ၀ ရည်မှန်းချက်အပေါ်မူတည်ပါလိမ့်မယ်။  ဘယ်တော့မှ အခွင့်အရေးဆိုတာက ဟပ်ချလောင်းကို ကောင်းကင်က ကျလာတာမဟုတ်သလို၊ ငှက်ပျောသီး အခွံနွှာစားတာလောက်တော့ ဘယ်လွယ်လိမ့်မလဲ။  အဓိကအချက်က ဘယ်လောက်အထိ လောကဓံကို တောင့်ခံနိုင်သလဲဆိုတာပါဘဲ။ တစ်နေ့ကျရင်တော့ သင် မလွဲမသွေ အနိုင်ရမှာပါ။
          ဒီတော့ ဖြစ်သလိုနေသွားရင်တော့ နေသလိုဘဲ ဖြစ်နေမှာပါဘဲ။  ဘ၀ဆိုတာက သင့်လက်ထဲမှာပါ။   မိဝေးဖဝေးရောက်နေတဲ့ ရွှေပြည်ကြီးက မမလေးများလဲ မမလေးတို့ နိုင်ငံခြားထွက်လာတုန်းက ဘာဖြစ်ချင်လို့ထွက်လာတာလဲရယ် အခု ဘာတွေလုပ်နေသလဲဆိုတာလေးရယ် နဲနဲလေး ပြန်ချိန်ဆကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ငွေဆောင်ရှိ ဇီဝဇိုးငှက်သိုက်အိမ်သို့ ပြည်ပဧည့် လာရောက်ကြည့်ရှုမှု များ

Oh! You come to my blog. Welcome....

Share
ငွေဆောင်မြို့နယ် မြို့ပတ်လမ်း ရှိ ဇီဝဇိုးငှက်သိုက်များရှိရာ အိမ်သို့ ပြည်ပဧည့်များ လာရောက်ကြည့်ရှုမှု များလာကြောင်း ဒေသခံများထံမှ သိရသည်။ငွေဆောင်မြို့ နယ် ၃ ရပ်ကွက် ရှိ အဆိုပါငှက်အိမ်ကို ၂ဝဝ၆ ခုနှစ် တွင် စတင်တည်ဆောက်ထားခြင်း ဖြစ်ပြီး အိမ်ရှင်က တစ်နိုင်တစ်ပိုင် စားသုံးရန် ပြုလုပ်တည်ဆောက် ခြင်းဖြစ် ကြောင်း၊ အဆိုပါ ငှက်အိမ် ကို ကိုရီးယားလူမျိုးများ အများဆုံး လာရောက်ကြည့်ရှုကြကြောင်း ငှက် အိမ်အနီးနေထိုင်သူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြော သည်။”စလုပ်တုန်းက ဓာတ်ပြားနဲ့ ငှက်အသံလုပ်ပြီး ငှက်တွေခေါ်တာ ပေါ့။ အိမ်ရှင်က ၅ လလောက်နေမှ တစ်ခေါက်လာပြီး ငှက်သိုက်တွေ ယူတာ ကိုရီးယား တွေ လာတုန်းက လည်း အိမ်ကိုဖွင့်ခိုင်းတယ်။ ဒါပေ မဲ့ သူဌေးမရှိတော့ ဖွင့်လို့မရတဲ့ အတွက် အပြင်ကပဲကြည့်ပြီး ပြန် သွားကြတယ်” ဟု ၄င်းက ပြော သည်။ ဇီဝဇိုး ငှက်ဖို များသည် မိမိ၏ အာခံတွင်းမှ အစေးတစ်မျိုးကို အန် ထုတ်၍ ငှက်မအတွက် အသိုက် ဆောက်ပေးခြင်းဖြစ်ပြီး အတူမျိုးပွား ပြီးနောက်တွင် ငှက်မသည် ထိုငှက် သိုက် အတွင်း ဥ ဥသည်။ ငှက်သိုက် ခူးသူများက ငှက်မကလေးမဝင်မီ အသိုက်ကို ခွာယူရသည်။ မြန်မာ နိုင်ငံတွင် ငှက်သိုက်အဖြူနှင့် အနက် ဟူ၍ ရှိကြောင်း သိရ သည်။ မြန်မာ နိုင်ငံတွင် သဘာဝအတိုင်းဖြစ်သော ငှက်သိုက်ကျွန်းများ ရှိသကဲ့သို့ သဘာဝအတိုင်းမဟုတ်သောနည်း ဖြင့် အထက်ပါအတိုင်း ငှက်သိုက် ပြုလုပ် သူများ လည်း ရှိကြောင်း ဧည့် လမ်းညွှန်တစ်ဦးက ပြောသည်။”ဒီငှက်အိမ်ရှိတာ တချို့တွေ က သိကြပေမယ့် ခရီးသွားလုပ်ငန်း တော်တော်များများက မသိကြဘူး။ တကယ်လို့ အားလုံးကကျယ်ကျယ် ပြန့်ပြန့်သိလာမယ်ဆိုရင် ငွေဆောင် မှာ လေ့လာစရာနေရာတစ်ခုတိုးလာ နိုင်တာပဲ”ဟု ၄င်းကပြောသည်။ငှက်သိုက်သည် အချင်း နှစ် လက်မ၊ ဇောက်တစ်လမခန့်အရွယ် ရှိပြီး ငှက်ဥကလေးများ၏အလျား မှာ ဝ ဒသမ ၈ လက်မရှိသည်။ ငှက်သိုက်များကို ကျိုချက်စားသုံး ခြင်းဖြင့် ကိုယ်တွင်းရှိ သွေးအားတို့ ကို သန့်စင်စေနိုင်သည်ဟု ယုံကြည် ကာ တရုတ်လူမျိုးများ အများဆုံး စားသုံးကြကြောင်း သိရသည်။

တနင်္သာရီမှ မြန်မာ့သဘာဝငှက်သိုက်ကျွန်းများ

Oh! You come to my blog. Welcome....

မြိတ်မြို့နှင့် အနီးတဝိုက်
ဓာတ်ပုံသမားတစ်ယောက်ဖြစ်လာပြီး အချိန်တော်တော်ကြာတဲ့အထိ တနင်္သာရီဒေသဘက်ဆီကို မရောက်ဖြစ်ခဲ့ပါဘူး။ အခုတော့ ဓာတ်ပုံ အပေါင်းအသင်းတွေဖြစ်တဲ့ ကိုဗူးသီး၊ ကိုလင်းထွန်းတို့ရဲ့ ကောင်းမှုနဲ့ တနင်္သာရီဒေသကိုသာမက မြန်မာ့သဘာဝ ငှက်သိုက်ကျွန်းများကိုပါ သွားရောက် ဓာတ်ပုံရိုက်ကူးခွင့်ကြုံခဲ့ပါပြီ။ မူလက ၃၊ ၄ရက်လို့ စီစဉ်ထားတဲ့ ခရီးစဉ်ဟာ လက်တွေ့မှာ ၁ဝရက် ကျော်ကြာသွားခဲ့ပါတယ်။ ဒါတောင်မှနေရာတွေ၊ ငှက်သိုက်ကျွန်းတွေ မစုံလင်ခဲ့ပါဘူး။
ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ ရန်ကုန်မြို့ကနေမြန်မာ့လေကြောင်း နဲ့ မြိတ်မြို့ဆီကို စတင်ခဲ့ပါတယ်။ မြိတ်မြို့ကို ရောက်သွားချိန် မှာတော့ ပင်လယ်ပြင်ကို ထွက်ဖို့အတွက် ချက်ချင်းအဆင်မပြေနိုင်တာကြောင့် မြိတ်မြို့ပေါ်မှာ ၂ရက်နေခဲ့ရပါတယ်။ ပင်လယ်ပြင် ခရီးစဉ်က ကိုယ်သွားချင်တိုင်းချက်ချင်း သွားလို့ရတာမျိုးမဟုတ်ပါဘူး။ ရာသီဥတုနဲ့ လှိုင်း၊ လေတို့အပေါ်မှာ မူတည် နေပါတယ်။ မြိတ်မြို့ဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်ပြီး ဓာတ်ပုံကောင်းတွေရိုက်စရာ၊ လေ့လာစရာအကြောင်းအရာစုံလင်လှပါ တယ်။ မြိတ်ဒေသခံတွေရဲ့ စကားသံက အရမ်းဝဲနေတာမို့အစပိုင်းမှာ တော်တော်နဲ့ နားမလည်နိုင်ခဲ့ပါဘူး။ သူတို့အချင်းချင်း ပြောနေကြရင်တော့ဘာတစ်ခုမှ နားမလည်တော့ပါဘူး။ မြိတ်ဒေသခံတွေရဲ့ လေသံနဲ့ စကားအသုံး အနှုန်းတစ်ချို့ကလည်း ကျွန်တော်တို့ကြား နေကြစကား အသုံးအနှုန်းတွေနဲ့ ကွဲပြားနေပါသေးတယ်။ မြိတ်မြို့ရဲ့ နာမည်ကြီးဒေသအစားစာကတော့ မြိတ် ကတ်ကြေးကိုက်ပဲဖြစ်ပါ တယ်။ ပင်လယ်စာနဲ့ ဆိုအကောင်းဆုံးပါပဲ။
မြိတ်မြို့ဆိပ်ကမ်းရဲ့ တစ်ဖက်ကမ်းမှာ 'ပထော်ပထက်'ကျွန်းကြီး တည်ရှိနေပါတယ်။ ပထော်ပထက်ကျွန်းပေါ်မှာတော့ 'အတုလရံသီရွှေသာလျောင်း' ဘုရားကြီးကိုတည်ထားပါတယ်။အလျား၁၁၄တောင် (၂၁၆ ပေ) ရှိပါတယ်။ မြိတ်မြို့ဘက်ကို မျက်နှာမူပြီး တည်ထားတာကြောင့် မြိတ်ဆိပ်ကမ်းကနေ အတိုင်းသားဖူးမြင်နေရပါတယ်။ မြိတ်မြို့ရဲ့ အမှတ် သင်္ကေတလို့တောင် ဆိုနိုင်ပါတယ်။ ပထော်ပထက်ကျွန်းကြီးပေါ်မှာ ငါး၊ ပုဇွန်လုပ်ငန်းတွေ၊ အအေးခန်းစက်ရုံတွေလည်းရှိပါတယ်။ မနက်စော စောပိုင်းနဲ့ ညနေခင်းတွေမှာဆိုရင် မြိတ်ဆိပ်ကမ်းမှာ အလုပ်သွားအလုပ်ပြန်ကြတဲ့ လုပ်သားတွေ ပျားပန်းခပ် လှုပ်ရှားသွားလာနေကြတာကို တွေ့ရပါ တယ်။
ငါးဖမ်းစက်လှေတွေ၊ ကုန်တင်ကုန်ချ စက်လှေသင်္ဘောတွေ၊ အလုပ်သမားတွေ၊ ဈေးသည်တွေနဲ့ မြိတ်မြို့ဆိပ်ကမ်းက စည်ကားသက်ဝင် လို့နေပါတယ်။ ဒါပေမယ့် အမြဲမပြတ်ကြားနေရမှာကတော့ ငှက်အော်သံ တွေပါပဲ။ တကယ့်သဘာဝ ငှက်အော်သံ တွေတော့ မဟုတ်ပါဘူး။ ငှက်သိုက် အိမ်တွေဆီကနေ ငှက်တွေလာအောင်ဖွင့်ထားတဲ့ ငှက်ခေါ်သံတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်က မြိတ်ဆိပ်ကမ်းမှာရှိတဲ့ အိမ်တစ်အိမ်ကို ဇီဝဇိုးငှက် တွေလာပြီး အသိုက်ဖွဲ့ခဲ့ကြဖူးပါတယ်။ ငှက်သိုက်က တန်ဖိုး ကြီးမားတာမို့ နောက်ပိုင်းမှာ လူတွေက ငှက်တွေလာအောင်၊ အသိုက်ဖွဲ့အောင်အိမ်ကို ဆောက်ပြီး ငှက်သံပေးကာငှက်ခေါ်ကြပါတယ်။
တိုက်လိုအဆောက်အဦကြီးတွေကို ၃ထပ်၊ ၄ထပ်ဆောက်ထားပြီး လူမနေကြပါဘူး။ ငှက်တွေလာပြီး အသိုက်တွေဖွဲ့အောင်ပဲ အထူးတလည်စီမံထားကြပါတယ်။ ဒီလိုငှက်အိမ်တွေကို မြိတ်မြို့ဆိပ်ကမ်းမှာ အများအပြားတွေ့ရပါတယ်။ နောက်ပြီး ကော့သောင်းမြို့ မှာလည်း တွေ့ခဲ့ရပါတယ်။ မြန်မာ့သဘာဝငှက်သိုက်ကျွန်းတွေကို စီမံကွပ်ကဲနေတဲ့ ပင်လယ်ပြင်ထဲက သဲဝါကျွန်းမှာတောင် ငှက်သိုက် အိမ်ဆောက်ဖို့အတွက် အခုဆိုရင် စီစဉ်နေပါပြီ။
ပထော်ပထက်ကျွန်း တောင်ပေါ်ကနေလှမ်းမြင်ရတဲ့ မြိတ်မြို့ ဆိပ်ကမ်းနဲ့ နေထွက်လာပုံ အလှအပတွေက လွမ်းလောက်စရာ ပါပဲ။ ဒီလို အလှအပကို မြင်ရ၊ ကြည့်ရ၊ ဓာတ်ပုံရိုက်ဖို့အတွက်ကိုတော့ မနက်၅နာရီ မထိုးခင်ကတည်းက တောင်ပေါ်ကိုရောက်အောင် တက်ခဲ့ကြရပါတယ်။ အရုဏ်မလာခင်မှာတော့ လျှပ်စစ်မီးရောင်စုံထိန်ညီးနေတဲ့ မြိတ်မြို့အလှကို တစ်မျှော်တစ်ခေါ် လှမ်းမြင်နေရ ပါတယ်။ ဆိပ်ကမ်းမှာ သွားလာဆိုက် ကပ်ထားတဲ့ ငါးဖမ်းစက်လှေတွေက မရေမတွက်နိုင်၊ အဝေးဆီက စက်ရုံတွေမှာလည်း မီးခိုးတလူလူတလွင့်လွင့်၊ မြိတ်မြို့ရဲ့ ကျက်သရေဆောင် 'လေးကျွန်းဆီမီးသိမ်တော်ကြီး 'စေတီတော်ကလည်း ရင်သပ်ရှုမောဖွယ် သပ္ပာယ်လွန်းလှပါတယ်။
တတိယမြောက်နေ့ နေ့လယ်မှာတော့ ငှက်သိုက်ကျွန်းတွေကို သွားဖို့အဆင်ပြေသွားပါတယ်။ ကျွန်တော်တို့စက်လှေဟာ ပထော်ပထက် ကျွန်းမှာရေချိုဝယ်ဖြည့်ပြီးတော့ ပင်လယ်ပြင်ကိုထွက်ခဲ့ပါတော့တယ်။ လမ်းခရီးတောက်လျှောက်မှာတော့ တနင်္သာရီ ဒေသရဲ့ ကမ်းလွန်ကျွန်းစုတွေကို တစ်ကျွန်းပြီးတစ်ကျွန်းတွေ့ မြင်ခဲ့ရပါတယ်။ (၅)နာရီလောက် စက်လှေ မောင်းပြီးချိန်မှာတော့ စခန်းတစ်ထောက်ဖြစ်တဲ့ သဲဝါကျွန်းကိုရောက်ပါတယ်။ သဲဝါကျွန်းကတော့ သစ်တော၊ သစ်ပင်တွေနဲ့စိမ်းစိုနေတဲ့ ကျွန်းကြီး တစ်ခုပါ။ သဲဝါကျွန်းက ငှက်သိုက်ကျွန်းမဟုတ်ဘဲ ငှက်သိုက်ကျွန်းတွေကို စီမံခန့်ခွဲပေးရတဲ့၊ ရေနဲ့ ရိက္ခာထောက်ပံ့ပေးရတဲ့ အခြေစိုက်စခန်း ကျွန်းပဲဖြစ် ပါတယ်။
သဲဝါကျွန်းကနေ စက်လှေ၁နာရီမောင်းလိုက်ရင်တော့ အံ့သြမကုန်နိုင်ဖွယ်ရာမြန်မာ့သဘာဝ ငှက်သိုက်ကျွန်းတွေဆီကို ရောက်ပါပြီ။ တနင်္သာရီဒေသမှာ ငှက်သိုက်လုပ်ကိုင်နေတဲ့ ကျွန်းပေါင်း(၇ဝ)ဝန်းကျင် ရှိတယ်လို့သိရပါတယ်။ ငှက်သိုက်ကျွန်းတွေဆီ ကျွန်တော်တို့ရောက်သွားတော့ မကြာသေးခင်ကပဲ ပြင်သစ်ရုပ်သံအဖွဲ့တစ်ဖွဲ့လာပြီးတော့ အစီအစဉ် တစ်ခုရိုက်ကူးသွားတယ်ဆိုတာ သိရပါတယ်။
ငှက်သိုက်ကျွန်းတွေက ကျောက်ဆောင်၊ ကျောက်စွန်း၊ ကျောက်ချွန်တွေအပြည့်နဲ့ပါ။ လုံးဝကျောက်သားအပြည့်နဲ့ ကျောက်ဆောင် ကျွန်းကြီးတွေပါ။ အပင်ကြီးတွေ လုံးဝမပေါက်ရောက်နိုင်သလောက်ပါပဲ။ ကျွန်တော်တို့ရောက်သွားတဲ့ရက်တွေမှာ ကောင်းကင်ကလည်းတိမ်ကင်း စင်နေပါတယ်။ ပင်လယ်အတွင်းက ကျွန်းတွေချည်းပဲရိုက်ယူရင် ဘယ်လိုမှ စိတ်ဝင်စားဖွယ် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်ငှက်သိုက်ကျွန်း လုပ်သား တွေ၊ စက်လှေမောင်းလို့ ဖြစ်လာတဲ့လှိုင်းဂယက်တွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ် အောင် ကြိုးစားရိုက်ယူခဲ့ပါတယ်။
ငှက်သိုက်ကျွန်းလုပ်သားတွေရဲ့ အဆောက်အဦဆောက်လုပ် ထားပုံကလည်း မယုံနိုင်စရာပါပဲ။ မတ်စောက်နေတဲ့ ကျောက်သားနံရံတွေကို သစ်သားဒေါက်တွေထောက်ထားပြီး အပေါ်ကနေအဆောက်အဦကို ဆောက်ထားပါတယ်။ ပြီးတော့မှ ကြိုးတွေနဲ့ဆွဲပြီး ကျားကန်ထားပါတယ်။ အဆောက်အဦးတွေအတွက် သံတစ်ချက်မှသုံးမထားပါဘူး။ စက်လှေပေါ် ကနေ အဆောက်အဦးတွေဆီ ရောက်အောင်ကြိုးလှေခါးတွေ၊ ကြိုးတွေနဲ့ တွယ်တက်ရပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ကြိုးလှေခါးကို တွယ်ပြီး တက်ရတာတောင် ကင်မရာအိတ်တွေနဲ့ဆိုတော့ မလွယ်ကူလှပါဘူး။
ငှက်သိုက်ကျွန်းပေါ်ကို ရောက်သွားချိန်မှာတော့ ကျွန်းက ကျောက်ချွန်၊ ကျောက်လှံတွေအပြည့်ပါပဲ။ ကျောက်သားတွေက ထိကြည့်၊ တီးကြည့်လိုက်ရင်သံတွေလိုပဲ တချွင်ချွင်အသံမြည်ပြီး ဓားသွားတွေလို ထက်မြနေပါတယ်။ လုံးဝကိုထိခိုက်မိလို့ မရပါဘူး။ ထိမိ၊ ခိုက်မိခဲ့ရင်တော့ ဓားနဲ့ခွဲလိုက်သလို အသားတွေကွဲပြဲကုန်မှာပါ။ ဒါပေမယ့် ငှက်သိုက်ကျွန်းက လုပ်သားတွေကတော့ အလေ့အကျင့်ဖြစ်နေကြပါပြီ။ ကျောက်ချွန်၊ ကျောက်စွန်းတွေပေါ်မှာ ကျင်ကျင်လည်လည်နဲ့ လျင်လျင်မြန်မြန်သွားလာ နိုင်ကြပါတယ်။ တချို့ဆိုရင် အကာအကွယ်ကြက်ပေါင်ဖိနပ်တောင်မစီးဘဲ သွားလာကြပါတယ်။
ငှက်သိုက်ကျွန်းရဲ့ အပေါ်ဆုံးကနေမြင်နေရတဲ့ ငှက်သိုက်စခန်း တဲအိမ်လေးတွေ၊ ပင်လယ်ရေပြင်ပြာပြာနဲ့ ကျွန်းလေးတွေ ကတော့ သာယာလှပနေပါတယ်။ ခက်ခက်ခဲခဲစိုက်ထားရတဲ့ တရုတ်စကားပန်းပင်လေးတွေကလည်း ပွင့်ဝေနေကြပါပြီ။ သဘာဝ တရားကလည်း ကြမ်းတမ်းခက်ထန်မှု နဲ့ နူးညံ့သိမ်မွေ့မှု၊ အန္တရာယ်နဲ့အလှအပတရားတို့ကို လိုက်ဖက်ညီအောင် ပေါင်းစပ်ပေး ထားသလိုပါပဲ။ ကျောက်စွန်၊ ကျောက်ချွန်းတွေရဲ့ထိပ်မှာရပ်နေ တဲ့ ငှက်သိုက်ကျွန်းလုပ်သားတွေ၊ ခက်ခက်ခဲခဲသွားလာကြရပုံတွေနဲ့ သဘာဝတရားရဲ့အလှအပတွေကို တွဲဖက်ရိုက်ယူနေမိပါတယ်။
ငှက်သိုက်တွေရဲ့သဘာဝ အနေအထားနဲ့ခက်ခဲစွာ ခူးဆွတ်ကြရ ပုံကိုလေ့လာနိုင်ဖို့အတွက် အလွယ်ဆုံးသွားလို့ရမယ့်နေရာကို လိုက်ပြပေးကြပါတယ်။ စခန်းကနေကျောက်ဆောင်၊ ကျောက်စွန်းတွေကိုခက်ခက်ခဲခဲ တွယ်တက်ပြီး တွင်းဝထိပ်ဆီကို ရောက်အောင် သွားကြရပါတယ်။ တွင်းဝထိပ်က ငုံ့ ကြည့်လိုက်တော့ တွင်းကရေတွင်းလို မတ်စောက်နေပါ တယ်။ အတွေ့အကြုံအတော်အသင့်ရှိတဲ့ ကျွန်တော်တောင် တော်တော် လေး ခက်ခက်ခဲခဲတွယ်ဆင်းခဲ့ရပါတယ်။
တွင်းရဲ့အောက်ခြေမှာတော့ လိုဏ်ဂူအကြီးကြီးရှိနေပါတယ်။ လိုဏ်ဂူကြီးရဲ့အောက်ခြေကတော့ ပင်လယ်ကြမ်းပြင်တိုင်အောင် ရောက်ပါတယ်။ အပေါ်ကနေအောက်ခြေက ပင်လယ်ရေပြင်စိမ်းလဲ့လဲ့ကို လှမ်းမြင်နေရပါတယ်။ ဂူနံရံ၊ အက်ကြောင်းတွေ အတွင်း မှာတော့ သဘာဝငှက်သိုက်တွေ ရှိပါတယ်။ ဇီဝဇိုးငှက်လေးတွေအသိုက်ပြုလုပ်ပုံသဘာဝကို စောင့်ကြည့် လေ့လာနိုင်ပါတယ်။ လိုဏ်ဂူ တွင်းမှာတော့ သာမိုမီတာတွေတပ်ဆင်ထားရှိပြီး နေ့စဉ်အပူချိန်ကို မှတ်တမ်းထားရှိကြပါတယ်။ ရာသီဥတုအပြောင်းအလဲ နဲ့ငှက်တွေ စိတ်ကြိုက်အပူချိန်ကို သိနိုင်ဖို့ပါပဲ။
တွင်းထဲကနေလိုဏ်ဂူထဲကိုဆင်းပြီး ငှက်သိုက်ခူးယူပုံတွေကို လေ့လာနိုင်ဖို့၊ မှတ်တမ်းတင်နိုင်ဖို့ အတွက်သရုပ်ပြပေးပါတယ်။ ငှက်သိုက် တွေကိုခူးမယ့်သူက သူကိုယ်ခန္ဓာကို ကြိုးနဲ့သိုင်းထားရပါတယ်။ အဲဒီကြိုးကို အဖော်တစ်ယောက်က ထိန်းထားပေးပြီး လိုအပ်သလို အတိုးအလျှော့လုပ် ပေးရပါတယ်။ ငှက်သိုက်ခူးမယ့်သူက ဂူနံရံမှာတွယ်ထားတဲ့ကြိုး၊ ဒါမှမဟုတ် ဝါးငြမ်းတွေကို အားပြု တွယ်ဆင်းလိုက်တွယ်တက်လိုက်နဲ့ ငှက်သိုက်တွေကို ခူးရပါတယ်။ လုပ်ငန်းခွင်မှာတော့ပိုပြီးကျွမ်းကျင်သူက ငှက်သိုက်တွေကို ခူးတဲ့တာဝန်ယူပြီး အဖော်တစ်ယောက်၊ တစ်ခါတလေနှစ်ယောက်ကကြိုး ထိန်းတာဝန်ကိုယူရပါတယ်။ ငှက်သိုက်ခူးသူနဲ့ ကြိုးထိန်း သူတွေဟာ အပေးအယူမျှဖို့၊ နားလည်မှုရှိဖို့ အဓိကလိုအပ်ပါတယ်။ ငှက်သိုက်ခူးသူက အသက် နဲ့အလဲအထပ်လုပ်ပြီး ခူးရတာမို့ပါ။
ငှက်သိုက်တွေကိုတစ်နှစ်မှာ ၄ကြိမ်ခူးကြပါတယ်။ ငှက်ကလေး တွေသားပေါက်ပြီး အရွယ်ရောက်လာမှအသိုက်တွေကို ခူးကြတယ်လို့သိရ ပါတယ်။ ဇီဝဇိုးငှက်လေးတွေက ဥ ဥပြီး သားပေါက်ဖို့အတွက် အသိုက်တွေ ကို ဆောက်ကြတာပါ။ လူတွေကဥ၊ မဥခင်အသိုက်ကို ခူးယူလိုက်ရင် ဇီဝဇိုး ငှက်လေးတွေက ဥ ဥနိုင်ဖို့အတွက် အသိုက်တွေကိုအချိန်မီ အမြန်ပြန်ပြီး ဆောက်လုပ် ရကြပြန်ပါတယ်။ အဲဒီအခါမှာ အသိုက်အတွက် အန်ထုတ်ရ လွန်းလို့သွေးတွေတောင် ပါလာတယ်လို့သိရပါတယ်။ ဒါကိုကြည့်ပြီး မိဘ မေတ္တာရဲ့အတိမ်အနက်ကို ခန့်မှန်းလို့ရပါတယ်။
ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းတွေထဲက သဘာဝငှက်သိုက် တွေနဲ့ မြို့ပေါ်ကငှက်ခေါ်ပြီးမွေးတဲ့ ငှက်သိုက်တွေဟာ တန်ဖိုး အားဖြင့်ရော အနှစ်သာရအားဖြင့်ရော ကွဲပြားခြားနားတယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ငှက်တွေကျင်လည်နေထိုင်ကြတဲ့ ပတ်ဝန်းကျင်အနေ အ ထား၊ စားသောက်ကြတဲ့ အစားအစာတွေနဲ့ ရာသီဥတုအခြေအနေတွေ ကြောင့် လို့ဆိုပါတယ်။
နောက်တစ်ရက် ဒီရေကျသွားချိန်မှာတော့ မြန်မာသဘာဝ ငှက်သိုက်အခြားကျွန်းတွေနဲ့ လိုဏ်ဂူကြီးကိုပို့ပေးကြပါတယ်။ ကျွန်တော်တို့ တတွေ ကျောက်ဆောင်၊ ကျောက်တုံးကြီးတွေလို့ထင်ထားခဲ့တဲ့ ကျွန်းကြီး တွေရဲ့အောက်မှာ သဘာဝလိုဏ်ဂူကြီးတွေ ရှိနေပါတယ်။ ပင်လယ်ဒီရေ အကျဆုံးအချိန်ကို ရောက်သွားမှပင်လယ်ရေအောက်မှာမြုပ်နေတဲ့လှိုဏ်ဂူဝင်ပေါက်က ပေါ်လာပါတယ်။ ဝင်ပေါက်ကျဉ်းကျဉ်းလေးကနေ စက်လှေ ငယ်လေးနဲ့ တိုးဝင်လိုက်ချိန်မှာတော့ အလွန်ကြီးတဲ့လှိုဏ်ဂူကြီးတွေကို တအံ့တသြ တွေ့ရတော့တာပါပဲ။ ဂူနံရံတွေမှာ ဝါးငြမ်းတွေဆင်ထားကြပုံ၊ ကြိုးတွေ သွယ်ထားကြပုံကလည်း အသည်းယားဖွယ်အတိပါပဲ။ ငှက်သိုက် တွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။ ဒါပေမယ့် ငှက်သိုက်ကျွန်းနဲ့ လုပ်သားတွေကတော့ ငှက်သိုက် အရေအတွက်ကို စာရင်းကောက်ပြီး မှတ်တမ်း တင်ထားပြီးပါပြီ။
ငှက်သိုက်ကျွန်းတွေရဲ့ ပတ်ပတ်လည်နဲ့ တောင်တွေပေါ်မှာတော့ လုံခြုံရေးဝန်ထမ်းတွေရှိနေကြပါတယ်။ သူတို့တတွေက မြန်မာ့သဘာဝငှက် သိုက်တွေကို ခိုးယူမခံရလေအောင် နေ့ညမပြတ်စောင့်ကြည့်နေပါတယ်။ ပင်လယ်ပြင်ကြီးထဲက ကျွန်းတွေပေါ်မှာ ရက်ရှည်လများ ခက်ခဲကြမ်းတမ်း စွာယောင်္ကျားလေးတွေချည်းပဲ နေထိုင်ကြရတဲ့သူတို့ဘဝတွေကလည်း စိတ်ဝင်စားစရာတွေပါပဲ။ အများစုကတော့ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကို အလေးအမြတ်ပြုကြပါတယ်။ ဥပမာ စခန်းကင်းတဲရဲ့ အမြင့်ဆုံး နေရာတွေမှာ လက်ဝါးကပ်တိုင်တွေကို စိုက်ထူထားတာမျိုး၊ ဘုရားစင်ကို မွန်မွန်မြတ်မြတ်ထားကြတာမျိုး အစရှိသည့်ဖြင့်ပေါ့။
မြန်မာ့သဘာဝငှက်သိုက်ကျွန်းတွေဟာ ပုံသဏ္ဌာန်နဲ့အရွယ် အစားတွေကွဲပြားခြားနားကြပါတယ်။ တချို့ကျွန်းတွေက အရွယ် အစားကြီးမားပြီး တချို့ကျွန်းတွေကတော့ ကျောက်ဆောင်၊ ကျောက်စွန်းလောက်ပဲရှိပါတယ်။ ဒါပေမယ့် အားလုံးနီးပါးက ကျောက်သား အပြည့်နဲ့ကျောက်တောင် ကျွန်းတွေဖြစ်ပြီး ကျွန်းပေါ်ကိုတက်ဖို့နဲ့၊ သွားလာဖို့ခက်ခဲကြပါတယ်။ ကျွန်း တွေရဲ့ အမည်တွေကလည်း မြေပုံထဲမှာဖော်ပြထားတာနဲ့ ဒေသခံတွေရဲ့ အခေါ်တွေ တစ်ခါတစ်ရံကွဲပြားနေတတ်ကြပါသေးတယ်။ ကျွန်းတွေရဲ့ အနီးဝန်းကျင်မှာတော့ ရေပြင်ကကြည်လင်စိမ်းလဲ့နေပါတယ်။ ရေအောက်ကြမ်း ပြင်ထိအောင်မြင်နေရပါတယ်။

တန်ဖိုးကြီးမားလှသော ဇီဝဇိုး ငှက်များ၏ ငှက်သိုက်

Oh! You come to my blog. Welcome....
 

တနင်္သာရီတိုင်း၊ မြိတ်မြို.၊ ကမ်းနားလမ်းတွင် တည်ရှိသည်. အထက်ပါနေအိမ်သည် အလွန်တန်ဖိုးကြီးမားသည်. ငှက်သိုက်များ အန်ထုတ်ပေးသည်. ငှက်များအသိုက်ဖွဲ. နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ် နီးပါးရှိလာခဲ့ပြီဖြစ်ပါသည်​။

တစ်ပိသာလျင် သိန်းသုံးဆယ်ဝန်းကျင်မျှ တန်ကြေးရှိသည်. အဆိုပါငှက်သိုက်များကို ပြုလုပ်ပေးနေသည်. ငှက်မှာ ဇီဝဇိုး ငှက်ဖြစ်သည်။ ထိုငှက်၏သဘာဝသည် အမှန်အားဖြင့် လူနှင့်ဝေးသည်.ကျောက်ဆောင် လိုဏ်ဂူများကြားတွင် နေထိုင်လေ့ရှိသည်။ အုပ်စုဖွဲ.နေတတ်၍ တစ်အုပ်စုလျှင်ထောင်ပေါင်းများစွာပါဝင်၏။ မြေပြင်တွင်ကျက်စားလေ့မရှိေ​ ပ။ ဝေဟင်နှင့် ပင်လယ်ရေပြင်ထက်တွင် ပျံသန်းစဉ် တောင်ပံပါအင်းဆက်များကို ဖမ်းယူစားသောက်ပေသည်။ သို.သော်လည်း အခုလိုလူနေထူထပ်သည်. နေရာတွင် ဤကဲ့သို. အိမ်အတွင်း၌ အသိုက်ဖွဲပြီး နေထိုင်ခဲ့ခြင်းမှာ အထူးပင်အံ့သြဖွယ်ဖြစ်ပေသည်။

ထိုငှက်လေးများသည် စာကလေးအရွယ်ခန်.သာရှိပြီး မီလီမီတာ၁၀၀ မှ ၄၀၀ အတွင်းရှိသည်။ ပျံလွှားငှက် အမျိုးစားတွင်ပါဝင်သည်။ ကျောဖက်ငှက်မွေးမှာ အမဲရောင်ရှိပြီး ၀မ်းဖက်ငှက်မွေးမှာ မီးခိုးရောင်ဖြစ်နေ၏။ ဦးခေါင်းမှာ သေးလုံးနေပြီး ကတော့ပုံရှိ မာသောနုတ်သီးနှင်. ကျယ်သော ပါးစပ်ပေါက်ရှိသည်။ တောက်ပံသည်ချွန်ပြီး အမြီးတိုသောကြောင့် ပျံသန်းမှု.ကို လျှင်မြန်စေသည်.အပြင် ညအိပ်သည်.အချိန်မှလွဲ၍ တနေ.လုံးပျံသန်းနိုင်သည်။ တိုပြီးကောက်နေသော ခြေသည်းပါသည်. ခြေလေးချောင်းရှိ၏။ ခြေချောင်း လေးချောင်းအနက်(၃) ချောင်းသည်အရှေ့ဖက်သို. ကား၍ညွန်.နေသောကြောင့် ကျောက်ဆောင် အစွန်းနှင့် အဆောက်အဦးများတွင် ခိုင်မြဲစွာ ကုတ်တွယ်ထားနိုင်သည်။

ထိုဇီဝစိုးငှက်လေးများသည် တိမ်ရှိသည်.နေရာထိမြင့်မားစွာ ပျံသန်းနိုင်၍ အမြင်အာရုံစူးရှပြီး လျှင်မြန်ဖြတ်လတ်၏။ ထို.ကြောင့် တချို.က တိမ်ညွန်.ကို စားသည်.ငှက်ဟု တင်စားခေါ်ဝေး၏။ မျိုးပွားရာသီဖြစ်သော ဇန်န၀ါရီလ၊ ဧပြီလနှင့် သြဂုတ်လများတွင် ငှက်သိုက်ပြုလုပ်တတ်သည်။ ၎င်းတို.၏အသိုက်များသည် အခြားငှက်များကဲ့သို. သစ်ရွက် သစ်ကိုင်းများဖြင့် မပြုလုပ်ပဲ ထူးဆန်းစွာ အာခေါင်မှ အစေးတမျိုးကို အန်ထုတ်၍ အသိုက်ပြု.လုပ်ကြသည်။ ငှက်၏တံတွေဂလင်းမှ စစ်ထုတ်လိုက်သော တံတွေရည်များနှင့် ချေဖျက်ပြီး အစာချေရည်တချို.ပါဝင်၏။ ယင်းတံတွေများသည် လေနှင်ထိတွေသည်.အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါ ထပ်ခါအံပြီး နုတ်သီဖြင့် ခွက်ပုံသဏ္ဍန်ဖော်ပေးသည်။ တခါတရံ အံရလွန်းသဖြင့် သွေးစလေးများပင် ပါလာတတ်ပေသည်။
တိုကဲ့သို. အသိုက်ပြုလုပ်ခြင်းကို ဇီဝစိုး ငှက်အထီးကသာ ပြုလုပ်ပေးသည်။ ငှက်သိုက်မှာ မိခင်ငှက်မတစ်ကောင်နှင့် ငှက်ပေါက်စနှစ်ကောင် နေရန် လုံလောက်သည်။ ယင်းအသိုက်များတွင် ငှက်မများဝင်ဥကြသည်။ တစ်နှင်လျင် နှစ်ကြိမ်ဥပြီး တစ်မြုံလျင် ဥနှစ်လုံးရှိသည်။ အများအားဖြင့် အထီးတစ်ကောင် အမတစ်ကောင်ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လကြာမျှ ကျွေးမွေးပြုစုပြီးနောက် အသိုက်မှဆင်း သွားကြသည်။ အဖြူရောင်ငှက်သိုက်တွင် အဖြူရောင်ငှက်မွေများပါပြီး​၊ အမဲရောင်ငှက်သိုက်တွင် အမဲရောင်ငှက်မွေးများ ပါရှိသည်။

ငှက်သိုက်၏ နဂိုပုံသဏ္ဍန်မှာ အဖြူရောင် ခွက်ပုံသဏ္ဍန်လုံးလုံးလေးတြွေ​ ဖစ်သည်။ထိုငှက်သိုက်ကို ရေနှင့်တစ်ည စိမ်လိုက်ပါက ဆေးကုလားမကဲ့သို. ဖြစ်သွားပေသည်။ ၎င်း၏ပင်ကိုယ်အရသာမှာ အနည်းငယ် ညှီစို.သောအရသာရှိသည်။ အရသာရှိစေရန် နို.၊သကြား အစရှိသည်. အရာများဖြင့်ရောစပ်ပြီး သောက်သုံးကြပါသည်။ နလံထလူမမာများ၊ ခွဲစိတ်ပြီးစလူနာများ (အနာကျက်မြန်စေရန်)၊သက်ကြီး​ရွယ်အိုများ သောက်သုံးကြပါသည်။ကုန်ခမ်းသွားသောအားအင်များကိုအမြန်ဆုံး ပြန်လည်ပြည်.ဝ

စေသည်ဟုဆိုပါသည်။ တရုတ်ပြည်တွင် အထူးနှစ်သက်စွာ ဈေးကြီးပေးဝယ်ပြီး စားသောက်ကြပါသည်။ သုံးလလျှင်တကြိမ်ခန်. အသိုက်ခွါယူရောင်းချပါသည်။ တကြိမ်ရောင်းရငွေမှာ သိန်းငါးဆယ်မှ သိန်းခြောက်ဆယ်ခန်.ရရှိပါသည်။

အခုချိန်တွင် အဆိုပါအိမ်မှ မျိုးပွားလာသည်.ငှက်ကလေးများသည် ဤအိမ်တဆောင်တည်းတွင် မလုံလောက်ပါသဖြင့် အနီးနား ပတ်ဝန်းကျင်အိမ်များသို. ပျံ.နံ.နေထိုင်ပြီး အသိုက်လုပ်နေထိုက်လျက်ရှိသည်။ အခုနောက်ပိုင်း ဆောက်လုပ်သည်.အိမ်များတွင် ငှက်များနေထိုင် ရန်အတွက် အပေါ်ဆုံးတွင်သီးသန်. တထပ်ဆောက်လုပ်ပြီး ငှက်ခေါ်သံ အတုဖန်တီးပြီး မြူဆွယ်ခေါ်ယူလျက်ရှိသည်။ တချို.မှာ ပုံတွင်ပြထားသကဲ့သို. သီးသန်.လူမနေပဲ သိန်းထောင်ချီတန်သည်. သုံးထပ်တိုက်တစ်လုံးဆောက်၍ ခေါ်ယူကြပါသည်။

ဆေးမသုတ်ထားသော ငှက်ခေါ်ရန်သီးသန်. ဆောက်လုပ်ထားသည်. ပြတင်းပေါက်မရှိသော ကွန်ကရက်သုံးထပ်တိုက်။ (ခေါ်ယူချိန် တစ်နှစ်အတွင်းတွင် ငှက်များအသိုက်လာစွဲနေပါပြီ​။)

ဤကဲ့သို.ခေါ်ယူလျင်လည်း တနှစ်လောက်ကြာလျင် ငှက်များဝင်ရောက် အသိုက်ဖွဲ.နေထိုင်လျက်ရှိပေ​သည်.။ ငှက်ခေါ်သံအတုကို စီဒီအခွေဖြင့် နှစ်ဆယ့်လေးနာရီဖွင့်ထားလျှ​င် မိုင်ငါးဆယ်ပတ်လည် အဝေးမှရှိနေသည်. ငှက်များပင် ကြားနိုင်သည်ဟု. ဆိုပါသည်။ အကယ်၍ ဤကဲ့သို. ခေါ်ယူ၍ ငှက်များအသိုက်လာမစွဲနိုင်လျှင် ယခင်အသိုက်စွဲထားသော အိမ်များမှငှက်၏မစင်ကိုယူ၍ ကြဲပက်ထားလိုက်လျှင် အဆိုပါမစင်အနံ.ကြောင့် မကြာမှီအသိုက်လာစွဲသည်ဟုလည်း သိရပါသည်။ ထို.ကြောင့် အဆိုပါငှက်၏ မစင်များသည်လည်း ဈေးကောင်းပေးဝယ်နေကြပါသည်။ အခု.ချိန်တွင် မြိတ်မြို.နေရာ အတော်များမျာတွင် ငှက်ခေါ်သံ တညံစီစီဖြင့် ကြားနေရပေသည်။


စာချစ်သူမိတ်ဆွေများ ဗဟုသုတရစေခြင်းအလို.ငှာပြန်လည် မျှဝေဖော်ပြပေးထားခြင်းဖြစ်ပါ တယ်။