LOAD HTAR PAR

Saturday, January 21, 2012

စိတ်ညှို့ ဂိုဏ်းကြီး (၃)ဂိုဏ်းတို့ ၏ နည်းနာနိဿများ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...


မက်စ်မားဂိုဏ်း။           ။ မက်စ်မား ဆရာကြီးကိုယ်တိုင် လူနာများကို ညှို့ ရာဠ် သီးသန့် ထားသောအခန်းထဲတွင် မီးခပ်မှိန်မှိန်ထွန်း၍ မိမိကိုယ်တိုင်လည်း မျက်လှည့်ဆရာ ၊မှော်ဆရာ အ၀တ်အစားများဝတ်ဆင်လျက် အတီးအမှုတ်တူရိယာများကို ဖြေးညှင်းညင်သာယာစွာ တီးမှုတ်စေသည့်အပြင်တောက်ပသော မှန်များ၊သံလိုက်များ နှင့်ထွန်းညှိထားသောအမွှေးတိုင်များလည်း ရှိလေသည်။ဤကဲ့ သို့  စီမံထားသော အခန်းထဲတွင် လူနာများကိုအသီးသီးထိုင်စေ၍ မက်စ်မား ဆရာကြီးသည် လူနာများ၏ရှေ့ မှောက်သို့ လာပြီးအချို့ ကို လက်နှင့်ကိုင်ထိလျက် ၊ အချို့ ကို မျက်စိဖြင့် စိုက်ကြည့်လျက် ၊ အချို့ ကိုလက်ဖြင့် အထက်မှ အောက်သို့  သုံးသပ်လျက် မနောစိတ်ဓါတ်ကိုလွှတ်၍ညှို့ တတ်လေသည်။

နင်စီဂိုဏ်း။         ။ နင်စီးဂိုဏ်းကိုတည်ထောင်ထားသော လီဘော့ဆရာကြီး၏ညှို့ နည်းမှာ လူနာကိုငြိမ်သက်စွာ အနေခိုင်း၍ စိတ်အားထက်သန်စွာ လေးနက်သောအသံဖြင့်
အမိန့် အာဏာပေးလေသည်။ငုင်းအာဏာစက်ဖြင့် သြဇာတည်စေ၍ အလိုရှိရာညှို့ လေသည်။ငုင်းသြဇာလွှမ်းမိုးနေစဉ် အညှို့ ခံရသူ၏စိတ်တွင်ဆရာကပြောရာ အမိန့် ပေး
ရာကို ထင်မြင်စေလေသည်။ဤကဲ့ သို့ အမိန့် အာဏာပေးခြင်းမှာ ဂါထာမန္တန်ကိုရွှတ်ဖတ်သည်နှင့်တူလေသည်။
ချာကော့ဂိုဏ်း ။       ။ ဘရိတ်ဆရာကြီး၏နည်းကိုလိုက်နာသော “ချာကော့ ညှို့ နည်းမှာ လူနာကိုနှစ်သိမ့်စွာထိုင်လျက်ဖြစ်စေ ၊ အိပ်လျက်ဖြစ်စေ ၊ ထားပြီးလျှင်တောက်ပ
သော အရာဝတ္တုတစ်စုံတစ်ခုကို မျက်စိအထက်နားမှပြလျက် ငုင်းအရာကို လူနာအား စိုက်၍ ကြည့်နေခြင်းဖြင့် မျက်စိညောင်း၍အာရုံစူးစိုက်မိသောအခါလူနာသည် သတိ
လစ်၍မျောက်မျဉ်းအိပ်ပျော်သွား၏။ထိုအခါဆရာကြီးကအလိုရှိရာကို ညှို့ လေသည်။တောက်ပပြောင်လက်သောအရာအစားမှန်ကိုလည်း အသုံးပြုတတ်လေသည်။စိတ်ညှို့ 
အိပ်မွေ့ ပညာတွင် ပထမမူလဂိုဏ်းကြီးသုံးဂိုဏ်းတို့ ၏ သမိုင်းအကျဉ်းမှာ အထက်က ဖော်ပြခဲ့သည့်အတိုင်းဖြစ်လေသည်။ယင်းနည်းနာနိသျများ အားလုံးကို ဖြစ်စေ ၊ကြိုက်
နှစ်သက်ရာကိုဖြစ်စေ လေ့ကျင့်လိုက်နာပြီးလျှင် မိမိတို့ ညဏ်ရှိသလောက်ချဲ့ ထွင်အသုံးချနိုင်လေသည်။စိတ်ညှို့  အိပ်မွေ့ ပညာတွင် ကိုယ်တိုင်သုတေသနလုပ်၍အသုံးပြုလျှင်
များစွာသော အကျိုးကိုဖြစ်စေနိုင်လေသည်။အာရုံအမျိုးမျိုးကိုလှည့်စား၍ရယ်ရွှင်မှုကိုဖြစ်စေခြင်း စသည်တို့ ကို အပထား၍အထက်တန်းအိပ်မွေ့ ပညာများကိုပေါက်ရောက်
အောင် ကြိုးစားလေ့လာမှ အဖိုးတန်လေသည်။ရောဂါဝေဒနာ အမျိုးမျိုးကိုညှို့ ၍ ကုသခြင်းနှင့် အဘိဥာည်တန်ခိုးဖြစ်သောအကြားအမြင်ပေါက်ခြင်း စသည့် အဆင့်အတန်း
များသို့ ရောက်မှ အလွန်အဖိုးထိုက်တန်ပြီးလျှင် စိတ်ဝင်စားဖွယ်ဖြစ်လေသည်။
စိတ်ညှို့ အိပ်မွေ့ ပညာကို လိုက်စားလေ့လာမည့်သူများတွင် ပထမလိုအပ်သော အရည်အချင်းတစ်ခုမှာ ကိုယ်လက်ကျန်းမာခြင်းဖြစ်လေသည်။ကိုယ်လက်ကျန်းမာမှ ညှို့ ဓာတ်
ထက်မြက်သည်။ကျန်းမာခြင်းချို့ တဲ့ပါက ညှို့ ဓာတ်လည်း ဆုတ်ယုတ်လေသည်။ကိုယ်လက်ကျန်းမာသော သူသည် အခြားသူအားအနည်းနှင့် အများညှို့ နိုင်လေသည်။သြဇာ
တည်စေသည်။ကျန်းမာခြင်းအပြင် စိတ်စူးစိုက်စွဲမြဲခြင်း ၊ ပညာကိုယုံကြည်ခြင်း ၊ မိမိ၏တန်ခိုးကို မိမိယုံကြည်စိတ်ချခြင်း စသည်တို့ သည်လည်းလိုအပ်လေသည်။
ယင်းပြင် သူတစ်ပါး၏စိတ်ကို လွှမ်းမိုးအုပ်ချုပ်နိုင်ရန်မှာ ပထမ မိမိ၏စိတ်ကို မိမိနိုင်နင်းအုပ်ချုပ်နိုင်ရမည်။ မိမိကိုယ်ကို မိမိမအုပ်ချုပ်နိုင်လျှင် သူတစ်ပါးကိုလည်းအုပ်ချုပ်ရန်
ခဲယဉ်းပေလိမ့်မည်။ထို့ ကြောင့် မိမိသည် ကိုယ်လက်ကျန်းမာစေရန်နှင့် စိတ်တန်ခိုးကြီးမားရင့်သန်စေရင်ကြိုးစားရမည်။ကိုယ်လက်ကျန်းမာစေရန်မှာ ကျန်းမာရေးနှင်ညီညွတ်
အောင်နေထိုင်စားသောက်ရမည်။က္ကုရိယာပုထ်မျှတအောင် ကိုယ်လက်လှုပ်ရှားခြင်းကိုနေ့ စဉ်ပြုလုပ်ရမည်။မူးယစ်စေတတ်သော အစားအသောက်များကိုလည်း ရှောင်ကြဉ်
ရမည်။စိတ်တန်ခိုး အရှိန်ကြီးမားရင့်သန်စေရန်မှာ မည်သည့်အလုပ်အကိုင်ဖြစ်စေ ပြလုပ်ဆောင်ရွက်ရာ၌မရမနေတစ်ခုတည်းသော စိတ်သာထား၍စိတ်အားထက်သန်စွာနှင့်
ဆောင်ရွက်ရမည်။

No comments:

Post a Comment