LOAD HTAR PAR

Tuesday, January 17, 2012

Google နဲ့ပတ်သတ်လို့ပြောပြချင်တယ်ဗျာ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

Google ကအခုဆိုရင် search engine သာမက တခြားဝန်ဆောင်မှုတွေ (services) ကို ပုံစံအမျိုးမျိုးနဲ့ ပေးနေတာ အတော်ကြာခဲ့ပါပြီ။ ဥပမာအားဖြင့် Gmail, GoogleTalk, YouTube, Picasa, Blogspot, GoogleDoc, Translation, Groups, စသည်ဖြင့်။ ဒီလိုဆိုတော့ Google နဲ့ ပက်သက်ပြီး ကိုယ်ပိုင်အချက်အလက်တွေရဲ့ လုံခြုံမှုကို မစိုးရိမ်မိဘူးလား။ စိတ်သိပ်မပူပါနဲ့ Google က သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ကာကွယ်ဖို့ နည်းလမ်းတွေ အဆင်သင့်ပေးထားပါတယ်။ နည်းလမ်းတွေအများကြီးထဲက သိထားသင့်တဲ့ အချက်ကောင်း ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ကိုယ်ပိုင်အချက်အလက်တွေရဲ့ အခွင့်အရေးကိုသိထားပါ
Google ရဲ့ ကိုယ်ပိုင်အချက်အလက်ဆိုင်ရာဗဟိုမှာ (Google Privacy Center) သူတို့ရဲ့ မူဝါဒတွေ (policies) ကို အသေးစိတ်ဖော်ပြထားပါတယ်။ ဒီအပြင် ကိုယ်ပိုင်အချက်အလက် လုံခြုံမှုနဲ့ပက်သက်ပြီး လိုက်နာသင့်တဲ့ အလေ့အကျင့်တွေကို ဝန်ဆောင်မှုတစ်ခုခြင်းစီအတွက် ဖော်ပြပေးထားပါတယ်။ မူဝါဒတွေကို ဥပဒေကြောင်းအရ ရေးထားတာကြောင့် သာမန်လူတွေအတွက် နားလည်ဖို့ ခက်တယ့်အတွက် Google ရဲ့ YouTube က ကိုယ်ပိုင်လိုင်း ဖြစ်တယ့် “Privacy Channel” မှာ နားလည်ရလွယ်အောင် ရုတ်ရှင်အတိုလေးတွေနဲ့ ရှင်းပြထားပါတယ်။ “Google Search Privacy” နဲ့ “Google Privacy Tips” ဆိုတယ့် ရုတ်ရှင်တွဲတွေကို ကြည့်ပါ။
၂။ သင့်ရဲ့အချက်အလက်တွေကို ကာကွယ်ပါ
သင့်ရဲ့အချက်အလက်တွေကို online ပေါ်ကိုတင်တယ့်အခါ ပုံမှန်အားဖြင့် တခြားလူတွေအကုန်လုံးက ကြည့်လို့ရတယ့် သတ်မှတ်ချက် (setting) ကို Google ရဲ့ ဝန်ဆောင်မှုတွေက အလိုလျောက်လုတ်ပေးတက်ပါတယ်။ ဒါဆိုရင် ကိုယ်ပိုင်အချက်အလက်တွေကို တခြားမကောင်းတယ့်လူတွေရန်က မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် Google က အချက်အလက်တွေကို ကာကွယ်ဖို့ သတ်မှက်ချက်တွေကို ရွေးချယ်ခွင့်ပေးထားပါတယ်။ ဥပမာ Picasa မှာ ဓာတ်ပုံတွေတင်တယ့်အခါ သီးသန့်ဆိုတယ့် သတ်မှတ်ချက်မျိုးကို ရွေးခြင်းအားဖြင့် သင့်ရဲ့ကိုယ်ပိုင် လုံခြုံမှုကို ကာကွယ်နိုင်ပါတယ်။ နောက်ဥပမာတစ်ခုက Google Chat ကို သုံးတယ့်အခါမျိုး ရည်းစားက ကိုယ့်ရဲ့ Gmail ကို မကြာခဏစစ်တတ်တယ်ဆိုရင် “off the record” ဆိုတယ့် သတ်မှက်ချက်ကို သုံးပါ။
၃။ Chrome browser ရဲ့ အကြံပြုချက်ဆိုတယ့် feature ကို မသုံးပါနဲ့
မူလအားဖြင့် Chrome က သင်သွားခဲ့သမျှ Web sites တွေကို အလိုလျှောက်သိမ်းပေးထားပါတယ်။ ဒါမှသာ Omnibox ထဲမှာ ရိုက်လိုက်ရင် ဘယ်ကိုသွားချင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်မှာ ဖြစ်လို့ပါ။ Chrome ရဲ့ Options အောက်က “Under the Hood” မှာ “User a suggestion service” ကို ရွေးချယ်ထားတာကို ဖျက်လိုက်ပါ။ ဒါဆိုရင်တော့ သင်ဘယ် Web sites တွေကို သွားခဲ့တယ်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ပါဘူး။
၎။ Google ရဲ့ Web History ကိုမသုံးပါနဲ့
Google မှာ စစခြင်း account လုတ်တုန်းက Web History ဆိုတယ့် အချက်ကို ရွေးကောင်းရွေးမိကြမှာပါ။ Personalised Search လို့လည်းခေါ်ပါတယ်။ ဒါဆိုရင်တော့ Google က သင့်ရဲ့ ရှာဖွေမူသမိုင်းကြောင်းတခုလုံးကို သိမ်းထားမှာပါ။ သင်ကိုတိုင် အချက်အလက်တွေကို မဖျက်မခြင်း ဒါမှမဟုတ် အဲဒီ feature ကို မပိတ်မခြင်း တသက်လုံး သိမ်းထားမှာပါ။
၅။ Google ရဲ့ စိတ်ဝင်စားမှုကို အခြေခံတယ့် ကြော်ညာအစီအစဉ်သစ်ကို မသုံးပါနဲ့
Google နဲ့ သူ့တွဲဖတ် third-parties တွေ မကြာခင်က စတင်လိုက်တယ့် ကြော်ညာအစီအစဉ်သစ်က သင်ရှာခဲ့သမျှ အကြောင်းအရာတွေ အကုန်လုံးကိုခြေခံပြီး သင်နဲ့ပိုမိုနီးစပ်မယ့် ကြော်ညာတွေကို ဖော်ပြမှာပါ။ ဒါပေမယ့် ကြော်ညာဟာ ကြော်ညာပါပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကြည့်နေရမှာပါပဲ။ မကြိုက်ရင်တော့ အဲဒီအစီအစဉ်ထဲ ဝင်မပါနဲ့။ ဒီနေရာကိုသွားကြည့်ပြီး ပြင်လို့ရပါတယ်။ http://www.google.com/privacy_ads.html
၆။ Gmail ကို SSL နဲ့ သုံးပါ
Gmail မှာ email တွေကို encrypt လုတ်ပြီးသုံးခြင်းဖြင့် လုံခြုံမှုကို ပိုကောင်းစေပါတယ်။ မှုလအားဖြင့် Gmail log-in အချက်အလက်တွေကို SSL သုံးပြီး အလိုလျှောက် encrypt လုတ်ပေးပါတယ်။ ဒါပေမယ့် Gmail ထဲရောက်သွားပြီးရင်တော့ SSL encryption မရှိတော့ပါဘူး။ email သုံးရတာနှေးမှာစိုးလို့ SSL encryption ကို log-in အဝင်လေးမှာပဲ သုံးထားတာပါ။ အကယ်ရွေ့ တချိန်လုံး လုံခြုံမှုအပြည့်အဝ ရှိချင်တယ်ဆိုရင်တော့ Gmail ရဲ့ Settings အောက်က General မှာ Browser connection: “Always use https” ဆိုတာလေးကို ရွေးလိုက်ရုံပါပဲ။

No comments:

Post a Comment