LOAD HTAR PAR

Saturday, January 21, 2012

လိပ်ပြာလွင့်တယ်ဆိုတာ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...


ကျွန်တော်တို့ကို လူကြီးတွေပြောနေကြစကားလေးကို ကြားဖူးကြမှာပါ။”လိပ်ပြာလွင့်တယ်” တဲ့။လိပ်ပြာလွင့်တယ်ဆိုတာ တစ်ကယ်တော့ ကိုယ့်ရဲ့ မသိစိတ်ထဲကဖြစ်ပေါ်နေတဲ့ ဒြပ်မဲ့ခန္ဒာကိုယ်က လေထဲကိုလွင့်မျောနေတာကိုခေါ်တာဖြစ်ပါတယ်။လိပ်ပြာက ဘယ်လိုအချိန်မျိုးနဲ့ ဘယ်လိုအခြေအနေမျိုးမှာလွင့်တတ်လဲ? ဟုတ်ကဲ့.. ကျွန်တော်သိသလောက်တော့လိပ်ပြာဟာ ညသန်းခေါင်ယံအချိန်မျိုးမှာအများဆုံးလွင့်တတ်ပါတယ်။ဘယ်လိုအခြေအနေမျိုးနဲ့ လွင့်တတ်ပါလဲဆိုတော့ မိမိခန္ဒာကိုယ်က ပက်လက်အခြေအနေမျိုးပုံစံမှာဖြစ်တတ်ပါတယ်။တစ်ကယ်တမ်း လိပ်ပြာလွင့်နေတဲ့အခြေအနေမျိုးကို သာမန်လူများမသိနိုင်ကြပါ။လူတိုင်း လိပ်ပြာလွင့်နိုင်ကြပါတယ်… လိပ်ပြာလွင့်နေတဲ့အချိန်မှာ မိမိခန္ဒာကိုယ်ဟာ ပုံရိပ်တစ်ခုပွားပြီးပေါ်လာပါတယ်။အဲဒီပုံရိပ်ဟာ အပေါ်သို့ ဖြည်းဖြည်းချင်းကြွတက်လာပြီး အောက်ဘက်ရှိမိမိခန္ဒာကိုယ်ကို အတိုင်းသားမြင်နေရပါတယ်။ထိုအခြေအနေမျိုးမှာ မိမိခန္ဒာကိုယ်ကို တွယ်တာတပ်မက်တဲ့စိတ်မရှိတာကို အံ့သြဖွယ်တွေ့ မြင်ရမှာဖြစ်ပါတယ်။ထို့ နောက် မိမိရဲ့ မသိစိတ်ဟာ ပုံရိပ်ပွားထဲကို ရောက်ရှိနေပါတယ်။ပုံရိပ်အဖြူရောင်အား မိမိအလိုရှိရာအရပ်သို့  စေခိုင်း၍သွားရောက်လည်ပတ်နိုင်တယ်။မိုင်ပေါင်းထောင်ချီဝေးလံသောနေရာဖြစ်စေကာမူ
စက္ကန့် ပိုင်းအတွင်းရောက်ရှိအောင် သွားနိုင်တဲ့အစွမ်းသိဒ္ဒိရှိပါတယ်။
သို့ သော် တစ်ခါတစ်ရံက လိပ်ပြာသည်ပင်ပန်းနေသောအခါ( မိမိ ပင်ပန်းနေချိန်တွင် ) မိမိ မူလခန္ဒာကိုယ်သို့ မ၀င်နိုင်ဘဲ လမ်းတစ်ဝက်မှာ ခရီးတန့် နေတတ်ပါတယ်။ထိုအခါမျိုးမှာ မိမိခန္ဒာကိုယ်ဟာ ဘီလူးစည်းသလိုမျိုးဖြစ်နေပါတယ်။ဒါကို အရပ်စကားနဲ့  လိပ်ပြာလွင့်တယ်… ဘီလူးစည်းတယ်လို့ ခေါ်ကြပါတယ်။တစ်ကယ်
တော့ ဒါဟာပယောဂရောဂါတစ်မျိုးမဟုတ်ပါဘူး။မိမိ လိပ်ပြာဟာ လမ်းတစ်ဝက်မှာ အားအင်ကုန်ခမ်း၍ ခန္ဒာကိုယ်ထဲသို့ မ၀င်နိုင်ခြင်းသာဖြစ်ပါတယ်။ထိုအခြေအနေမျိုးတွင် တတ်
ကျွမ်းသော စိတ်ညှို့ ပညာရှင်ဆရာက ကုသ၍ပျောက်ကင်းနိုင်ပါသည်။ကုသနည်းတစ်ချို့ မှာ ညဘက်အိပ်ယာဝင်ချိန်တွင် မိမိခန္ဒာကိုယ်အား ပက်လက်အိပ်စက်ခြင်းမပြုဘဲ ၊ဘေး
တစ်စောင်းအနေအထားသို့ ပြောင်းရွေ့ အိပ်စေ၍ သက်သာပျောက်ကင်းစေနိုင်ပါတယ်။စာဖတ်ပရိသတ်များလည်း ထို လိပ်ပြာလွင့်နည်းကိုသိချင်ကြမယ်လို့ ထင်ပါတယ်။
လိပ်ပြာလွင့်တယ်ဆိုတာ တစ်ကမ်းတမ်းလုပ်ကြည့်ရင်လွယ်ကူပါသည်။ ဒါပေမယ့် မိမိလိပ်ပြာက လမ်းတစ်ဝက်မှာတန်းလန်းဖြစ်ပြီး ဆက်မသွားနိုင်မှာစိုးရိမ်မိပါတယ်။ လိပ်ပြာလွင့်
နည်းကတော့ – တိတ်ဆိတ်အေးချမ်းသော ညအချိန်တွင် အိပ်ယာထက်၌ သက်တောင့်သက်သာ ပက်လက်အနေအထားဖြင့်အိပ်စက်ပါ။မိမိ စိတ်ကို ဟာလာဟင်းလင်းပြင်ဖြစ်
အောင် ထားကြည့်ပါ။ များမကြာမီအချိန်တွင် မိမိသည် ငိုက်မျဉ်းအိပ်ပျော်သွားလိမ့်မည်။ဒီအချိန်မှာ မိမိ မသိစိတ်ဖြင့် ဆက်အလုပ်လုပ်ရပါမယ်။မသိစိတ်ဖြင့် ခန္ဒာကိုယ်အား ကိုယ်
ပွားတစ်ခုအဖြစ်ပြောင်းလဲ၍ ပင့်တင်ပါ။မိမိစိတ်ထဲတွင် တစ်ကယ် ပင့်တက်လာသည်ဟုတွေးထင်ရမည်။ တစ်ကြိမ်ဖြင့်မရပါက အားမလျော့ပါနှင့်။ အကြိမ်ကြိမ်ပြုလုပ်ပါ။တစ်ကြိမ်
တွင် သင့်ခန္ဒာကိုယ်သည် အပေါ်ဘက်သို့ ကြွတက်ပင့်တင်လာပါလိမ့်မည်။ထိုအခါ ကြောက်လန့် စိတ်မဖြစ်ပါနှင့်။ပျော်စရာအဖြစ်သတ်မှတ်လိုက်ပါ။မိမိ ပျံသန်းကြည့်ပါ။ အိုကေ…
ပျံသန်းနိုင်ပြီဆိုရင် မိမိရဲ့ လိပ်ပြာလွင့်တဲ့အတတ်ပညာဟာ ဖြစ်မြောက်သွားပြီဖြစ်ပါတယ်။ထိုလိပ်ပြာလွင့်နေတဲ့အချိန်မှာ မိမိဟာ အားအင်ပြည့်ဝနေဖို့ တော့လိုအပ်ပါတယ်။ဒါမှ
ဝေးလှံလှတဲ့ နေရာတွေကို ခရီးထွက်နိုင်မှာဖြစ်ပါတယ်။ကဲ… အခုဆိုရင် စာဖတ်သူတွေလည်း လိပ်ပြာလွင့်တဲ့အကြောင်းကို သိသင့်သလောက်သိရပြီထင်ပါတယ်။

No comments:

Post a Comment