LOAD HTAR PAR

Tuesday, January 17, 2012

အံ့ဖွယ် အာဖရိကန်မျိုးနွယ်စုများ....

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

















မာစီ(Mursi)လို့ခေါ်တဲ့ အာဖရိကန်မျိုးနွယ်စုတွေဟာ အီသီယိုးပီးယား(Ethiopia)နိုင်ငံ အနောက်တောင်ပိုင်းရှိ Southern Nations, nationalities, and People's Region (SNNPR) မှာ  အခြေချနေထိုင်ကြပါတယ်... လူဦးရေအားဖြင့် ၂၀၀၇ စစ်တမ်းတွေအရ ၇၅၀၀ ခန့်ရှိပြီး...၎င်းတို့ထဲမှ ၄၄၈ ဦးခန့်ဟာ မြို့ပြဒေသတွေမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်...မာစီမျိုးနွယ်စုအမျိုးသမီးတွေဟာ သူတို့ရဲ့အောက်နှုတ်ခမ်းတွေမှာ ရွှံ့(Clay)နဲ့လုပ်ထားတဲ့ အ၀ိုင်းပြားကြီးတွေ တပ်ဆင်ကြတာနဲ့ ပတ်သတ်ပြီး အတော်လေး လူသိများပါတယ်...

ခန္ဒာကိုယ်နဲ့ မျက်နှာတွေပေါ်မှာ အလှဆင်တဲ့ပုံစံက အတော်လေးထူးခြားပါတယ်... မျိုးနွယ်စုအမျိုးသမီးငယ်တွေဟာ အသက် ၁၅-၁၆ နှစ်လောက်မှာ သူတို့ရဲ့ အောက်နှုတ်ခမ်းတွေကို ဖောက်ပြီး အ၀ိုင်းပြားကြီးတွေ တပ်ဆင်ကြပါတယ်...





































































လတွေနှစ်တွေ ကြာလာလေ တပ်ဆင်တဲ့ အ၀ိုင်ပြားအရွယ်အစားကလည်း ပိုပြီးကြီးမားလာတယ်လို့ ဆိုပါတယ်...

































အ၀ိုင်းပြားတွေနဲ့ သူတို့ရဲ့သွားတွေ ပွတ်တိုက်မှု မရှိအောင် အရှေ့ဘက်က သွားတွေကို ဖယ်ရှားထားပါတယ်...



































အ၀ိုင်းပြားတွေတပ်ဆင်ခြင်း...မတပ်ဆင်ခြင်းနဲ့ပတ်သက်ပြီး မာစီမျိုးနွယ်စု အမျိုးသမီးတွေအနေနဲ့ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်...ဒါပေမဲ့ အ၀ိုင်းပြားတပ်ဆင်တဲ့ အမျိုးသမီးတွေကတော့ လူမှုအသိုင်းအ၀ိုင်းမှာ အခွင့်အရေး ပိုပြီးရတယ်လို့ ဆိုပါတယ်...



ကိုးကား...wikipedia/lumq

No comments:

Post a Comment