LOAD HTAR PAR

Wednesday, December 7, 2011

Hacking အခြေခံ နည်းပညာ (၁)

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

Hacking ဆိုတာ အနုပညာ တစ်ရပ်လို့ ပြောရင် ရပါတယ်။ ဒီနည်းပညာတွေကို လေ့လာခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပိုပြီး လုံခြုံမှုရှိအောင် ကာကွယ်နိုင်ပါတယ်။ ဒီပညာတွေနဲ့ တခြားသူတွေကို မထိခိုက်စေဖို့ ပြောလိုပါတယ်။ Hacker ဆိုတာ သူများကို ထိခိုက်နစ်နာအောင် မလုပ်ပါဘူး။ Cracker တွေက သူများတွေကို ထိခိုက်နစ်နာအောင်လုပ်တဲ့ လူဆိုးတွေပါ။ ကျွန်တော်တို့က Hacker တွေပါ။ Cracker မဟုတ်ပါဘူး။ Hacking ကို လွယ်ကူစွာ လေ့လာဖို့အတွက် အခြေခံ အဆင့် (၅) ဆင့် ရှိပါတယ်။

(၁) သင့်ကို ပစ်မှတ် ကွန်ပျူတာက မမြင်ရအောင် ပုန်းကွယ်ထားပါ

ဒီလို ကိုယ်ယောင် ဖျောက်ထားဖို့ နည်းလမ်းများစွာ ရှိပါတယ်။
- Hide_IP software ကို အသုံးပြုခြင်း။ သင့်ရဲ့  IP address ကို မမြင်နိုင်အောင် ဖျောက်ပေးထားနိုင်ပါတယ်။
- Firewall အသုံးပြုခြင်း။ Firewall သုံးခြင်းဖြင့် ကျွန်တော်တို့ရဲ့  ကွန်ပျူတာကို လုံခြုံမှု ရှိစေပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့  Personal အချက်အလက်တွေကိုလဲ အပြင်ကို ထွက်မသွားအောင် တားဆီးပေးပါတယ်။
- Proxy servers များကို အသုံးပြုခြင်း။ သင့်ရဲ့  ပစ်မှတ် ကွန်ပျူတာကို မွှေဖို့ Proxy sever ကို သုံးပါ။
- တခြား Username နဲ့ Password တွေကို သုံးပါ။ Internet connection အတွက် သင့်ရဲ့  ကိုယ်ပိုင် username နဲ့ Password တွေကို မသုံးပါနဲ့။ တခြားလူတွေရဲ့  username နဲ့ Password ကို သုံးပါ။

(၂) သင့်ပစ်မှတ် ကွန်ပျူတာရဲ့  IP Address ကို ရှာပါ

IP Address ဆိုတာ Internet Protocol Address ကိုအတိုကောက် ခေါ်တာပါ။ Protocol ဆိုတာ ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံး ဘယ်လို ပြောဆိုဆက်သွယ်မလဲ ဆိုတာကို ဖော်ပြပါတယ်။ Internet Protocol ဆိုတာက အင်တာနက်ပေါ်မှာ ကွန်ပျူတာနှစ်လုံးက ဘယ်လိုပြောဆိုဆက်သွယ်မလဲ ဆိုတာကို ဖော်ပြပါတယ်။ IP Address နဲ့ ပါတ်သက်လို့ အရေးကြီးတဲ့ အချက်(၂)ချက်ရှိပါတယ်။
- ကွန်ပျူတာတိုင်းအတွက် တမျိုးစီရှိပါတယ်။ မထပ်ပါဘူး။ (unique)
- အင်တာနက်ကို ဆက်သွယ်ဖို့အတွက် ဒါက လိုအပ်ပါတယ်။
IP Address က Hacking အတွက် အရေးကြီးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ကိုယ့်ပစ်မှတ်ကွန်ပျူတာ ရဲ့  IP Address ကိုမသိရင် ဘာမှ ဆက်လုပ်လို့ မရပါဘူး။ IP Address ကိုရှာဖွေဖို့အတွက်
- Ping
- Tracert
- dns query နည်းလမ်းတွေကို သုံးနိုင်ပါတယ်။

(၃) သင့်ပစ်မှတ် ကွန်ပျူတာရဲ့  အချက်အလက်တွေကို စုဆောင်းပါ

သူ့ရဲ့  Operating system, time, date စတာတွေကို ပြောတာပါ။ ဒါမှသာ ပစ်မှတ်ကွန်ပျူတာရဲ့  အားနည်းချက် ကိုဖော်ထုတ်နိုင်မယ်၊ ဒီအားနည်းချက်ကို သုံးပြီး အခွင့်ကောင်း ယူနိုင်မယ်၊ ဘယ်လိုအခွင့်ကောင်း ထပ်ယူနိုင်မယ် ဆိုတာတွေကို လေ့လာနိုင်ပါတယ်။ ဒီလိုအချက်အလက်တွေကို စုဆောင်းဖို့အတွက်-
- Telnet
- Dns Query
- Port Scan
- tracert နည်းလမ်းတွေကို သုံးနိုင်ပါတယ်။

(၄) စုဆောင်းရရှိသော အချက်တွေကို မူတည်ပြီး ပစ်မှတ်ကွန်ပျူတာကို Hack လုပ်ရာမှာ အကူအညီပေးမဲ့ Tools တွေရယူဖို့ Search engine ကိုအသုံးပြုပါ

Google လိုမျိုး search engine တွေက Hacker တွေရဲ့  အရင်းနှီးဆုံး မိတ်ဆွေတွေလို့ ပြောလို့ရပါတယ်။ အထက်က အချက်တွေအားလုံး လုပ်ဆောင်ပြီးပြီ ဆိုရင် ပစ်မှတ်ကွန်ပျူတာရဲ့  အားနည်းချက်က ဘာလဲ ဆိုတာ ကျွန်တော်တို့ သိပါပြီ။ ဒီအားနည်းချက်ကို အခွင့်ကောင်းယူဖို့ google.com ကနေ tools တွေကို ထပ်ရှာရပါမယ်။ လိုအပ်တဲ့ Tools တွေကို download လုပ်ပြီးပြီဆိုရင် ကျွန်တော်တို့ ရှာလို့ ရထားတဲ့ ပစ်မှတ်ကွန်ပျူတာရဲ့  IP Address ကိုသုံးပြီး အဆင့် (၅) ကို ဆက်လက် လုပ်ဆောင်ရပါမယ်။

(၅) ပစ်မှတ်ကွန်ပျူတာကို နောက်ပိုင်းမှာ လွယ်ကူစွာ ထပ်မံဝင်ရောက်နိုင်ဖို့ ဖိုင် တစ်ခု နှစ်ခု ချန်ထားခဲ့ပါ

ပစ်မှတ် ကွန်ပျူတာကို အကြိမ်ကြိမ် ထပ်မံ ၀င်ရောက်နိုင်ဖို့ Hacker တွေက Net cat လိုမျိုး ဖိုင်တွေ ချန်ထားခဲ့ပါတယ်။

No comments:

Post a Comment