LOAD HTAR PAR

Wednesday, December 14, 2011

For All Phone

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...
 www.getjar.com တဲ့။ သူ့ဆီရောက်တာနဲ့ box တစ်ခုပေါ်လာပြီး မိမိဖုန်းအမျိုးအစားကို ရွေးခိုင်းလိမ့်မယ်။ အဲလို မပေါ်ခဲ့ရင်လည်း ညာဘက်ဒေါင့်က Select your phone ဆိုတာကို နှိပ်ပေးလိုက်။
ဖုန်းအမျိုးအစား နဲ့ မော်ဒယ် ကို ရိုက်ထည့်ပေး။ ရိုက်ထည့်ပေးလို့ မဆုံးခင်မှာပဲ နီးစပ်ရာဖုန်းတွေ ပေါ်လာလိမ့်မယ်။ မိမိဖုန်းပါပြီဆိုရင်တော့ အဲဒီမှာပဲ click လိုက်။ မပါသေးရင် ဆက်ရေးပြီး ပေါ်လာရင် click နှိပ်ပေါ့။
မိမိရွေးလိုက်တဲ့ ဖုန်းကို မှန် မမှန် မေးလိမ့်မယ်။ သေချာတယ်ဆိုရင် set phone type ကို နှိပ်ပေးလိုက်။ (မှတ်ချက်။ ။ ဒီထဲမှာ လုံးဝရှာမတွေ့ဘူးဆိုရင်တော့ သင့်ဖုန်းက ခေတ်လွန်နေလို့ပဲဖြစ်ဖြစ်၊ ရှေးဟောင်းပစ္စည်း ဖြစ်နေလို့ပဲဖြစ်ဖြစ် ဖြစ်လိမ့်မယ်။ ရှိသမျှဖုန်း အားလုံးလိုလိုတော့ ကျနော်ရှာတွေ့ပါတယ်)
အဲလိုဖုန်းကို ရွေးချယ်ပေးလိုက်တာနဲ့ စောစောက ညာဘက်ထောင့်မှာ မိမိဖုန်းပုံလေး ပေါ်နေလိမ့်မယ်။ သူ့အောက်က search box မှာ မိမိလိုချင်တာကိုသာ ရိုက်ပြီးရှာပေတော့။ အားလုံး မိမိဖုန်းနဲ့ အဆင်ပြေတာကို အလိုလိုရွေးချယ်ပေးပြီး ဖြစ်လိမ့်မယ်။
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Additional categories ဆိုတာကို ထောက်လိုက်ရင် ခေါင်းစဉ်အမျိုးအစားတွေ တွေ့ပါလိမ့်မယ်။ မိမိအဆင်ပြေသလို သုံးချင်တဲ့ application ကိုရှာပါ။ application တိုင်းရဲ့ဘေးမှာ Download ဆိုတဲ့ ခလုပ်ကို သိသိသာသာတွေ့ရမှာပါ။ အဲဒါလေးကို နှိပ်လိုက်ရင် pop up box လေး အခုလို ပေါ်လာပါတယ်။
နည်းလမ်းနှစ်မျိုးရှိပါတယ်။ ဖုန်းကနေ တိုက်ရိုက်ဒေါင်းပြီး သုံးဖို့နဲ့၊ ကွန်ပျူတာကနေ ဒေါင်းပြီး ဖုန်းထဲပြန်ထည့်သုံးဖို့ပေါ့။ ဖုန်းကနေဒေါင်းရင်တော့ ပိုက်ဆံကုန်မှာပေါ့။ တကယ်လို့ ဒေါင်းချင်ခဲ့တယ်ဆိုရင် အပေါ်ပုံ ဘယ်ဘက်မှာ အဆင့်ဆင့်ရေးပြထားတဲ့အတိုင်း phone browser ကနေ m.getjar.com ကို သွား။ Quick download ဆိုတာကိုရွေးပြီး သူပေးထားတဲ့ code နံပါတ်တွေ ထည့်ပေးလိုက်ရင် ဒေါင်းလုပ်ရပါပြီ။ (ဘယ်သူမှလည်း အဲလိုဒေါင်းမယ် မထင်ပါဘူး)
ကွန်ပျူတာကနေ ဒေါင်းဖို့အတွက် အပေါ်ပုံမှာ ကျနော် point လုပ်ပြထားတဲ့အတိုင်း download this application to your computer ဆိုတဲ့ စာသားကို နှိပ်လိုက်ရင် ဒေါင်းလုပ်ကျလာပါပြီ။ အဲဒီရလာတဲ့ ဖိုင်ကို မိမိဖုန်းထဲထည့်ပြီး install လုပ်ပေးယုံပဲ ဖြစ်ပါတယ်။ ကွန်ပျူတာကနေ ဖုန်းထဲ ဘယ်လိုထည့်လဲတော့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ အဆင်ပြေပါစေဗျာ …

No comments:

Post a Comment