LOAD HTAR PAR

Wednesday, December 14, 2011

Font install to Nokia

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

အရင်ဆုံး ကျနော် စမ်းထားတဲ့ ဖောင့်သုံးမျိုးရှိတယ်။ Pristina, Harlow, နဲ့ ဇော်ဂျီ ပေါ့ဗျာ။

ကျနော်လုပ်ပြီးသား ဖောင့်သုံးမျိုးကို ဒီမှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
ကိုယ့်ဘာသာ လုပ်ဖို့အတွက်နဲ့ ထည့်သွင်းပုံ နားလည်သွားအောင် အစကနေ ပြောပါ့မယ်။ ပထမဆုံး သိထားဖို့ လိုတာက သုံးမယ့် ဖောင့်က Open font type ဖြစ်ရမယ်။ သိသာအောင် ပြောရရင် ‘O’ ပုံ icon နဲ့ ပြနေလိမ့်မယ်။ (တကယ်လို့ true type font ကို သုံးမယ်ဆိုရင်တော့ ဖောင့်ပေါ်နိုင်ဖို့ သိပ်မသေချာဘူး။ အချို့ဖောင့်တွေအတွက် error တက်နိုင်တယ်)။ install မလုပ်ရသေးတဲ့ ဖောင့်ကိုပဲဖြစ်ဖြစ်၊ control panel ရဲ့ font ဆိုတဲ့ folder ထဲက ဖောင့်ကိုပဲဖြစ်ဖြစ် ယူသုံးနိုင်ပါတယ်။ လိုအပ်တာတစ်ခုကတော့ phone က SD Card ရှိဖို့ လိုပါတယ်။
Creating your Font folder
1. ပထမဆုံး Fonts ဆိုတဲ့ နာမည်နဲ့ folder တစ်ခု ဖန်တီးလိုက်ပါ။ (s က အစ မကျန်ပါစေနဲ့)
2. မိမိပြောင်းချင်တဲ့ ဖောင့်ကို ဒီဖိုဒါမှာ လာထည့်ပြီး 4 ခု copy လုပ်ပါ။ (ဖောင့်တစ်ခုထဲကိုပဲ ၄ ခု လုပ်ရမှာပါ)
3. copy လုပ်ထားတဲ့ ဖောင့်လေးခုကို s60snr.ttf, s60ssb.ttf, s60tsb.ttf and S60ZDIGI.ttf ဆိုပြီး rename ပေးပါ။

Transferring New font to Nokia phone
1. phone ကို ကွန်ပျူတာမှာ “Mass Storage” mode နဲ့ ဖြစ်အောင် join ပါ။ (sd memory card ကို ဖွင့်ကြည့်ပြီး ဖောင့်ထည့်ဖို့အတွက် ဖြစ်ပါတယ်)
2. My Computer မှာ ပေါ်လာမယ့် Removable Disk (သို့) Memory Card ဆိုပြီး ပေါ်လာမယ့် sd card ကို ဖွင့်ပါ။
3. SD card ထဲမှာ Resource ဆိုတဲ့ folder ကိုဖွင့်ပါ။ (မရှိခဲ့ရင် new လုပ်ပြီး Resource လို့ နာမည်ပေးပါ)
4. ခုနက ဖန်တီးထားတဲ့ Fonts ဆိုတဲ့ Folder ကို Resource ထဲကို ထည့်လိုက်ပါ။
5. phone ကို PC နဲ့ join ထားရာကနေ ဖြုတ်လိုက်ပါ။
6. phone ကို restart ချလိုက်ပါ။ (ပိတ်ပြီး ပြန်ဖွင့်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်)
ဒါဆိုရင်တော့ မိမိ ထည့်သွင်းလိုက်တဲ့ဖောင့် ဖုန်းပြန်ပွင့်တာနဲ့ ပေါ်လာပြီ ဖြစ်ပါတယ်။
To Reset Original Font
အရင်ဖောင့်အတိုင်း ပြန်ဖြစ်ဖို့ကတော့ လွယ်ပါတယ်။ လုပ်ခဲ့တဲ့အတိုင်း ကွန်ပျူတာမှာတပ်ပြီး fonts ဆိုတဲ့ folder ကို ဖျတ်ပေးလိုက်ရုံပါပဲ။
တစုံတရာ error မရှိနိုင်ကြောင်း ဖတ်ကြည့်လိုက်တာနဲ့ သိမှာပါ။ ကျနော်နဲ့ လက်လှမ်းမှီရာ Nokia 5800, 5350, 5130 နဲ့ N97 တွေမှာတော့ စမ်းကြည့်ပြီးပါပြီ။ အဆင်ပြေပါတယ်။ ကျန်တဲ့ဖုန်းများအတွက်လည်း စမ်းကြည့်ပြီး ပြေမပြေ လက်တို့ပါဦး။ အဆင်ပြေပါစေ …

No comments:

Post a Comment