LOAD HTAR PAR

Saturday, December 10, 2011

Hacker Underground Handbooks မြန်မာဘာသာပြန်

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

Hacker Underground Handbooks ကို ဘာသာပြန်နေပါတယ်။ ပြီးသလောက်ကို Forum မှာ တင်ပေးသွားပါမယ်။ မြန်မာလို ကောင်းကောင်းမရိုက်တတ်တာရယ် .. ဘာသာပြန်တဲ့နေရာမှာ ကွဲပြားသွားနိုင်တဲ့ အကြောင်းအရာတွေကို တည်းဖြတ်စဉ်းစားနေရတဲ့အတွက်ကြောင့်ရယ် ဒီလိုအကြောင်းကြောင်းသော အကြောင်းကြောင်းကြောင်းတို့ကြောင့် နည်းနည်းတော့ကြာနိုင်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ မူရင်းကိုသာ ဖတ်စေချင်ပါတယ်။

၁။ (က) Hacker ဆိုသည်မှာ

Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

White Hat

White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်းမရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများ ဟုဆိုနိုင်သည်။

Black Hat

Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

Grey Hat

Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

၁။ (ခ) Hacker အဆင့်အတန်းများ

Script Kiddies

Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

Intermediate Hacker

Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

Elite Hacker

နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။

၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။

၂။ Programming

Programming ရေးသားရန် သင်ယူခြင်းသည် Ethical Hacker တစ်ဦးအတွက် အရေးပါသော လိုအပ်ချက်ဖြစ်သည်။ အသင့်ပြုလုပ်ပြီးသား Tool များကို အသုံးပြု၍ အတော်အသင့် ကျွမ်းကျင်သော Ethical Hacker တစ်ဦးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သော်လည်း Hacker Community ကမူ ၄င်းအား Script Kiddies တစ်ဦးအနေဖြင့်သာ ခွဲခြားဆက်ဆံကြမည်သာ ဖြစ်သည်။

Programming ကို သေချာစွာ နားလည်မှုရှိမှာသာလျှင် မိမိအသုံးပြုမည့် Tool များ၊ Exploit များ၏ အလုပ်လုပ်ပုံကို သိရှိပြီး ၄င်းတို့အား ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် Programming အကြောင်းကို သိရှိနားလည်မှာသာလျှင် Black Hat များ အသုံးချလေ့ရှိသော လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို သိရှိနားလည်ပြီး၊ ၄င်းအားနည်းချက်များကို ကောင်းမွန်စွာ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ ထိုမျှသာမက ကိုယ်တိုင် Exploit များကို ဖန်တီးနိုင်သူ အဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။

Click လုပ်ယုံမျှနှင့်ပင် လွယ်ကူစွာ အသုံးချနိုင်သော Hacking Tool များစွာရှိသော်လည်း ၄င်း Tool များသည် မိမိကိုယ်ပိုင်ရေးသားထားသော Tool များကဲ့သို့ မိမိ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

စတင်လေ့လာခြင်း

Programming ဘာသာရပ်များကို စတင်လေ့လာရာတွင် ကြူံရလေ့ရှိသည့်အချက်များမှာ Programming သည် လေ့လာရန် ခဲယဉ်းသည်ဟုထင်မြင်ယူဆခြင်းနှင့် မြောက်မြားလှစွာသော Programming ဘာသာရပ်များအနက်မှ မည်သည့် Programming ဘာသာရပ်ကို စတင် လေ့လာရန်အတွက် ရွေးချယ်ရမည်ကို မသိရှိကြခြင်းပင် ဖြစ်သည်။ Programming ကို စတင် လေ့လာမည့်သူများအတွက် အကောင်းဆုံးသောရွေးချယ်ရန်ဖြစ်သော Programming ဘာသာရပ်မှာ HTML ပင် ဖြစ်သည်။ HTML ကို Internet တွင်ရှိနေသည့် မြောက်မြားလှစွာသော Website များတွင် သုံးစွဲနေယုံမျှသာမက ကိုယ်တိုင်လေ့လာသင်ယူရန်လည်း လွယ်ကူလှပေသည်။ HTML ကို Code များကို လေ့လာခြင်းသည် HTML Pages များကိုရေးသားရာတွင် အသုံးဝင်ယုံမျှသာမက၊ အခြားသော Programming ဘာသာရပ်များတွင် အသုံးပြုထားသညိ့ Code များကို လေ့လာရာတွင် များစွာအထောက်အကူပြုနိုင်သည်။

HTML ကို ကိုယ်တိုင်လေ့လာသင်ယူရန်အတွက် Saturngod ရေးသားထားသည့် Basic HTML စာအုပ်မှာ များစွာအထောက်အကူပြုပေလိမ့်မည်။ ယင်းစာအုပ်ကို http://www.saturngod.net တွင်သွားရောက်ကာ အခမဲ့ Download ရယူနိုင်သည်။

Linux

Linux သည် အခမဲ့လွတ်လပ်စွာ အသုံးပြုနိုင်သည့် UNIX နှင့် အလားသဏ္ဍာန်တူညီသည့် Open Source Operating System ဖြစ်သည်။ Hacking ဘာသာရပ်များကိုလေ့လာမည့်သူသည် Linux Operating System အကြောင်းကိုလည်း လေ့လာရမည်သာ ဖြစ်သည်။ Linux ၏ အားသာချက်များမှာ
၁။ အခမဲ့လွတ်လပ်စွာ အသုံးပြုခြင်း၊
၂။ Internet ရှိ သန်းပေါင်းများစွာသော Server များတွင် အသုံးပြုလျှက်ရှိပြီး ၄င်းတို့၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို လေ့လာဆန်းစစ်မည်ဆိုပါက Linux Operating System ကိုနားလည်မှာသာလျှင် လေ့လာဆန်းစစ်ခြင်းပြုနိုင်မည် ဖြစ်ခြင်း၊
၃။ အချို့သော အစွမ်းထက်လှသည့် Hacking Programme များသည် Linux Operating System ဖြင့်သာ အသုံးပြုနိုင်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။

Linux Distribution

Linux Distribution ဆိုသည်မှာ Linux Kernel ( Operation System ၏ Central Componet) နှင့် အခြား Applications များကို ပေါင်းစည်းထား ခြင်းဖြစ်သည်။ Linux ကို ယခုမှ စတင် အသုံးပြုသူများအတွက် အကောင်းမွန်ဆုံးဖြစ်မည့် Linux Ditribution မှာ Ubuntu ဖြစ်သည်။ Ubuntu သည် Install လုပ်ရန်လွယ်ကူလှသည့် အပြင် Microsoft Operating System များမှ ပြောင်းလဲအသုံးပြုကာစ လေ့လာသူများအတွက် အဆင်အပြေဆုံးဖြစ်မည့် Linux Distribution တစ်ခုလည်း ဖြစ်သည်။ Linux Distribution များအတွက် အသေးစိတ်အချက်အလက်များကို http://distrowatch.com တွင်လေ့လာကြည့်ရှုနိုင်ပါသည်။

Live CD ဖြင့် စတင်သုံးစွဲခြင်း

Live CD သည် Linux Distribution ကို စမ်းသပ်လေ့လာလိုသူများအတွက် စတင်လေ့လာရန် အတွက်သာ ဖန်တီးထားခြင်းဖြစ်ပြီး၊ Operating System ၏ လုပ်ဆောင်ချက်များကို အပြည့်အ၀ ပေးစွမ်းနိုင်မည်မဟုတ်ပေ။ Live CD ကို သုံးစွဲခြင်းဖြင့် Operating System ကို Hard Disk သို့ Install လုပ်ရန် မလိုအပ်ဘဲ CD ဖြင့် ပင် သုံးစွဲနိုင်မည် ဖြစ်သည်။ CD ပေါ်တွင်သာ လည်ပတ်နေခြင်းကြောင့် အခြားပြုပြင် ပြောင်းလဲခြင်းများကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ RAM ကို အခြေပြု ၍သာ လည်ပတ်ဆောင်ရွက်နေခြင်းဖြစ်သည်။

Ubuntu CD ဖန်တီးခြင်း

၁။ www.ubuntu.com မှ Ubuntu CD ISO File ကို Download လုပ်ယူရပါမည်။
၂။ တဖန် ၄င်း ISO File ကို CD သို့ Burn ရန် IsoRecorder ကိုလည်း http://isoreader.alexfeinman.com/isorecorder.html မှ Download ရယူပါမည်။
၃။ IsoRecorder ကို ရယူပြီးပါက Install လုပ်ပြီးနောက် Ubuntu ISO File ကို ၄င်း IsoReader ကိုအသုံးပြုပြီး CD သို့ Burn ပါမည်။
၎။ IsoReader သာ မဟုတ်ပဲ အခြားသော ISO Burner များဖြင့်လည်း သုံးစွဲနိုင်ပါသည်။
၅။ မြန်မာပြည်တွင် အများစု သုံးစွဲနေကြသော Nero ဖြင့်လည်း ပြောင်းလဲသုံးစွဲနိုင်ပါသည်။
၆။ CD သို့ ISO Image အား Burn လုပ်ပြီးပါက Computer ကို Restart လုပ်ပြီး၊ ၄င်း Ubuntu CD ဖြင့် Boot လုပ်ကာ စတင်နိုင်မည် ဖြစ်ပါသည်။

အဆင့်သင့် သုံးစွဲနိုင်သော Ubuntu CD ကို မြန်မာနိုင်ငံရှိ CD အရောင်းဆိုင်များတွင်လည်း ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်း Ubuntu Website မှ Download ရယူခြင်းထက်စာလျှင် CD အရောင်းဆိုင်များမှ ၀ယ်ယူခြင်းက ပိုမိုအဆင်ပြေမည်ဟု ယူဆပါသည်။

ကြုံတွေ့ရနိုင်သော အခက်အခဲများ

Ubuntu CD ကို CD Drive တွင်ထည့်သွင်းပြီး၊ Computer ကို Boot ပြန်လည်စတင်ရာတွင် Ubuntu Operating System သို့ မရောက်ဘဲ၊ Windows Operating System သို့သာ ပြန်လည်ရောက်ရှိနေပါက၊ အသုံးပြုမည့် Computer ၏ Boot Order ကို ပြန်လည်ပြောင်းလဲ ပေးရမည် ဖြစ်ပါသည်။

Boot Order ကို ပြောင်းလဲရန်အတွက် BIOS (Basic Input Output System) သို့ ၀င်ရောက် ပြင်ဆင်ရပါမည်။ ထိုသို့ပြုလုပ်ရန်အတွက် Computer ကို ပြန်လည်ကာ Restart လုပ်ရပါမည်။ BIOS Setting သို့ ၀င်ရောက်ရန်အတွက် Keyboard မှ Del သို့ Esc ကို နှိပ်ကာ ၀င်ရောက်ရပါမည်။ သို့ရာတွင် System ပေါ်တွင်မူတည်၍ Boot Setting သို့ဝင်ရောက်ရန် နှိပ်ရမည့် Key သည် ပြောင်းလဲနိုင်ပါသည်။

BIOS Setting သို့ ၀င်ရောက်ပြီးပါက Boot Sequence တွင် CD-ROM မှ စတင်ပြီး အစဉ်လိုက် Boot လုပ်ရန်ရွေးချယ် သတ်မှတ်ပေးရပါမည်။ သို့မှသာလျှင် Ubuntu Operating System အား CD မှ Boot လုပ်ကာ သုံးစွဲနိုင်မည် ဖြစ်ပါသည်။

ဆောင်ရွက်ရမည့် ကိစ္စရပ်များပြီးပါက Boot တဖန်ပြန်လည်စတင်လျှင် Ubuntu Boot Option Screen ကို အောက်ပါအတိုင်းတွေ့မြင်ရမည် ဖြစ်ပါသည်။



Linux Operating System ကို လေ့လာသင်ယူခြင်း

Ubuntu အား စတင်သုံးစွဲပြီးပါက Linux Operating System အကြောင်းကို လေ့လာသင်ယူရမည်ဖြစ်သည်။ Linux Distribution တိုင်းအတွက် အရည်အချင်းပြည့်ဝပြီး၊ အတွေ့အကြုံကြွယ်ဝလှသည့် Linux သမားများ၏ အကူအညီများကို Mailing Group များ၊ Forum များနှင့် များပြားလှသည့် စာအုပ်စာတမ်းများမှ ရရှိနိုင်ပြီး ကိုယ်တိုင်လေ့လာသင်ယူနိုင်မည် ဖြစ်သည်။ Linux နှင့် ပက်သက်သော နည်းပညာလိုအပ်ချက်များအတွက် Linux UNIX နှင့် Open Source ကဏ္ဍတွင် ဆွေးနွေးလေ့လာ မေးမြန်းနိုင်ပါသည်။

Linux ကိုလေ့လာလိုသူများအတွက် ဖတ်ရှုလေ့လာသင့်သော စာအုပ်များမှာ
Linux OS (Open Source Operating System) မြန်မာဘာသာ (တင်ပေးပါမည်။)
Ubuntu Linux for Dummies
Linux for Dummies
စသည့် စာအုပ်များကို ဆက်လက်လေ့လာ ဖတ်ရှုသင့်ပါသည်။

ထို့ပြင် Linux Website နှင့် Forum များတွင်လည်း သွားရောက်လေ့လာသင့်ပါသည်။ သို့မှသာလျှင် အချိန်နှင့်အမျှ ပြောင်းလဲနေသော နည်းပညာရပ်များကို လေ့လာနိုင်မည် ဖြစ်ပါသည်။

Official Linux
http://www.linux.org/

Begin Linux
http://www.beginlinux.org/

Linux Tutorial
http://www.linux-tutorial.info/

Linux OS ကို စတင်သုံးစွဲခြင်းသည်ပင် Hacking နည်းပညာရပ်များကို စတင် လေ့လာခြင်းလည်း ဖြစ်သည်။ Windows ၏ Password ဖြင့် ကာကွယ်ထားသော Administrator Account User Account စသည်တို့၏ Password ဆိုင်ရာ အချက်အလက်များကို သိမ်းဆည်းထားသော SAM File ကို Linux Live CD ဖြင့် Boot လုပ်ကာ အလွယ်တကူ ကူးယူနိုင်ပြီး၊ SAM Inside ကို အသုံးပြုကာ အချိန်တိုအတွင်မှာပင် အလွယ်တကူဖြတ်ကျော်နိုင်သည်။ Windows OS ဖြင့် လည်ပတ်ဆောင်ရွက်နေချိန်တွင် SAM File ကို ကူးယူခြင်း၊ ပြင်ဆင်ခြင်း စသည်တို့ကို လုပ်ဆောင်ရန်မှာ မလွယ်ကူလှပေ။

Password အကြောင်းသိကောင်းစရာ

Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်းများကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက်အလက်များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာ ခိုးယူလေ့ရှိသည်။

ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း

Social Engineering

အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာ တိုက်ခိုက်ထိုးနှက်ခြင်းပင် ဖြစ်သည်။

မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့် ဆက်လက်ကြုံတွေ့ရဦးမည်သာ ဖြစ်သည်။

တစ်နေ့တွင် Help Desk (helpdesk@သင်အသုံးပြုနေသော System ၏အမည် .com) မှ E Mail တစ်စောင် BlackDevil ထံသို့ ရောက်လာသည်။ တချိန်တည်းမှာပင် ဂူးငယ်ဟု သူ့ကိုယ်သူ မိတ်ဆက်လာသည့် သူတစ်ဦးက BlackDevil ထံသို့ Phone ဆက်ကာ သူသည် BlackDevil အသုံးပြုနေသော Computer System ၏ IT Department သို့ အသစ်ခန့်အပ်လိုက်သော Engineer တစ်ဦးဖြစ်ကြောင်းနှင့် BlackDevil အသုံးပြုနေသော Computer System ကို Upgrade လုပ်ကိုင်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ရာတွင် အခက်အခဲတစ်ခု ဖြစ်ပေါ်နေကြောင်း ဆိုလာသည်။ ထို့ပြင် ဂူးငယ်မှပင် ဆက်လက်၍ အခက်အခဲကို ဖြေရှင်းရန်အတွက်တစ်ခုသောနည်းလမ်းမှာ BlackDevil ၏ E Mail Account တွင်းမှာ Activation Link ကို Click လုပ်ရန်ဖြစ်ပြီး ထို Link ကို Click လုပ်ပေးပါရန် ဆိုလာသည်။ ထို Link အား Click လုပ်လိုက်လိုက်သော်လည်း Error Message တစ်ခုသာ တက်လာသည်။ ထိုအကြောင်းအား ဂူးငယ်အား အကြောင်းပြန်သည့်အခါ နောက်တစ်ကြိမ်ထပ်မံ Click လုပ်ရန်ပြောဆိုပြန်သည်။ နောက်တဖန် Click လုပ်သော်လည်း Error Message တစ်ခုသာ တက်လာပြန်သည်။ ထိုအခါတွင် ဂူးငယ်က BlackDevil ၏ E Mail Setting ကို ပြင်ဆင်ရန်လိုနေပြီဖြစ်ကြောင်းနှင့် ထိုသို့ပြင်ဆင်ပေးရန်အတွက် E Mail Account ၏ Password ကို ပြောရန်ဆိုပြန်သည်။ BlackDevil ကလည်း ယုံကြည်စွာဖြင့် E Mail Account ၏ Password ကို ဂူးငယ်အား ပြောလိုက်သည်။ ထိုအချိန်မှ စ၍ BlackDevil ၏ E Mail Account အား ဂူးငယ်ဆိုသူ၏ ရယူသွားပြီဖြစ်သည်။

Shoulder Surfing Attack

Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

Guessing Attack

များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

Dictionary Attack

Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။

Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။ ဖော်ပြပါ ဥပမာတွင်မူ Brutus Password Cracker ကို အသုံးပြုပြီး တိုက်ခိုက်ခြင်းဖြင့်သာ ဖော်ပြထားပါသည်။

Brutus ကို Windows Operating System တွင်သာ အသုံးပြုနိုင် http://www.hoobie.net/brutus/ မှ Download ရယူနိုင်သည်။

Brutus ကို အသုံးပြု၍ Password ရယူခြင်းကို မလေ့လာမီတွင် FTP (File Transfer Protocol) အကြောင်းကို ပြည့်စုံစွာလေ့လာထားသင့်ပါသည်။ FTP အား Internet တွင် File များကို ရွှေ့ပြောင်းရန်အတွက် သုံးလေ့ရှိပြီး၊ ၄င်း FTP ဆိုင်ရာ Password ကိုရယူခြင်းဖြင့် Target ၏ Website ရှိ File များကို ရယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်ဆီးခြင်းစသောလုပ်ရပ်များကို လုပ်ဆောင်နိုင်သည်။ ဥပမာတွင်မူ စာရေးသူ David Melnichuk ၏ Computer တွင်တည်ဆောက်ထားသော FTP ကို အသုံးပြု၍သာရေးသားထားခြင်းဖြစ်သည်။ FTP Address ကို 127.0.0.1 ဖြင့်သာ ပြဆိုထားပါသည်။

ftp://127.0.0.1 သို့ ၀င်ရောက်လိုက်လျှင် Popup Box တက်လာပြီးလျှင် User Name နှင့် Password ကို ဖြည့်သွင်းရန် တောင်းဆိုပါမည်။

ထိုအခါတွင် Brutus သို့မဟုတ် Password Cracking Programme ကို စတင်ပါမည်။

Target တွင် တိုက်ခိုက်မည့် Website ၏ IP Address ကို ဖြည့်သွင်းပြီး၊ Type တွင် FTP ကိုရွေးချယ်ပါမည်။ ပုံမှန်အားဖြင့် Website များ၏ FTP အတွက် Port မှာ 21 ဖြစ်သော်လည်း၊ အချို့သော Website များမှာ လုံခြုံရေးအတွက် Port ကို ပြောင်းလဲထားတတ်ပါသည်။ ထိုသို့ကြုံတွေရခဲ့ပါက Port Scanning လုပ်ခြင်းဖြင့် ၄င်း Website အသုံးပြုနေသော Port ကိုရှာဖွေနိုင်ပြီး၊ Port Scanning လုပ်ခြင်းကို လာမည့် ကဏ္ဍများတွင်ဖော်ပြထားပါသည်။
FTP Server User Name အတွက် အသုံးများသော User Name များဖြစ်သည့် webadmin administrator admin siteadmin စသည့်နာမည်များပါဝင်သည့် စာရင်းကိုလည်း Google လုပ်ကာ အလွယ်တကူရယူနိုင်ပါသည်။ ၄င်း User Name များပါဝင်သည် Text File ကိုရွေးချယ်ပြီးနောက်
Pass Mode မှ Word List ကိုရွေးချယ်ပါမည်။ ထို့နောက် Word List ပါဝင်သော Text File ကို ထပ်မံရွေးချယ်ပါပြီးပါက FTP Access ကို Crack လုပ်ရန် စတင်နိုင်ပြီ ဖြစ်သည်။

Password List နှင့် User List ကို http://packetstormsecurity.org/Crackers/wordlist/ မှရယူနိုင်ပြီး၊ Update List များအတွက် MMSO တွင်လည်းတောင်းခံနိုင်ပါသည်။

ဆောင်ရွက်ရမည်များပြီးဆုံးပါ Programme ကို စတင်ပါက Programme သည် Server နှင့် ချိတ်ဆက်ပြီးနောက် User Name နှင့် Password List များမှာ ဖြစ်တန်ချေရှိသော တွဲဖက်မှုများကို စတင်ရှာဖွေပေးပါလိမ့်မည်။

အချိန်များစွာစောင့်ဆိုင်ပြီးပါက ဖြစ်တန်ချေရှိသော Results များကို ရှာဖွေထုတ်ပေးပါလိမ့်မည်။ Dictionary Attack ပြုလုပ်ရန်အတွက် အချိန်ကြာမြင့်စွာ စောင့်စားရလေ့ရှိသည်။

Dictionary Attack ပြုလုပ်သည့် အခါတွင် မိမိ၏ IP Address သည် တိုက်ခိုက်ခံရသော Server ၏ Log File တွင် မှတ်တမ်းကျန်ရှိနေမည် ဖြစ်သည့်အတွက် Proxy ကို အသုံးပြုပြီးမှ သာလျှင် အသုံးပြုသင့်ပေသည်။ မည်သည့် သဲလွန်စမျှ မကျန်ရှိရေးသည် Hacker များအတွက် အရေးကြီးဆုံးသော အချက်ပင်ဖြစ်သည်။ IP Address ကို Trace လိုက်လျှင် တိုက်ခိုက်သူကို လွယ်ကူစွာ ခြေရာခံနိုင်မည် ဖြစ်သည်။

Brute Force Attacks

Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

အချိန်ကြာမြင့်မှုမှာ Computer ၏ မြန်ဆန်မှု၊ ရှုပ်ထွေးလှသော Password ဖွဲ့စည်းမှု စသည်တို့အပေါ်တွင် မူတည်သည်။

Brutus ဖြင့် Brute Force Attack လုပ်ဆောင်ပုံကို လေ့လာကြည့်နိုင်သည်။

Dictionary Attack လုပ်စဉ်အခါကကဲ့သို့ Target တွင် တိုက်ခိုက်မည့် IP Address နှင့် Type တွင် FTP ကိုရွေးချယ်ပါမည်။
Authentication Options မှ User Name ကိုလည်းရွေးချယ်ပြီးနောက် Pass Mode တွင် Brute Force ကိုရွေးချယ်ပါမည်။ Range ကို ထပ်မံ၍ Click လုပ်ပါက Popup Box တစ်ခု တက်လာပြီး စာလုံးတွဲဖက်ရန်အတွက် အသေးစိတ် ရွေးချယ်နိုင်ပါသည်။

Password ရွေးချယ်မှုဆိုင်ရာ အကြောင်းအရာများကို လေ့လာထားမှသာလျှင် အကောင်းဆုံး စဉ်းစားဆုံးဖြတ် ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ Password ဆိုင်ရာ အကြံပေး လမ်းညွှန်မှုများသည် အကောင်းဆုံးသော အထောက်အပံ့များဖြစ်ပြီး၊ ၄င်းတို့ကို အားနည်းချက်အနေဖြင့် အသုံးချနိုင်သည်။

Password ဆိုင်ရာ လမ်းညွှန်မှုများအတွက် Microsoft ၏ လမ်းညွှန်ချက်ကို လေ့လာကြည့်ရှုနိုင်သည်။ လူအများစုသည်လည်း Microsoft ၏ လမ်းညွှန်ချက်များကို သုံးစွဲကြသည်ကိုလည်း လေ့လာနိုင်သည်။

Phishing Attack

Phishing ဆိုသည်မှာ သိုးဆောင်းဘာသာစကား Fishing မှ ဆင်းသက်လာပြီး၊ Log In Page အတုများ၊ Web Page အတုများကို အသုံးပြု၍ Bank၊ Credit Card အချက်အလက်များ၊ Password များကို ရယူခြင်းဖြစ်သည်။

တစ်နေ့တွင် BlackDevil အသုံးပြုနေသော G Mail သို G Mail Team (upgrade.goggle@gmail.com) မှ Account ၏ Data သိမ်းဆည်းမှု ပမာဏကို တိုးမြှင့်ရန် လိုအပ်နေပြီ ဖြစ်ကြောင်းနှင့် Upgrade လုပ်ရန် Link တစ်ခုကို ပေးပို့ထားသည်ကို လက်ခံရရှိခဲ့သည်။ ၄င်း Link အား ၀င်ရောက်လိုက်သည့် အခါတွင် အောက်ပါအတိုင်း Log In Page တစ်ခု တက်လာပြီး Upgrade လုပ်ရန်အတွက် User Name နှင့် Password ကို ဖြည့်သွင်းရန်ဖော်ပြထားသည်။

User Name နှင့် Password ကို ဖြည့်သွင်းလိုက်သည့်အခါတွင် မည်သည့်ထူးခြားမှုမျှ မရှိဘဲ G Mail သို့သာ ပြန်လည်ရောက်ရှိသွားသည်ကို တွေ့ရသည်။ သို့သော် BlackDevil ၏ G Mail Account Password ကို မူ Attacker ကရယူသွားပြီ ဖြစ်သည်။

Phishing အတွက် လိုအပ်သော Fake Page များ ပြုလုပ်နိုင်ရန် HTML နှင့် PHP Programming အကြောင်းကို နားလည်ရမည်ဖြစ်သည်။ အသင့်ပြုလုပ်ပြီး Fake Page များနှင့် Script များမှာ Hacker Community တွင် လွယ်လင့်တကူရရှိနိုင်သည်။ သို့သော်လည်း HTML နှင့် PHP ကို တတ်ကျွမ်းမှသာ မိမိလိုရာ Fake Page များကို ဖန်တီးနိုင်မည် ဖြစ်သည်။

ဒီနေရာမှာ တင်ထားပါတယ်ခင်ညာ

အဲဒီစာအုပ်အကြောင်းကိုလည်း ဒီနေရာမှာဆွေးနွေးထားပါတယ်ခင်ညာ

Code:
http://www.mmso.org/forum/index.php/topic,298.0.html 

No comments:

Post a Comment