Oh! You come to my blog. Welcome....
အခုပြောပြမှာက notepad လေးကိုသုံးပြီး အပြင်းပြေ သူငယ်ချင်းတွေကိုစ လို့ရတယ့် Virus အတုလေးတွေ လုပ်တယ့်နည်းပါ။ တစ်ကယ်ကို လွယ်ပါတယ် ပျော်စရာလည်း ကောင်းပါတယ်.... ဒါကိုမသိသေးတယ့် သူတွေဆိုရင်တော့ ဟီးဟီး ချွေးတွေပါတွေ ပျံသွားမယ် ကျွန်တော်တောင် ဟိုးကွန်ပျူတာ တတ်ခါစတုံးက တစ်ခေါက်ခံလိုက်ရသေးတယ် သင်တန်းက အစ်ကိုကြီးတွေ အနုနည်းနဲ့ ပညာပြကြတာလေ... ဒါပေမယ့် သိသွားပြီးတော့လည်း ရိုးသွားတာပါပဲ... သူ့ရဲ့ နည်းတွေ ပုံစံတွေကတော့ အများကြီး ရှိပါတယ် လောလောဆယ် တစ်ခုပဲ ပြောပြမယ်နော် ဒီတစ်ခေါက်တော် ဘယ်လိုလုပ်ရမယ်ဆိုတာ မပြောသေးဘူး ကုဒ်ကလေးတွေပဲ ပေးလိုက်မယ်။
အရင်ဆုံး Start menu ကနေ Run ဆိုတယ့် Program လေးကို ဖွင့်လိုက်ပါ။
ပြီးရင် Run ဆိုတယ့် Box လေးထဲမှာ notepad လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် notepad program လေးပွင့်လာပါလိမ့်မယ်
ပွင့်လာတယ့် Notepad လေးထဲကို အောက်က ကျွန်တော် ပေးထားတယ့် ကုဒ်လေးတွေကို ကူးထည့်လိုက်ပါ။
msgbox"ဘော်ဒါ..ဘာတွေကလိနေတာလည်း",10,"VIRUS"
msgbox"ဘာလို့အတင်းလိုက်ပိတ်နေတာလည်း OK ကိုနှိပ်မှပေါ့",10,"Do what I say"
msgbox"အဲဒီလိုလုပ်လိုက်တော့ ပိုဆိုးသွားပြီထင်တယ်",10,"VIRUS"
msgbox"မင်းကွန်ပျူတာလေးက တော်တော်ကောင်းတာပဲနော်",10,"VIRUS"
msgbox"ပြောရင်းနဲ့ တောင်စားချင်လာပြီ",10,"VIRUS"
msgbox"C:\windows\system32 ထဲဝင်သမလိုက်ရရင်တော့..အီဆိမ့်နေမှာပဲ",10,"VIRUS"
msgbox"ဘော်ဒါမင်းဘယ်လိုလုပ်မလည်း",10,"VIRUS"
msgbox"မင်းကွန်ပျူတာကို ကိုယ်တို့ Hacker တွေထိန်းချုပ်ထားပြီ",10,"VIRUS"
msgbox"ပိုက်ဆံငါးထောင်လောက် အကုန်ခံပြီး Window အသစ်တင်မလား",10,"VIRUS"
msgbox"ဒါမှမဟုတ်...ကိုယ်ကိုယ်တိုင်ရအောင်ပြင်မလား",10,"VIRUS"
msgbox"ဒါမှမဟုတ် မင်းကွန်ပြူတာလေး လုံးဝပြန်ဖွင့်လို့မရတော့တဲ့အထိပစ်ထားလိုက်မလား",10,"VIRUS"
msgbox"ကိုယ်အလွယ်ဆုံးနည်းကိုပြောပြမယ် မှားလို့တော့မရဘူးနော်",10,"VIRUS"
msgbox"ဒီ Virus ထပြီးသုံးနာရီအတွင်း အင်တာနက်ဆိုင်ကိုအမြန်ဆုံးသွားပါ",10,"VIRUS"
msgbox"ပြီးရင် konyimim2011@gmail.com ကိုဆက်သွယ်ပါ",10,"VIRUS"
msgbox"နာမည်၊ အသက်၊ နေရပ်လိပ်စာပါတယ့် စာတစ်စောင်ကိုပို့ပါ",10,"VIRUS"
msgbox"စာအောက်ဆုံးမှာ Virus ဆိုတာကိုရေးပေးပါ။",10,"VIRUS"
msgbox"နေရပ်လိပ်စာက မင်းရဲ့ ကွန်ပျူတာ IP အွန်လိုင်းဝင်ခွင့် ပြန်ဖွင့်ပေးဖို့အတွက်ဖြစ်တယ်",10,"VIRUS"
msgbox"နာမည် အသက် ကတော့ ကိုယ်တို့ Hecker အဖွဲ့မှာ မှတ်တမ်းတင်ဖို့ဖြစ်တယ်",10,"VIRUS"
msgbox"အောက်က Virus ဆိုတာကတော့ ဖြေဆေးပေးပါလို့ အဓိပ္ပါယ်သတ်မှတ်ထားတယ်",10,"VIRUS"
msgbox"ထပ်သတိပေးလိုက်မယ်နော် သုံးနာရီအတွင်းနော်",10,"VIRUS"
msgbox"ဒါမှမဟုတ်ရင်တော့",10,"VIRUS"
msgbox"ဘယ်လောက်တော်တော် ကယ်နိုင်မှာမဟုတ်ဘူး",10,"VIRUS"
msgbox"ကဲနောက်ဆုံး သတိပေးချက်နော်",10,"VIRUS"
msgbox"စပြီဗျာ ပြေးပေတော့ အင်တာနက်ဆိုင်ကို သုံးနာရီအတွင်းနော်",10,"VIRUS"
msgbox"အဟီး... ကြောက်သွားလား",10,"ပျော်စရာကြီး"
msgbox"စတာနော် ...သိလား ချစ်လို့...ချစ်လို့",10,"ပျော်စရာကြီး"
msgbox"စိတ်ဆိုးတော့နဲ့နော် မင်းကွန်ပျူတာလေးကိုလည်း ဘာမှလုပ်တော့ဘူး",10,"ပျော်စရာကြီး"
msgbox"စတာလို့ပြောတာကို သိပ်စိတ်မချသေးရင်",10,"ပျော်စရာကြီး"
msgbox"မင်းကွန်ပျူတာလေးကို Restart လုပ်လိုက်နော် သိလား",10,"ပျော်စရာကြီး"
msgbox"အားလုံးကောင်းသွားလိမ့်မယ်",10,"ပျော်စရာကြီး"
msgbox"ပြီးရင်ဒီလို သူများကိုစလို့ ရအောင် ဘယ်လိုလုပ်သလည်းဆိုတာ",10,"ပျော်စရာကြီး"
msgbox"Blogger နာမည်က soeeom လိပ်စာက www.loadhtarpar.blogspot.com",10,"ပျော်စရာကြီး"
msgbox"အားလုံးအခမဲ့နော် သိလား Google ကနေ soeeom ဆိုပြီးရှာလို့လည်းရပါတယ်",10,"ပျော်စရာကြီး"
msgbox"လိပ်စာကို တစ်ခေါက်ပြန်ပြောမယ်နော် www.loadhtarpar.blogspot.com",10,"ပျော်စရာကြီး"
msgbox"ခုနက ငိုချင်သွားအောင်စမိတယ့်အတွက် တောင်းပန်ပါတယ်နော်",10,"ပျော်စရာကြီး"
msgbox"ကျွန်တော့ ဆိုဒ်လေး ကြော်ငြာချင်လို့ ကလိလိုက်တာသိလား",10,"ပျော်စရာကြီး"
msgbox"ငိုနဲ့တော့နော် တိတ်တော့....",10,"ပျော်စရာကြီး"
ဒီကုဒ်လေးတွေကို အားလုံး ကူးထည့်ပြီးပြီဆိုတာနဲ့ Menu bar က File ကိုသွားပြီး Save as ကလစ်ပေးလိုက်ပါ။
Save as window လေးပေါ်လာရင် အောက်ဆုံးက Save as type ဆိုတယ့် နေရာလေးမှာ သူ့ type ကို All file type ဖြစ်အောင် ပြောင်းပေးလိုက်ပါ။ ပြီးရင် အပေါ်က File name ကို ကိုယ်ကြိုက်တယ့် နာမည်ပေးနိုင်ပါတယ်။ ပြီးတော့ ကိုယ်ပေးထားတယ့်နာမည်ရဲ့ နောက်မှာတော့ .vbs ဆိုတာလေးထည့်ပေးရပါမယ် ဥပမာ ကိုယ်က File name နေရာမှာ Virus လို့ ပေးမယ်ဆိုရင် Virus.vbs ဆိုပြီးရိုက်ပေးရပါမယ် Funny လို့ပေးမယ်ဆိုရင်လည်း funny.vbs ဆိုပြီး ရိုက်ပေးရမှာဖြစ်ပါတယ် ပြီးရင်တော့ save ဆိုတယ့် ခလုတ်ကလေးကိုမနှိပ်ခင်မှာ သူ့အောက်က Encoding ဆိုတယ့် Drop down menu လေးကို ထပ်ဖွင့်လိုက်ပါဦး ပြီးရင် ကျလာတဲ့ List လေးထဲက Unicode ဆိုတာလေးကို ရွေးပေးလိုက်ပါ။ ပြီးရင် save လုပ်လို့ ရပါပြီ.... save လုပ်ပြီးရင်တော့ ကိုယ်ခုနက သိမ်းထားတယ့် ဖိုင်လ် လေးကို သွားဖွင့်ကြည့်လိုက်ပါ... Virus အစစ်မဟုတ်ပါဘူး 100% အာမခံပါတယ် စက်အတွက်လည်း ဘာမှမထိခိုက်နိုင်ပါဘူး အစမ်းလေး run ကြည့်လိုက်ပါ ပြီးရင် သူငယ်ချင်းတွေကို ပေးပြီး စမ်းကြည့်ပါ မသိသေးသူတွေကတော့ တော်တော် ကို ခေါင်းနပမ်းကြီးသွားနိုင်ပါတယ် ပျော်စရာလည်းကောင်းမှာပါ... ကျွန်တော်ထပ်ပြောပါ့မယ် ကျွန်တော် အခုပေးတာက Virus အတုပါ စက်ကို ဘယ်နည်းနဲ့ မှ မထိခိုက်နိုင်ပါဘူး။ ဒီနည်းလေးစမ်းကြည့်ပြီးကြိုက်တယ်ဆိုရင် အောက်မှာ ရင်ထဲမှာရှိတာလေးပြောခဲ့ပေးပါ.... ဆိုတယ့် Link လေးမှာ Comment ပေးသွားနိုင်ပါတယ် ကြိုက်ကြတယ်ဆိုရင် ဒီVirus အတုလေးကို ဘယ်လိုလုပ်ရတယ်ဆိုတာနဲ့ နောက်ထပ် Virus အတုတစ်မျိုး ကိုလည်း တင်ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် အပျော်ပေါ့နော့် ဒါမှမဟုတ်လည်း ဗဟုသုတ အဖြစ်ပေါ့.....
အားလုံးပျော်ရွှင်နိုင်ပါစေ။

No comments:
Post a Comment