LOAD HTAR PAR

Sunday, March 4, 2012

လူ့ ခန္ဓာကိုယ် အလိုအလျောက် မီးထလောင်ခြင်း

Oh! You come to my blog. Welcome....
မကြာခဏဆိုသလို ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေကို
အလုံပိတ်အခန်းတွေထဲမှာ တွေ့ ရတတ်ပါတယ် ..အဲဒီအခန်းတွေထဲမှာ ကျပ်ခိုးတွေ ၊ ကျိချွဲချွဲအရာတွေနဲ့
ပြည့်နေတာကိုလည်း တွေ့ ရတတ်တယ် ။
အများဆုံးတွေ့ မြင်ရတဲ့ ထူးခြားချက်ကတော့ မီးတောက်ဟာ လူ၇ဲ့ ရင်ခေါင်းနေရာမှသာ ထွက်ပေါ်လာတာဖြစ်ပြီး
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလုံး (သို.) တစ်စိတ်တစ်ပိုင်းကိုသာ မီးလောင်ကျွမ်းသွားပေမဲ့ ...
အနီးအနားမှာရှိတဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို လုံးဝလောင်ကျွမ်းမှုမ၇ှိတာ မကြာခဏတွေ့ ကြရပါတယ် ..
လူ့ ခန္ဓာကိုယ် အလိုအလျောက် မီးတောက်လောင်ပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ချို.ကို
ပြောပြချင်ပါတယ် ..


(၁) ၁၉၆၆ ခု ဒီဇင်ဘာလ ၅ ရက်နေ့က ပင်စီဗေးနီးယားပြည်နယ် ၊ ကောင်ဒါစပို.သ်မှ ၉၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့အငြိမ်းစား  ဆရာဝန်ကြီး ဒေါက်တာ ဂျွန် ဘန်တလေ ဟာ သူ.ရဲ့ ရေချိုးခန်းထဲမှာ မီးလောင်ကျွမ်းပြီး သေဆုံးနေပါတယ် .. တွေ့ ရှိကြသူတွေဟာ မီးလောင်ကျွမ်းမှုနဲ့ပက်သက်ပြီး ဦးနှောက်ခြောက် ကြရပါတယ် ..



ဒေါက်တာ ဂျွန်ဘန်တလေ ပုံပါ ...
 
ဒေါက်တာ ဂျွန်ဘန်တလေ ရဲ့ မီးလောင်ပြီး ကျန်ရစ်ခဲ့တဲ့ ပြာပုံ နဲ့ အကြွင်းအကျန် ခြေထောက် တဖက်ပါ .. ဖိနပ်တစ်ဖက်တောင် မီးမလောင်ဘဲ ကျန်ရစ်ခဲ့ပါတယ် လုံးလုံးလျားလျား  လောင်ကျွမ်းသွားတဲ့ ကြမ်းပြင် အပေါက်တစ်ပေါက်မှလွဲလို. တခြား  ဘာမှ မလောင်ကျွမ်းခဲ့ပါဘူး ။



(၂) ၁၉၅၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ည ဘက်မှာ မစ္စ မေရီ ၇ီဇာ ဆိုသူ အမယ်အိုကြီးဟာ
သူမရဲ့ အိမ်ခန်း ဆိုဖာခုံပေါ်မှာ ထိုင်နေတုန်း အလိုအလျောက် မီးလောင်ကျွမ်းပြီးသေဆုံးခဲ့ပါတယ် ..

မစ္စ မေရီ ၇ီဇာ ပုံပါ .. 


မစ္စ မေရီ ၇ီဇာ မီးလောင်ကျွမ်းသွားပြီး ပြာတွေ အမြောက်အမြားကျန်ရစ်ခဲ့ပါတယ် ...




မစ္စ မေရီ ၇ီဇာ ရဲ့ ခန္ဓာကိုယ်အပေါ်တစ်ပိုင်း မီးလောင်ကျွမ်းထားတဲ့ ပုံပါ ..

မစ္စ မေရီ ၇ီဇာ ရဲ့ မီးလောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ အစိတ်အပိုင်း တစ်ပိုင်း ပုံပါ ..

မစ္စ မေရီ ရီဇာ ရဲ့ ကုလားထိုင် နောက်ဘက်ရှိ နံရံနဲ့ အနားမှာ၇ှိတဲ့ သတင်းစာတွေ ထပ်ထားတဲ့
အပုံကြီး တစ်ပုံကိုတော့ လောင်ကျွမ်းမှု မရှိပါဘူး .. သူမ စီးထားတဲ့ ဖိနပ်လည်း မီးမလောင်ကျွမ်းခဲ့ပါဘူး ..
ဒါပေမဲ့ အနီးအနားမှာရှိတဲ့ မီးလောင်နိုင်တဲ့ ပလစ်စတစ်ပစ္စည်းတွေကတော့ အပူရှိန်ကြောင့် ပျော့သွားပြီး
ပုံပျက်သွားပါတယ် ...


(၃) ၁၉၆၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ မနက် ၅း၂၁ နာ၇ီတွင် လန်ဒန်မြို.မှ အိမ်ခြေရာမဲ့ တစ်ဦးဖြစ်သူ
ရောဘတ် ဖရန်စစ် ဘေးလ် ဆိုသူဟာ အလိုအလျောက် မီးလောင်ကျွမ်းပြီး သေဆုံးနေခဲ့ပါတယ် ..
ရောဘတ် ဖရန်စစ် ဘေးလ် မီးလောင်ကျွမ်းပြီး သေဆုံးနေတဲ့ ပုံပါ ..
အိမ်အပေါ်ထပ်မှာနေသူတစ်ချို.က သူတို. ပြတင်းပေါက်ကနေ မီးခိုးတွေ တက်လာတာတွေ့ တော့
ဂတ်စ် ပေါက်ပြီး ထွက်လာတယ်လို. ထင်မိတယ်လို. ပြောပါတယ် ..
မီးသတ်သမားတွေက ရောဘတ် ဖရန်စစ် ဘေးလ် ဟာ မီးလောင်ကျွမ်းခြင်း မသေသေးဘဲ
ဝေဒနာကို မချိမဆန့်ခံစားခဲ့ရတာကြောင့် သွားများပင် စိနေကြောင်း ပြောပါတယ် ...
သူဟာ ဆေးလိပ်မသောက် သူတစ်ယောက်ပါ ..

(၄) ဂျော့ မော့သ် ... ၁၉၈၆ ခုနှစ်
၁၉၈၅ ခုနှ်စ မတ်လ ၂၆ ရက်နေ့မှာ နယူးယောက်မြို.ရှိ အသက် ၅၈ နှစ်အရွယ် ဂျော့ မော့သ် ဆိုသူဟာ
သူ.အိမ်ခန်းတွင်းမှာ အလိုအလျောက် မီးလောင်သေဆုံးနေခဲ့ပါတယ် ..

စုံစမ်းစစ်ဆေးသူတွေရဲ့ အထင်ကတော့ လျှပ်စစ်ပြသနာ တစ်ခုခုကြောင့် (သို.) ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့်လို.
ပြောကြပါတယ်...သို.ပေမဲ့ သူမသေခင် ဓါတ်ငွေ့ ကာမျက်နှာဖုံး ၀တ်ထားတာ မတွေ့ ရပါဘူး ..
တချို.သူတွေရဲ့ ထင်မြင်ချက်ကတော့ သူဟာ အရက်နဲ့ ဆေးလိပ်ကို အလွန်အကျွံသောက်သူဖြစ်တာကြောင့်
ဖြစ်ရတာပါ တဲ့ ..

(၅) မတ်လ ၂၄ ရက်နေ့ (ခုနှစ် မသိတော့ပါ)မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဂျွန် အို ကော်နာ ဆိုသူဟာ
သူရဲ့ ထိုင်ခုံမှာ ထိုင်နေရင်း အလိုအလျောက် မီးလောင်ကျွမ်းပြီး သေဆုံးနေပါတယ် ..
သူ့ ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှ ထွက်လာတဲ့ မီးအပူရှိန်ကြောင့် သူမသေခင် မချိန်မဆန့်
ခံစားခဲ့ရဟန်၇ှိပါတယ် .. ဦးခေါင်း ၊ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့  ခြေထောက်ပိုင်းကတော့ မီးမလောင်ပဲ
ကျန်ရစ်ခဲ့ပါတယ် ..ဒါ့အပြင် အခန်းနဲ့ ပရိဘောဂတွေလည်း မီးခိုးအနည်းငယ်ရိုက်တာလောက်ပဲ
ဖြစ်ခဲ့ပါတယ် တဲ့ ခင်ဗျ ...





(၆) ဘီလီ ပီတာဆန် ဘက်ထရိုက် .... ၁၉၅၉ ခုနှစ် ..
ကားအတွင်းမှာ အပူရှိန်က ပြင်းလွန်းတဲ့အတွက် ယာဉ်မောင်းရှေ့ရှိ ဒိုင်ခွက်ဘောင်( ဒက်ရှ်ဘုဒ်)
တစ်စိတ်တစ်ပိုင်းဟာ အရည်ပျော်သွားတယ် ။ ဒါပေမဲ့ ဘီလီရဲ့ အ၀တ်အစားတွေကို မလောင်ကျွမ်းခဲ့ပါဘူး ..

(၇) ပေါ်လ် ဟာရက်စ် .. လန်ဒန်.. ၁၉၈၅ ခုနှစ် ။
စတက်ပ်နေဂရင်းမှာ သူလမ်းလျောက်နေတုန်း မီးတောက်မီးလျှံတစ်ခုက သူ.ကို လွမ်းမိုးဝိုင်းရံထားတယ် ..
ရုတ်တရက်ချက်ချင်းဆိုသလိုပဲ အဲဒီမီးတောက်မီးလျှံတွေ ပျောက်ကွယ်သွားပါတယ် ..

(၈) ၁၈၈၀ ပြည့်နှစ်က နာမည်ကြီး သမားတော်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဘီအိပ်ခ်ျ ဟက်တ်ဝဲလ် နဲ့
အခြားလူတော်တော်များများဟာ မက်ဆာချူးဆက်မှာ မိန်းမတစ်ယောက် မီးတောက်မီးလျှံတွေ
ဖြုန်းခနဲထတောက်ပြီး မီးလောင်ကျွမ်းခံရပြီး သေဆုံးသွားတာကို မျက်မြင်ကိုယ်တွေ့ 
တွေ့ ကြုံခဲ့ရပါတယ် ..

(၉) ဟင်နရီ သောမတ်စ် ... ၁၉၈၀ ခုနှစ်
ဝေးလ်ပြည်နယ်ရှိ အသက် ၇၃ နှစ်အရွယ် ဟင်န၇ီ သောမတ်စ် ဆိုသူဟာ သူ.အိမ်ခန်းတွင်းမှာ တီဗွီထိုင်ကြည့်နေတုန်း
ရုတ်တရက် အလိုအလျောက် မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ပါတယ် .. သူထိုင်ခဲ့တဲ့ ထိုင်ခုံကတော့ အနည်းငယ် မီးသင့်ခဲ့ပြီး
သူ.ရဲ့ ဦးခေါင်းခွံ နဲ့ ခြေထောက်တွေ မီးမလောင်ပဲ ကျန်ရစ်ခဲ့ပါတယ် ..
ဖြစ်နိုင်ချေ အကြောင်းအရင်းများကို ခန့်မှန်းဖြေရှင်းမှုများ

ဒီလို အလိုအလျောက် မီးလောင်သေဆုံးမှုများနှင့်ပက်
သက်ပြီးတော့ ဖြစ်နိုင်ချေများကို စဉ်းစားတွေးခေါ်ခဲ့ရမှာ
အုပ်စု သုံးစု ကွဲပြားခဲ့ပါတယ် ..
(၁) သဘာဝလွန်ဖြစ်ရပ်များကြောင့် ဖြစ်ရတယ် ။ (ဥပမာ- ၀ိဥာဉ်တွေကြောင့် )
(၂) natural explanations that credit some unknown and otherwise unobserved phenomenon
(e.g. the production of abnormally concentrated gas or raised levels of blood alcohol cause
spontaneous ignition),
သဘာဝအတိုင်းဖြစ်တာမှန်ပေမဲ့ မဖြေရှင်းနိုင်သေးတဲ့ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တစ်ရပ်ရပ်ကြောင့်
တန်ပြန်ဖြစ်ပေါ်မှုတစ်ခုဖြစ်ပေါ်လာတာ ဖြစ်တယ် ။
(ဥပမာ- ပုံမှန်မဟုတ်တဲ့ ကိုယ်တွင်းလောင်စာများစွာ စုစည်းပြီး မီးလောင်စေမှု ၊အူသိမ်တွင်ပါဝင်မှုများသော
အလွန်မီးလောင်လွယ်တဲ့ မီသိန်းဓါတ်ငွေ့ ကြောင့်၊ ဘက်တီးယားရီးပိုးတွေ ကြောင့်၊ အရက်အလွန်အကျွံ
သောက်သုံးမှုကြောင့် သွေးတွင်း alcohol ပါဝင်မှုနှုန်း အဆမတန် မြင့်တက်မှု၊ ဒေါသအလွန်အကျွံကြီးမှုကြောင့် )

(၃) natural explanations that involve an external source of ignition
(e.g. the victim dropped a cigarette).
သဘာဝအတိုင်းဖြစ်တာလို. ရှင်းပြနိုင်တဲ့ ပြင်ပစေ့ဆော်မှုအခြေအနေတစ်ရပ်ရပ်ကြောင့် ဖြစ်ရတယ် ။
(ဥပမာ - စီးကရက်မီးကြောင့်၊ ဆေးလိပ်သောက်နေစဉ် နှလုံးရောဂါ ထပြီး သေတာ )


လေ့လာမှုတွေအားလုံးကို ခြုံကြည့်ရင် သေဆုံးသူအများစုဟာ အရက်အလွန်အကျွံသောက်သုံးသူတွေ နဲ့ အသက်အ၇ွယ် ကြီးရင့်သူတွေ ဖြစ်နေပါတယ် ။
ဒါပေမဲ့ ဝေခွဲမရဆုံး ဦးနှောက်အခြောက်ရဆုံး ပြသတာက အပူချိန် ၁၈၀၀ ဒီဂရီဖာရင်ဟိုက် ( ၁၀၀၀ ဒီဂရီ စဲလ်စီးယပ် ) ထိရောက်နိုင်တဲ့ မီးသင်္ဂြိုဟ်စက်တွေမှာတောင် အလိုအလျောက်မီးလောင်မှုဖြစ်တဲ့ ကိစ္စတွေမှာလို အရိုးတွေ
ပြာဖြစ်သွားတဲ့ထိ လုံးဝလောင်ကျွမ်းသွားမှု မရှိတာပါပဲ ။
နောက်တစ်ခုကတော့ ဒီလို အလိုအလျောက် မီးလောင်ကျွမ်းခံရပေမဲ့ မသေဘဲ ကျန်ရစ်ခဲ့သူများလည်း ရှိခဲ့ပါတယ် တဲ့
ခင်ဗျ...


အရက်သောက်ခြင်းရဲ့ ဆိုးကျိုးများကို ဖတ်လိုက်ရတဲ့အချိန်ကစပြီး
ကျနော် စာဖတ်ခြင်းကို စွန့် လွတ်လိုက်ပါတယ် .. :P

No comments:

Post a Comment