LOAD HTAR PAR

Sunday, March 4, 2012

မောင်းမ လက်သုံးပုံ ( သီပေါမင်း ၏ ကိုယ်လုပ်တော် စာရင်း)

Oh! You come to my blog. Welcome....
 သီပေါမင်း-စုဖုရားလတ်နှင့်စုဖုရားလေး
ဟိုတလောလေးက သတင်းကြီးနေတဲ့ " ဆောင်ကြာမြိုင် မှတ်တမ်း " ဖတ်ဖြစ်တယ်။ မင်းတုန်းမင်းနောက်ခံ မှတ်တမ်းလို့ ထင်နေခဲ့တာ။ ခေါင်းစဉ်မှာကိုက ' မှတ်တမ်း ' ဆိုတဲ့ အရေးသားနဲ့ဆိုတော့ တကယ်ပဲ မှတ်သားရတော့မယ်ထင်ခဲ့တာ။ ဖတ်ကြည့်တော့မှ မောင်မှိုင်း ဖြစ်နေတယ်။

ပေါက်ကရလေးဆယ်တော့ရေးရဲ့ တကယ်တန်ဖိုးရှိတဲ့မှတ်တမ်းမှတ်ရာမျိုးတော့ မဟုတ်ခဲ့။ စာရေးဆရာ လိုရာဇာတ်လမ်းဆင်တဲ့နောက် အဟုတ်ကြီးလိုက်ခဲ့ပြီး အဖျားရှူးပြန်တယ်။ ရှင်းရှင်းပြောတော့ ဝတ္ထုအနေနှင့်လည်း အံမဝင်၊ မှတ်တမ်းလည်းမဟုတ်တဲ့ တကယ့် အပ်ကြောင်းထပ် ကာမခန်းတွေချည်းရေးထားတဲ့ အပြာစာအုပ်လို့သာမှတ်တယ်။

မင်းတုန်းမင်း မိဘုရားများတာလူတိုင်းသိတယ်။ ရှင်းရှင်းပြောတော့ နန်းတော်ထဲက အမျိုးသမီးတွေအားလုံးသူ့မယားချည်းလို့ ပြောလို့ရတယ်။ ဒီတော့ နန်းတော်ထဲက အမျိုးသမီးတွေဟာ အရေးဟဲ့အကြောင်းဟဲ့ဆို သက်လုံးကောင်းဖို့ဆိုတာထက် အရှင့်အလိုကောင်းဖို့ လေ့ကျင့်သင်ကြားရဟန်တူပါတယ်။ ဒီတော့ လက်သုံးပုံကျမ်းအဖြစ် မှတ်တမ်းလုပ်ပြီးသင်ကြားပေးရပါတယ်။

အဲဒီ ကျမ်းကို " မောင်းမ လက်သုံးပုံ " လို့ ခေါ်ပါသတဲ့။ ဒေါက်သာသန်းထွန်း နယ်လှည့်ရာဇဝင် စာ၂၈၄ မယ်ပြောထားတာက မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ်တစ်ခုရှိတယ်။ လူယောက်ျား လူမိန်းမ နှစ်ယောက်တွဲသံ ဝါသပြုနေတဲ့ ပုံနှစ်ဆယ့်လေးပုံပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်း လို့ အခိုင်းခံရတဲ့လူက တိတ်တဆိတ် ဓာတ်ပုံရိုက်ယူထားလို့ ပုံမှတ်တမ်းကျန်ရစ်ပါတယ်တဲ့။ အဲဒီဓာတ်ပုံကိုတော့ မြင်ဖူးချင်ပါရဲ့။ ဘယ်မိဖုရားဖြစ်တယ်ဆိုတာ နာမည်တပ်ပြီးမပြောခဲ့ပေမယ့် ထားဝယ်မှာနေသွားတဲ့ နာမည်ကြီးမင်းတုန်းမင်းရဲ့ မိဘုရားကြီးများဖြစ်မလားလို့ ခန့်မှန်းပါရဲ့။

ရှေးကမြန်မာ အမျိုးသမီးတစ်ယောက်မှာ နန်းတွင်းဝင်ပြီဆိုတာနဲ့ သင်ကြားရတဲ့ နန်းမူနန်းရာတွေထဲမှာ " လိင်မှုဆိုင်ရာပညာရပ် ' ဟာလည်းဘဲ မသင်မဖြစ်သင်ကြားရတဲ့ ပညာရပ်တစ်ခု။ ရှေးတရုတ်မှတ်တမ်းတွေမှာတော့ အတိအလင်း မှတ်တမ်းတွေကျန်ရစ်တယ်။ အိန္ဒိယ မှတ်တမ်း ပုရပိုဒ်တွေ ဆေးရေးတွေမှာလည်း မှတ်မှတ်သားသားကျန်ရစ်တယ်။ တိဘက်ဘက်က ရှေးလက်ရာတွေမှာလည်းကျန်ရစ်တယ်။ အထူးချဖြင့် ပုရပိုဒ်တွေမှာကျမ်းတစ်ဆောင်အဖြစ်နဲ့ ကျန်ရစ်တယ်။ အမှန်တော့ ဒီလို နန်းဓလေ့ထဲ လိင်မှုဆိုင်ရာတွေကို တီးတိုးသဖန်းပိုး လို့တမျိုး အတိလင်းတစ်သွယ်သင်ကြားပေးရတာဟာ အရှေ့ အနောက် ကမ္ဘာ ဘယ်နေရာမှာဖြစ်ဖြစ် ရှေးသက်ဦးဆံပိုင် ဘုရင်စနစ်ရှိခဲ့တဲ့ တိုင်းနိုင်ငံတွေမှာ လုပ်မြဲထုံးစံသာဖြစ်တယ်။ ဘာသာတရားနဲ့မဆိုင်ပါ။

မင်းတုန်းမင်းပြီးတော့ သီပေါမင်းလက်ထက် လှမ်းကြည့်ရအောင်ပါ။ ညီအမတွေကို မယား/မိဖုရားလုပ်တာလူတိုင်းသိတယ်။ စုဖုရားလတ် ချုပ်ချယ်လို့ သိပ်မရှုပ်နိုင်ရှာဘူးရယ်လို့ လူတိုင်းသိထားကြတယ်။ ဒိုင်းခင်ခင်ကတော့ ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကျန်ကျစ်တယ်။ စုဖုရားလတ် ဝေဖန်ရေးတွေထဲမှာ ဆရာကြီးမြသန်းတင့်ရဲ့ ဝေဖန်ရေးမှာတော့ စုဖုရားလတ် သီပေါနဲ့ပေါင်းဖက်တော့ ဆယ်ကျော်သက်။ ပါတော်မူတော့ ၂၀ စွန်းစွန်းရယ်။

ဒီတော့ ဒီအသက်ရွယ် ဘုရင့်မိဘုရားတစ်ပါးဆီ ဒီလိုအပြုမူတွေရှိတယ်ဆိုသာ သာမန်မိန်းမသားတွေလို ပြုမူတာဘဲဆိုပြီး ဖေးဖေးမမပြောသွားခဲ့တယ်။ လူတချို့ကတော့ စုဖုရားလတ်ဟာ တစ်လင်တစ်မယား စနစ်ကိုတည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ နေဝင်ချိန်မိဖုရားတစ်ပါးအဖြစ် ခေါ်ဆိုတတ်ပါသေးတယ်။ ထားပါတော့။

သီပေါမင်းခေတ် ဝက်မစွတ်ဝန်ထောက် သိမ်းထားတဲ့ ပုရပိုဒ်တွေထဲမှာ ဘုရင်အလိုရှိတိုင်း ကာမဂုံဖြည့်ပေးရတဲ့ အမျိုးသမီးစာရင်း ကျန်ရစ်တယ်။ အဲဒီစာရင်းကို ပြုစုပေးရတဲ့သူက ရေနံသာစားဖြစ်တယ်။ ရှင်းရှင်းပြောတော့ ဘုရင်လုပ်သူက အဟမ်း အဟမ်း ဆိုရင် ရေနံသာစားက စားရင်းထဲကအတိုင်း နီးစပ်ရာ အမျိုးသမီးပြေးခေါ်ပေးရဟန်တူပါတယ်။ စာရင်းကို ကြည့်ရအောင်ပါ။

" ကာမဂုံ အခွင့်ရလျှင် အခါမရွေး ( x ) လိုကြောင်း ရေနံသာ ရေတွက်သည့်စာရင်း "

သမီးပျို စာရင်းဖြစ်ပြီး စုစုပေါင်း ၁၆ ယောက်။
၁။ အစ်မတော်ဘုရား ( ချွန်းတောင်း / မိုင်းခိုင်မင်းသမီး )
၂။ ပြင်စည်မင်းသမီး (မကွေး မိဖုရားသမီး )
၃။ မိုးမိတ်မင်းသမီး (စာပွဲတောင်းမိဖုရားသမီး )
၎။ လှိုင်ကျွန်းသမီးကြီး (တောင်တွင်း/မင်းကတော်သမီး)
၅။ ငန်စွန် (မိဖုရား)သမီး ထရန်ကာ (မင်းသမီး)
၆။ ကြေးမြှင့် မိဖုရား
၇။ ပင်းအတွင်းဝန် သမီး
၈။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအကြီး
၉။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအငယ်
၁၀။ ညောင်ဝန် သမီး
၁၁။ ဥယာဉ်အုပ် သမီး
၁၂။ တရားမ အရေးပိုင်သမီး
၁၃။ စာရေးကြီး ငအုံ သမီးအကြီး
၁၄။ ကုလားဝန် သမီးအကြီး
၁၅။ သီပေါဝန် သမီး
၁၆။ ပင်သာ သမီး

သူတပါး မယား တွေလည်းပါတယ်။ စာရင်းကြည့်ပါ
၁။ တောင်ခွင်မင်းကြီး ကတော်
၂။ ပင်သာ (မင်းသား) မယား
၃။ စာရေးကြီး ဦးဘိုးရှုတ် မယား
၎။ ရေနံချောင်းမင်းကြီး မယား သီလ
၅။ အမြောံဝန် မယား
၆။ ကွပ်ရွာဝန်ထောံ မယား
၇။ ခန်ပတ်ဝန်ကြီး မယား
၈။ ရှေ့ဝင်းမှူး မယား
စုစုပေါင်း သူတပါး မယား ၈ ယောက်ရှိတယ်။

သူတပါး တူမ နှင့် အခြား သမီးလား မယားလားမသိတဲ့ စာရင်းက
၁။ ပင်းကလဲဝန်ထောံ တူမ
၂။ ကုလားမ ဘီဘီ
၃။ ပြင်စည်
၎။ ကျောံပန်းတောင်း
စုစုပေါင်း ၄ ယောက်။ သီပေါမင်းခေတ်မှာ အဖြူမ ကိုယ်လုပ်တော်တွေလည်းရှိတယ်။ သူတို့တွေဟာ သက်ဆိုင်ရာနယ်ချဲ့လိုတဲ့အစိုးရကစေလွတ်တဲ့ လခစားကြေးစား မိန်မပျက် တစ်ဖြစ်လဲ သူလျှိုတွေပေါ့။ နာမည်ကြီးကိုယ်လုပ်တော်ကတော့ ယွန်းခင်ခင် (The Lacquer Lady)ပေါ့။

ဒီစာရင်းဟာ သီပေါမင်းရဲ့ မယားစာရင်းဆိုသေချာစေတာက လူအမည်တွေနှင့် အမိန့်တော်ထုတ်တဲ့နေ့ ( မှတ်တမ်းတင်တဲ့နေ့ ) ဟာ မြန်မာလို ၁၂၄၆-၁၂၄၇ ခု ( ၁၈၈၄-၅ ) ဖြစ်တာကြောင့်ပါတဲ့။

အထူးမှတ်သားရမှာက ရှင်ဘုရင့်အလိုရှိတိုင်း လာရောက်ပြီး ကာမဂုံ ဆက်ရမယ့်စာရင်းထဲမှာ သူတပါးမယားတွေပါနေတာပါဘဲ။ ဘာသာတရားအဆုံးမနှင့် သီလတရား ကျင့်ဝတ်တွေရှိစေကာမူ ဘုရင်တွေအတွက် အကျုံးမဝင်တာ သတိထားမိပါတယ်။ ဘုရင်ဆိုတာ ကာမေသု သီလစောင့်စရာမလိုတဲ့သဘောပေါ့။ မင်းကျင့်တရားဆယ်ပါးတော့ မပြောတော့ပါဘူး။

ယောက်ျားပီးပီသသသန့်ပြန့်ချောမောလှတဲ့ ကမ္ဘာ့အခန့်ညားဆုံး အမျိုးသမီးဆယ်ယောက်

Oh! You come to my blog. Welcome....



အခုပြောပြမယ့်သူတွေက မွေးဖွားလာစဉ်တုန်းကတော့ အမျိုးသမီး တယောက်လို မွေးဖွါးလာခဲ့ ကြပေမယ့်လို့ သူတို့စိတ်က ကိုယ့်ကိုယ်ကို အမျိုးသားတယောက်လိုပဲ ခံယူသတ်မှတ်ထားကြသူတွေဖြစ်တဲ့ အတိုင်း ဘ၀ကို အမျိုးသားတယောက်လို ပြောင်းလဲနေထိုင်ပြီး အသက်ရှင်နေထိုင် သွားခဲ့ကြသူတွေပါ။ ဒါပေမယ့် ဒီလူတွေကို ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့၊ ရွေးထားတဲ့ ဆယ်ယောက်စလုံးက သူတို့ ကျွမ်းကျင်တဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရနေတဲ့သူတွေဖြစ်သလို လှပခန့်ညားတဲ့ အမျိုးသားစစ်စစ်တွေ လုံးလုံးကို ဖြစ်နေတဲ့သူတွေဖြစ်ပါတယ်။

(၁) Balian Buschbaum

ထမဦးဆုံးတယောက်ကို မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ဘာလီယံ ဘွခ်ျဘွေမ် လို့ ခေါ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ မွေးခဲ့တဲ့သူဖြစ်ပြီး ဂျာမဏီနိုင်ငံမှာ ဒုတိယ အကောင်းဆုံး တုတ်ထောက် အမြင့်ခုံ အားကစားသမားတယောက် ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ သူ့ကျန်းမာရေး အခြေအနေကြောင့် အားကစားလောက ကနေ အနားယူခဲ့သူပါ။ သူဟာ ငယ်ငယ်ကတည်းကနေ လိင်ပြောင်းလဲခွဲစိတ်ချင်နေခဲ့သူ တယောက်ပါ။ အဲဒါကြောင့် ၂၀၀၈ ခုနှစ်မှာတော့ တရားဝင် အမျိုးသားတယောက်အနေနဲ့ လိင်ပြောင်းလဲ ခွဲစိတ်ခဲ့ယုံသာမကဘဲ နာမည်ကိုပါ တရားဝင်ပြောင်းလဲနိုင်ခဲ့တဲ့ သူတယောက်ဖြစ်ပါတယ်။

(၂) Buck Angel
အပြာရုပ်ရှင်ဇတ်ကားလို့ပဲပြောရမလား လူကြီးကားလို့ပဲပြောရမလား မသိဘူးနော်။ အဲလိုအဲလို ဟိုဟာမျိုးဇာတ်ကားတွေကို ရိုက်ကူးဖန်တီးသူတယောက်အနေနဲ့ နာမည်ကျော်တဲ့ ဘတ်အိန်ဂျယ်ကို လိင်တူချစ်သူအသိုင်းအ၀ိုင်းက မသိတဲ့သူ မရှိသလောက်ပဲလို့ ဆိုပါတယ်။ ဘတ်တယောက်ကိုလည်း ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့ဦး။ ၂၀၀၇ ခုနှစ်မှာ အဲဒီလိုမျိုးဇာတ်ကားတွေနဲ့ ပတ်သက်တဲ့ ဗွီဒီယိုသတင်း ဖန်တီးသူဆုကိုတောင် လက်ခံရရှိခဲ့တဲ့သူပါ။ ဆုရတဲ့ခေါင်းစဉ်နာမည်က “ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲ ၀တ်စားနေထိုင်သူများထဲက အကောင်းဆုံး ဖျော်ဖြေတင်ပြနိုင်သူ” လို့ ခေါ်ပါတယ်။ အခုလောလောဆယ်မှာတော့ လိုက်လံစေ့စပ်ဆော်သြသူ၊ ပညာပေးသူ၊ ကျောင်းဆရာ၊ စာရေးဆရာ စသဖြင့် အလုပ်မျိုးစုံမှာ အောင်မြင်နေတဲ့သူတယောက်ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုကိုလည်း တည်ထောင်ထားနိုင်ခဲ့တဲ့သူပါ။

(၃) Loren Cameron

လောရင်းရက်ဇ် ကယ်မရွန် ကတော့ လိင်ပြောင်းလဲခွဲစိတ်ထားပြီးတဲ့ အမေရိကန် ဓါတ်ပုံဆရာ၊ စာရေးဆရာနဲ့ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတယောက်ပါ။ အဓိကအားဖြင့် ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်စားနေထိုင်တဲ့ သူတွေရဲ့ ရုပ်ပုံတွေကို ပုံဖော်ရိုက်ကူးတဲ့အလုပ်ကို အများဆုံးလုပ်ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲလာတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတင် ဗွီဒီယိုတခုကိုလည်း သူကိုယ်တိုင် ရိုက်ကူးနိုင်ခဲ့တဲ့ သူပါ။ သူရဲ့ဓါတ်ပုံတွေဟာ ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲနေထိုင်တဲ့သူတွေကို မြင်တဲ့ သာမန်လူတွေရဲ့ အမြင်ကို ပိုရှင်းလင်းကြည်လင်အောင် လုပ်ဆောင်နိုင်တဲ့ ပုံရိပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

(၄) Ian Harvie
အီယန် ဟာဗွီးကတော့ အမေရိကန်နိုင်ငံသား ဟာသလူရွင်တော်တယောက် ဖြစ်ပါတယ်။ သူရဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်တဲ့ ဘ၀အကြောင်းအရာတွေကို သူတင်ဆက်တဲ့ ဟာသတွေမှာ အမြဲအသုံးပြုလေ့ရှိတဲ့ သူတယောက်လည်းဖြစ်ပါတယ်။ နာမည်ကျော် ဟာသမယ် မာဂရက်ချို အပါအ၀င် အခြားနာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေ အတော်များများနဲ့လည်း လက်တွဲပြီး ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ သူတယောက်အနေနဲ့လည်း လိင်တူချင်းချစ်သူတွေအကြားမှာ နာမည်ကြီးတာဖြစ်ပါတယ်။

(၅) Lucas Silveira
လူကပ်စ် ဆီလ်ဗေးရာကို ကနေဒါနိုင်ငံမှာ ၁၉၇၉ ခုနှစ်ကမွေးဖွားခဲ့တာပါ။ သမိုင်းမှာတော့ ရော့ဒ်ဂီတလောကထဲကို ဆန့်ကျင်ဖက်လိင်လို ပွင့်ပွင့်လင်းလင်းပြောင်းလဲနေထိုင်ပြီး ၀င်ရောက်ခဲ့တဲ့ ပထမဦးဆုံးသောသူလို့ ပြောလို့ရနိုင်ပါတယ်။ ပြီးတော့ နာမည်ကျော် တေးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ချက်ချင်းဆိုသလို စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့သူပါ။ တေးသီချင်းနဲ့ပတ်သက်လို့ အဆို၊ အရေး၊ အတီး အကုန်ကျွမ်းကျင်တဲ့ သူတယောက်ဖြစ်ပါတယ်။ အဓိက တီခတ်တဲ့တူရိယာက ဂစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

(၆) Katastrophe
ရိုကို ကာရီယာတိုးစ် လို့ခေါ်တဲ့သူကို အများစုက ကာတာစထရိုဖီ လို့ပဲ လူသိများကြပါတယ်။ သူကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသော ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲ ၀တ်စားနေထိုင်တဲ့ ရပ့်အဆိုတော် တယောက်အဖြစ်နဲ့ လူသိများကြတာဖြစ်ပါတယ်။ ကာတာစထရိုဖီလည်း တေးရေးဆရာနဲ့ တေးထုတ်လုပ်သူ တယောက်ဖြစ်ပါတယ်။

(၇) Thomas Beatie
သောမတ်စ်ဘီတီကိုတော့ ယောက်ျားပုံစံနဲ့ ကိုယ်ဝန်ဆောင် ကလေးမွေးခဲ့တဲ့သူတယောက်အနေနဲ့ တစ်ကမ္ဘာလုံးက သတိထားမိခဲ့တဲ့သူတယောက်ပါ။ ဘီတီတယောက် မွေးလာတုန်းကတော့ မိန်းကလေးဖြစ်ခဲ့ပေမယ့် အသက်နှစ်ဆယ်ကျော်အထိ ယောက်ျားလေးတယောက်လိုပဲ နေထိုင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယောက်ျားဟိုမုန်းတွေစားပြီး လိင်ပြောင်းလဲဖို့ ပြင်ဆင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ဇနီးကလေးမရနိုင်ဘူးဆိုတာကို သိသွားတဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဟိုမုန်းဆေးစားတာတွေကိုပြန်ရပ်ပြီး အလှူရှင်တွေရဲ့ သုတ်ပိုးနဲ့ ကလေးရအောင် ကိုယ်ဝန်ပြန်ဆောင်ပေးခဲ့တဲ့သူပါ။ ကလေးသုံးယောက် ရပြီးတဲ့နောက်မှာတော့ ယောက်ျားဟိုမုန်းဆေးတွေကို ပြန်စားနေပြီလို့ ဆိုပါတယ်။
(၈) Ryan Sallans
ရိုင်ယန် ဆားလန်စ်ကတော့ လောလောဆယ်မှာ လိင်တူချင်းချစ်သူတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူတယောက်အနေနဲ့ အမေရိကန်တ၀ှမ်းမှာ လိုက်လံဆော်သြော်နေတဲ့ သူတယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်ဝတ်စားသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေးအတွက် စွမ်းစွမ်းတမံ ကျိုးပမ်းနေသူတယောက်လည်း ဖြစ်ပါတယ်။ အမျိုးသမီးဘ၀ကနေပြီး အမျိုးသားဘ၀ရအောင် နှစ်ပေါင်းအတော်ကြာအောင် ပြင်ဆင်ကုသခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာမှ ယောက်ျားစစ်စစ်ဘ၀ကို ရရှိခဲ့တဲ့သူပါ။ လယ်ရီကိန်းရဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်၊ လိုဂို ချယ်နယ်ရဲ့ ရုပ်သံအစီအစဉ်နဲ့ အခြားမဂ္ဂဇင်းတွေ အတော်များများမှာ ဖော်ပြခံခဲ့ရတဲ့ သူတယောက်လည်းဖြစ်ပါတယ်။

(၉) Andreas Krieger
အန်ဒရီစ် ကရိဂါ ကတော့ အရှေ့ဂျာမဏီနိုင်ငံရဲ့ နာမည်ကျော်သံလုံးပစ် အားကစားသမား တယောက်ဖြစ်ခဲ့ဖူးသူပါ။ သူမ မသိလိုက်ပဲ anabolic steroids လို့ခေါ်တဲ့ ဟိုမုန်းဆေးတွေအကြွေးခံရတဲ့ နောက်ပိုင်း ယောက်ျားနဲ့ပိုတူလာခဲ့တဲ့ သူတယောက်လည်းဖြစ်ပါတယ်။ လိင်ပြောင်းလဲခွဲစိတ်တာကိုတော့ ၁၉၉၇ ခုနှစ်မှာ အပြီးသတ်ခွဲစိတ်နိုင်ခဲ့သူပါ။ သူ့ကိုသာဆေးမတိုက်ခဲ့ဘူးဆိုရင် သူ့ရဲ့လိင်စိတ်အစစ်အမှန်ကို ကောင်းကောင်းရှာဖွေတွေ့ရှိနိုင်ခဲ့မှာပါလို့ အများပြည်သူကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသူပါ။ အားကစားလောကကနေပြီးတော့ ၁၉၉၀ ခုနှစ်မှာ အနားယူခဲ့ပြီးဖြစ်ပါတယ်။

(၁၀) Chaz Bono
ချက်စ် ဘာနားကတော့ ကမ္ဘာကျော်အဆိုတော် ရုပ်ရှင်မင်းသမီး ချာ ရဲ့ သမီးဖြစ်ပါတယ်။ အသက် ၂၅ နှစ်မှာ သူမကိုသူမ လိင်တူချင်းချစ်သူပါလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သူပါ။ အဲဒီနောက်မှာတော့ လိင်ပြောင်းလဲခွဲစိတ်ဖို့အတွက် နှစ်နှစ်တိတိ အချိန်ယူခဲ့ပြီး အခုခါမှာတော့ ပျော်ရွင်တဲ့ ယောက်ျားစစ်စစ်ဘ၀ကို လက်ဝယ်ပိုင်ဆိုင်ထားပြီးသူ ဖြစ်နေပါပြီ။ လောလောဆယ်မှာ ကြယ်ပွင့်များနဲ့ ကခုန်ခြင်းလို့ခေါ်တဲ့ (နာမည်ကျော်များနှင့် အတူယှဉ်တွဲအကပြိုင်ရခြင်း) အစီအစဉ်တခုမှာ ၀င်ယောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။

Saturday, March 3, 2012

ကိုယ်ကရော အပြစ်ကင်းရဲ့လား..။

Oh! You come to my blog. Welcome....
တစ်ခါက …
>
> ရွာတစ်ရွာမှာ ကွမ်းအရမ်းစားတဲ့ သူကြိး တစ်ယောက် ရှိတယ်.။ သူ
> ကွမ်းစားပုံက လွန်လွန်းတယ် လို့ ပြောလို့ရတယ်.။ မနက် မိုးလင်းလို့ သွားတိုက်တဲ့
> အချိန်ပဲ ကွမ်းကို ထွေးပြီး သွားတိုက်သတဲ့.။ ကျန်တဲ့ အချိန်တွေကတော့
> သူ့ပါးစပ်ထဲမှာ ကွမ်းအမြဲတမ်း ငုံထားတယ် ဆိုပဲ.။ ထမင်းစားရင်တောင်မှ သူက
> ကွမ်းကို မထွေးဘူး.။ ပါးစောင်တစ်ဖက်မှာ ငုံထားလိုက်ပြီး ထမင်းစားတယ် ဆိုပဲ.။
> အိပ်ရင်တောင်မှ ကွမ်းငုံပြီးမှ အိပ်လေ့ရှိတယ်.။ ဒါကြောင့် သူကြီးသာ ဖြစ်နေတာ
> ကွမ်းနဲ့ ပတ်သတ်ရင် သူ့ကို ဘယ်သူမှ ပြောလို့မရဘူး ဆိုပဲ..။
> အဲ…သူတို့ ရွာမှာ အရက်သမားတစ်ယောက်ရှိတယ်.။ အရက်သမားကတော့
> အများကြီး ရှိမှာပေါ့လေ.။ ဒါပေမဲ့ ..ဒီအရက်သမားကတော့ အလွန်ဆိုး ဆိုပဲ.။
> မနက်မိုးလင်းကတည်းက မျက်နှာ မသစ်ဘူး.။ အရက်နဲ့ အရင် ပလုပ်ကျင်းတယ် ဆိုတာ ဒီလို
> လူလေ.။ မူးလာရင်လည်း ရမ်းသလား မမေးနဲ့။ သူ မူးလာရင် တစ်ရွာလုံးကိုလည်း
> ပတ်ရမ်းပြီး ဆဲနေတော့တာပဲ.။ ဒါကြောင့် သူမူးလာရင် လူတွေ အလုပ်ပျက်လို့ သူဆိုရင်
> အားလုံးက ရွံကြောက်ကြောက်ပြီး စိတ်ညစ်နေကြတယ်.။
> တစ်နေ့တော့ ဒီအရက်သမားက အလွန်မူးပြီး ရွာထဲမှာ မူးပြီး
> သောင်းကျန်းနေတယ် ဆိုပဲ.။ ရွာသားတွေလည်း ပြောလို့မရတဲ့ အဆုံး ရွာသူကြီး ဆီ
> သွားတိုင်ကြတယ်.။ ဒီတော့ ရွာသူကြီးက သူ့ဆီကို ဒီအမူးသမားကို ခေါ်ခဲ့လို့
> အမိန့်ထုတ်လိုက်တယ်.။
> သူကြီးခေါ်လို့သာ မဖြစ်မနေလာရတာ အမူးသမားက လာချင်တာ မဟုတ်ဘူး.။
> ယိုင်ထိုးယိုင်ထိုးနဲ့ သူရောက်လာတယ်.။ သူကြီးရှေ့လည်း ရောက်ရော သူကြီးက ဘာမပြော
> ညာမပြောနဲ့ သူ့အိမ်မှာ ရှိနေတဲ့ ခွေးစားခွက် အင်တုံလေးကို ဆွဲယူလိုက်ပြီး
> အရက်သမားရဲ့ ခါးကြားမှာ ထိုးထားတဲ့ အရက်ပုလင်းလေးကို ဆွဲယူလိုက်တယ်.။ နောက်တော့
> ခွေးစားခွက် အင်တုံလေးထဲကို မပြောမဆိုနဲ့ လောင်းထည့်လိုက်ပြီး သူ့ခွေးကို “
> အို…အို..” ဆိုပြီး ခေါ်ပြီး ခွေးစားခွက်ကို တွန်းပေးလိုက်တယ်.။
> အားလုံးလည်း သူကြီး ဘာလုပ်နေတာ ဆိုတာ သဘောမပေါက်ဘူးပေါ့..။
> ဒါကြောင့် အားလုံး ဝိုင်းအုံပြီး ကြည့်နေကြတယ်.။ အခေါ်ခံရတဲ့ ခွေးကလည်း
> သူ့စားခွက် လေးထဲကို ငုံပြီး နမ်းလိုက်တယ်.။ နောက်တော့ အရက်နံ့လည်း ရရော ခွေးက
> တွန့်သွားပြီး နောက်ဆုတ်သွားတယ်..။ နောက်တော့ အဝေးကို နောက်ဆုတ် ထွက်သွားတယ်.။
> ဒီတော့ သူကြီးက အရက်သမားကို ပြုံးကြည့်လိုက်ပြီး …
>
> “ တွေ့လား…မင်း အခု သောက်နေတဲ့ အရက်ဆိုတာ ခွေးကတောင်မှ
> မသောက်ဘူးကွ..။ သိပြီလား.။ မင်း….ပြောလို့လဲ မရဘူး..။ ခွေးတောင်မှ မသောက်တဲ့
> ဒီအရက်ကို မင်းလည်း မသောက်သင့်တော့ဘူး.။”
>
> သူကြီးက ဒီလို ပြောပြီး အရက်သမားကို ကြည့်လိုက်တော့ အရက်သမားက
> ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်သွားတယ်.။ ဒီတော့ သူကြီး အပါအဝင် ရွာသားတွေ
> အားလုံးလည်း သူကြီး ပညာပေးတာ ကောင်းလို့ အရက်သမားတော့ သဘောပေါက်လို့
> ငြိမ်သွားပြီလို့ ထင်နေတာပေါ့လေ.။
> ဒီအချိန်မှာ အရက်သမားက ငြိမ်နေရာကနေ တစ်ခု ပြောတယ်.
>
> “ ဟုတ်ပါတယ်..သူကြီးမင်းခင်ဗျား..။ ကျွန်တော်သောက်နေတဲ့ အရက်ကို
> ခွေးကတောင်မှ မကြိုက်ပါ ၊ မသောက်ပါဘူး ခင်ဗျား..။ ဒါပေမဲ့ ဒီလိုပါပဲ…ခွေးက
> ကွမ်းကိုလည်း မကြိုက်ပါ ၊ မစားပါဘူး ခင်ဗျား..။ ”
>
> လို့ ပြောပြီး ထွက်သွားသတဲ့..။ ဒီတော့ သူကြီး အပါအဝင် ရွာသားတွေ
> အားလုံးလည်း ဘာမှ မပြောနိုင်တော့ပဲ ကျန်ခဲ့သတဲ့..။
>
> ဒီလိုပါပဲ..။
>
> လူတွေမှာ ကိုယ်ကသာ သူများကို ပြောချင်ကြတာ……၊
>
> ကိုယ်ကရော အပြစ်ကင်းရဲ့လား……………..??????

Nokia Smartphones Guide 2011

Oh! You come to my blog. Welcome....
ကျွန်တော်အခု NOKIA SMARTPHONES  Guide စာအုပ်လေးတင်ပေး
လိုက်ပါတယ်။ အထဲမှာ ဖုန်းအမျိုးအစား အလိုက်  Functions လေးတွေကို ပုံလေးတွေနဲ့  ရှင်းပြပေး ထား
ပါ တယ်။ နောက်ပိုင်း မှာလည်း ဖုန်းမှာပါတဲ့  Function လေးတွေကို အသုံးပြု နည်းတွေက အစ ရှင်းပြပေး
ထားပါတယ်။   မြန်မာ စာအုပ်တော့ မဟုတ်ပါဘူး။  ဒါပေမယ့်  အသုံးဝင် ပါတယ်။ 
လိုချင်တဲ့ သူများ အောက် က download လင့်လေးက နေ ယူသွား လိုက်ပါ----


အခ မဲ့ ဖုန်းဂိမ်းများ--

Oh! You come to my blog. Welcome....
ဒီဆိုဒ် လေးကတော့ ဖုန်းနဲ့ ဂိမ်းဆော့ ချင်တဲ့ သူများ အတွက် အခမဲ့ ဖုန်းဂိမ်းလေး တွေကို ဒေါင်းလို့  ၇တဲ့ဆိုဒ်လေး ဖြစ် ပါတယ်--
လိုချင်တဲ့ သူများ အောက်က လင့်လေးကို ကလစ်ပေးပြီး သွားယူလိုက်ပါ----

http://www.cell11.com/

Password တွေကို hack လို့ မ၇အောင်လုပ်တဲ့နည်း

Oh! You come to my blog. Welcome....


ကျွန်တော်ခု ဖော်ပြပေးလိုက်တဲ့ နည်းလေးကတော့ မိမိတို့  password လေးတွေ ပါမသွားအောင် လုပ်တဲ့ နည်းလေး  ဖြစ်ပါ တယ်----- အင်တာနက်ဆိုင်တွေမှာ  သုံးတဲ့ သယ်ချင်းများအတွက် ပိုပြီး အသုံးဝင်ပါတယ်--- ခဏခဏ အကောင့်တွေ ပါပါသွားတယ်လို့ ကြားရတဲ့ အတွက်  ကာကွယ်တဲ့နည်းလမ်းလေးကို  ၇ှာဖွေ ပြီး တင်ပေးလိုက်တယ်။ ကျွန်တော် ဘယ်ဆိုဒ်ထဲ ကနေ၇ှာထားမှန်း မသိတော့တဲ့ အတွက် မျှဝေလိုက်တဲ့  မူ၇င်းဆိုဒ်လေး ကို ပြန်လည်ဖော်ပြ မပေးထားပါဘူး--- အဲအတွက် လဲ တောင်းပန် ပါတယ် ခင်ဗျာ---- လုပ်နည်းလေး ကတော့ လွယ်လွယ်လေးပါ-----

ဘာမှ ပြင်ဆင်စရာမလိုပါဘူး.. ဘယ်နေရာသွားသွား.. စက်ထဲမှာရှိတဲ့  နဂိုထဲကပါလာတဲ့ software နဲ့တင် အဆင်ပြေလို့  စမ်းကြည့်စေ ချင်ပါတယ်.--- 

ပထမဆုံး---

Run Box ကိုဖွင့်ပါ..---- ( windows key နဲ့ R ကို တွဲနှိပ်ရပါတယ် )
ပြီးရင်.. osk လို့ရိုက်ထည့်ပါ----- အဲဒီအခါကျရင်.. screen ပေါ်မှာ keyboard လေး ပေါ်လာပါလိမ့်မယ်---- အဲဒီ keyboard ကို mouse နဲ့  သုံးပြီး.. ကိုယ်အသုံးပြုမယ့် အကောင့်တွေ၇ဲ့ ( user name , password )ကိုရိုက်ထည့်ပါ.. ဘယ် key logger software နဲ့မှ ဖမ်းလို့မရ ပါဘူး------- အဆင်ပြေပါစေ---ခင်ဗျာ။။

ကွန်ပျူတာနှင့်ဆိုင်သော အခြေခံသိထားသင့်သည့် အချက်အလက်များ

Oh! You come to my blog. Welcome....
့ကျွန်တော် ဒီနေ့ မှ ဒီ ဆိုဒ်လေးကိုစပြီးလုပ်ဖြစ်တာဖြစ်ပါတယ်--ကျွန်တော်တို့ အနေနဲ့  ကွန်ပျူတာကို အသုံးပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာကို သိထားသင့်ပါတယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစားလည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 

 


အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..... အဲဒါတွေလုပ်ပြီးတဲ့ ချိန်မှာ
ခုလို ပုံစံလေးပေါ်လာပါမယ်...





အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော် 1 ၊ 2 ၊ 3 ဆိုပြီးတော့ နံပါတ်တွေ တပ်ထားတာကို တွေ့ရပါလိမ့်မယ် .. ကျွန်တော် နံပါတ်တစ်ခုချင်း ရှင်းပြသွားပါမယ် ..



နံပါတ် ( ၁ ) မှာ ကျွန်တော်တို့က ဘာကို သိနိုင်လည်းဆိုတော့ မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Windows အမျိုးအစားကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. မိမိတင်ထားတဲ့ Windows က Windows 7 တော့ Windows 7 ပဲ ၊ ဒါပေမယ့် Home Basic လား Professional လား Ultimate လား တစ်ခြားပြန်ပြီးတော့ မွမ်းမံထားတဲ့ Windows အမျိုးအစားတွေလား ဆိုတာကို သိနိုင်မှာဖြစ်ပါတယ် .. ပုံမှာဆိုရင် ကျွန်တော့်စက် အစုတ်လေးမှာ တင်ထားတာ က Windows 7 Ultimate ပါ..



နံပါတ် ( ၂ ) မှာတော့ ကျွန်တော့် ကွန်ပျူတာ အစုတ်လေးနဲ့ ပါတ်သတ်တဲ့ Hardware ပိုင်းတွေအဖြစ် Processor နဲ့ Memory ( RUM ) ကိုဖော်ပြေပေးမှာဖြစ်ပါတယ် .. 




Professor  မှာတော့ ကျွန်တော့် Professor အမျိုးအစားက Intel ( R ) Core(TM)2 Duo ဖြစ်ပါတယ် .. Processor Speed ကတော့ 2.80 GHz  ဖြစ်ပါတယ် .. တစ်ချို့တွေ ပြောနေတာတွေ ကြားဖူးပါလိမ့်မယ် .. ငါ့ကွန်ပျူတာကတော့ i-5 ကွာ Processor Speed က 3.20 လို့ပြောတာတွေ ကြားဖူးမှာပါ .. သူတို့ ပြောနေတာ အခုကျွန်တော် ပြောပြနေတာတွေပဲဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာက Processor Speed ဆိုတာ CPU ရဲ့ Performance ပါပဲ .. ဒီကောင်လေးကို Clock Speed နဲ့တိုင်းပါတယ် .. 2.80 GHz ဆိုတဲ့ Clock Speed ဆိုတာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Processor ရဲ့ အမြန်ဆုံးလုပ်နိုင်တဲ့ Speed ပဲဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Processor ဟာ 2.80 GHz ဆိုတဲ့ Speed အတွင်းမှာပဲ အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ် .. အဲ့ဒီထက်ပိုပြီး အလုပ်လုပ်မယ်ဆိုရင် Processor ဟာ အပူတွေအရမ်း များပြီး ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ် .. ဒါက Internal Speed ပါ ။ External Speed ဖြစ်တဲ့ L1 Cache တို့ L2 Cache တို့ကျန်ပါသေးတယ် .. 





Install Memory ( RUM ) ဆိုတာကတော့ မိမိတို့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Memory ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်..  တကယ်လို့ တစ်ယောက်ယောက်က မေးလို့ မင်းစက်က RUM က ဘယ်လောက်လည်း မေးရင် အခုပြောပြတဲ့ အတိုင်း ကြည်ပြီး ငါ့စက်မှာတော့ Rum 2 GB ရှိတယ်ကွာ ဆိုပြီး ဖြေလို့ ရမှာ ဖြစ်ပါတယ် .. 





System Type ကဘာကို ဆိုလိုတာလည်းဆိုတော့ ကျွန်တ်ာတို့ ကွန်ပျူတာမှာ အသုံးပြု နေတဲ့ Windows အမျိုးအစားကို ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ 32 Bits တင်ထားတဲ့ သူတွေဆိုရင် 32 Bits  Operating System ဆိုပြီး ပေါ်နေမှာပါ  .. ဒါကတော့ 32 Bits နဲ့ 64 Bits အလွယ်တကူ ခွဲလို့ရတဲ့ နည်းလမ်းလေးပါ ..


နံပါတ် ( ၃ ) မှာတော့ ကျွန်တော့်တို့ ကွန်ပျူတာနဲမှာတင်ထားတဲ့  Windows  activated   ဖြစ်မဖြစ်ကို ဖော်ပြပေးတာဖြစ်ပါတယ်--ကျွန်တော့်စက်အစုတ်လေးမှာ တင်ထားတဲ့ Window ကတော့ activatedဖြစ်တဲ့အတွက်ကြောင့် ပုံမှာ တွေ၇သလိုပေါ်နေတာဖြစ်ပါတယ်....  
  


ကျွန်တော်အပေါ်မှာ ဖော်ပြခဲ့တာတွေ လောက်ဆိုရင်တော့ တစ်ယောက်ယောက်က မေးခဲ့ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Processor က Intel ( R ) Core(TM)2 Duo , Processor Speed က 2.80 GHz ၊ Memory က 2 GB ၊ ပြီးရင်တင်ထားတဲ့ Windows ကလည်း Windows 7  Ultimate ဆိုပြီး အလွယ်တကူ ပြောပြနိုင်မှာ ဖြစ်ပါတယ် ..


ဒီပိုစ့်လေးကို PDF ဖိုင်နဲ့ လိုချင်၇င်တော့ အောက်က လင့်လေးမှာယူသွားပါ....
   

Download  From  Ifile.it

သင့်၇ဲ့  password တွေကို hacker တွေက ဘယ်လိုခိုးနိုင်သလဲ----

Oh! You come to my blog. Welcome....
ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )


မေးလ်ပို့ ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ .. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ ) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ ..
password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + Hack Program ) ဒါမှမဟုတ် .. Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုပုံ ကြည့်ချင်ရင် ဒီကိုနှိပ် . ပြီးတော့ ဟိုပုံ မကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )


ဒုတိယနည်း ( remember password မလုပ်ပါနှင့် )

ဒါကတော့ ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေးတစ်ခါတစ်လေ ပျင်းလို့ ခြစ်မိရင် .. ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ .. အဲ့ဒီ Password တွေက Mozilla ထဲရောက်သွားပြီး .. hack မယ့်သူကရှာနိုင်ပါတယ် .

နောက်ပြီး website တစ်ခု မှာ Member ၀င်တဲ့အခါ .. remember password လုပ်မလားမေးရင် မလုပ်ပါနဲ့ .......


မှားပြီးဖျက်မိတာတို့.f0rmat ချမိတာတို့ကို ပြန်ယူပေးသောဆာစ့်ဝဲလ်နဲ့...ကွန်နက်ရှင်အမြန်နှုန်းမြင့်ဆော့ဖ်ဝဲလ်

Oh! You come to my blog. Welcome....
 သူငယ်ချင်းတို့ကိုမျှဝေပေးချင်တဲ့ဆောစ့်ဝဲလ်ကတော့....................
ဖိုင်တွေကိုမှားဖျက်ပြီး...ဖျက်မိတာတို့.....f0rmat ချမိတာတို့ကို...ပြန်ပြီးရှာပေးတဲ့..ဆောစ့်ဝဲပါ..............
အသုံးတည့်မယ်လို့ထင်ပါတယ်...........လိုင်စင်ဗာရှင်းပါ..............
အသုံးပြုနည်းကို...ကျွန်တော်နားလည်သလိုရှင်းပြပြီးထည့်ထားပေးပါတယ်



http://www.formatted-recovery.com/
သူရဲ့မှုရင်းလိပ်စာပါ......ဈေးကြီးပုံကတော့သွားကြည့်ကြည့်နော်...........
http://tunabox.net/(သို့)http://www.mediafire.com       မှာ..သူငယ်ချင်းတို့အဆင်ပြေပါစေဗျာ
နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်ကတော့..........
format ချတဲ့ဆောစ့်ဝဲလ်ပါ...........တစ်ခါတစ်ခါ....
အကြောင်းမျိုးမျိုးကြောင့်မန်မိုရီကတ်ကို farmat လို့မရတဲအဖြစ်မျိုးရှိတတ်ပါတယ်.....
အဲဒီအခါဆို..အခုဆောစ့်ဝဲလ်ကတော်တော်အသုံးတည့်ပါတယ်...အသုံးလိုတဲ့သူငယ်ချင်းတွေအတွက်ပေါ့





http://www.sdcard.org    အဲကိုသွားပြီး...I accept လေးကိုကလစ်လိုက်ရင်ဒေါင်းလုပ်ရပါပြီ...
ဒါမှမဟုတ်.....ကျွန်တောင်တင်ထားပေးတဲ့လိပ်စာကနေဒေါင်းချင်ရင်လည်းရပါတယ်..
http://tunabox.net (သို့)http://www.mediafire.com  အဆင်ပြေပါစေဗျာ...

နောက်ထပ်မျှဝေချင်တဲ့ဆောစ့်ဝဲလ်ကတော့......Bluetoothဆောစ့်ဝဲလ်လေးပါ.....
ကျွန်တော်ရှာပြီးတင်ထားပေးတဲ့Bluetoothကတော်တော်လေးကောင်းပါတယ်.............လိုင်စင်ဘာရှင်းပေါ့..
အသုံးဝင်တာတွေပြောပြပါမယ်.....သူက..ကွန်ပျူတာကနေ...ဖုန်းရဲ့ ဖိုင်နေမန်ဂျာနေထဲကိုဝင်ပြီး....
သီချင်းတွေ....ကော်ပီလုပ်နိုင်.....ပို့နိုင်ပါတယ်......ဒါကအခြေခံပေါ့............
ကွန်ပျူတာမှာ......Bluetooth..driver မရှိခဲ့ရင်တော့ဝယ်ရမှာပေါ့..........
အခုကွန်ပျူတာတော်တော်များများတော့ပါကြပါတယ်...၀ယ်ရရင်လည်းဈေးဘယ်လောက်မှမ၇ှိပါဘူး
ကျွန်တော်တို့မှာအများဆုံး4500ပါ...၀ယ်မယ်ဆိုရင်...သူမှာဆီမှာပါလာတဲ့အခွေကိုအင်စတောမလုပ်ပါနဲ့...
သူက.....ဖုန်းနဲ့အဆက်သွယ်လုပ်ပြီးအင်တာနက်လည်းချိတ်လို့ရပါတယ်.....
နယ်စပ်တွေမှာဆို....Bluetoothစနစ်သုံးပြီးအင်တာနက်အသုံးပြုတာများပါတယ်.....
Bluetoothစနစ်ထဲမှာDial up connection..(115 Kb)ရယ်Local Area Connection(3 MB)ရယ်ပါတယ်.....
ဖုန်းမော်ဒယ်နိမ့်ရင်တော့..Dial up connection တစ်ခုထဲပေးပါတယ်..အမြန်နုန်းကတော့.....ဂျီတော့ကောင်းကောင်းသုံးနိုင်ပါတယ်
.မြန်မာပြည်မှာတော့အသုံးပြုရလားတော့မသိပါဘူး......ဒေါင်းချင်ရင်တော့ http://tunabox.net
ဝင်ပြီးဒေါင်းလို့ရပါတယ်...38 MB ရှိပါတယ်....စိတ်ဝင်စားရင်တော့ဒေါင်းကြပေါ့.....
နောက်ပြီးအင်တာနက်အမြန်နှုန်းမြင့်အောင်အထောက်ပံပေးနိုင်တဲ့ဆောစ်ဝဲလ်နဲ့မိတ်ဆက်ပေးချင်ပါတယ်....
ပထမတစ်ခုက...NetSpeeder_4.5_Build.rar(သို့)NetSpeeder_4.5_Build.rar
2.45MB...ရှိပါတယ်..အသုံးပြုနည်းကတော့....
Tweak Wizard ကလစ်လုပ်ပြီး...ကိုယ်သုံးနေတဲ့နက်အမျိုးစားကို ရွှေပြီး..Next လုပ်သွားရုံပါ.....အဆင်ပြေပါစေ
ဒုတိယတစ်ခုက Ashampoo_internet_accelerator_ပါ....သူက..8.99Mb..ရှိပါတယ်.....ဒေါင်းချင်ရင်တော့
.http://www.mediafire.com(သို့)http://tunabox.net/  အဆင်ပြေကျပါစေဗျာ..
အခုနောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်က...မိုးလေ၀သကြည့်တဲ့ဆောစ့်ဝဲလ်ပါ.....
ရာသီဥတုကို....5ရက်စာကြိုပြီးသိနိုင်ပါတယ်........အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာအသုံးပြုလို့ရပါတယ်.....
.တော်တော်မိုက်တယ်...စိတ်ဝင်စားမယ်ဆိုရင်ပေါ့.....
ဆိုဒ်လည်းဘယ်လောက်မှမရှိပါဘူ......7MB ထဲပါ....http://www.mediafire.com(သို့)http://tunabox.net/
အသုံးပြုနည်းမပြောတာက..တစ်ခါတည်းထည့်ထားပေးလို့ပါ...အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ခင်ဗျာ

WinRAR 4.10 Full Version & 7Zip

Oh! You come to my blog. Welcome....

WinRAR 4.10 | 3MB

မိမိကွန်ပြူတာနဲ့ သက်ဆိုင်သော winrar (32bit or 64bit) ကို install လုပ်ပါ။
ပြီးလျှင် winrar icon ပေါ်မှာ right click > properties> open file location ကိုနှိပ်ပါ။ ဒါဆို အခု winrar ကို သွင်းထားတဲ့ folder ထဲရောက်နေပါပြီ။ ဒေါင်းလုပ်ဆွဲတုန်းက ပါလာတဲ့ Keygen လေးကို အဲဒီ winrar သွင်းထားတဲ့ဖိုဒါထဲကို ကူးလိုက်ပါ။ ပြီးရင် အဲဒီ Keygen လေးကို right click ထောက်ပြီး Run as Administrator ဆိုပြီး run လိုက်ပါ။ ပေါ်လာတဲ့ box ထဲမှာ Name, Type တွေကိုဖြည့်ပြီး Install License ကို နှိပ်လိုက်ပါ။ ဒါဆို သင့်ရဲ့ winrar က အခုဆို Full Version ဖြစ်သွားပါပြီ။

ဒီမှာဒေါင်းယူနိုင်ပါတယ်

WinRAR 4.10 Beta 3 x86/x64 + keygen CORE လေးကိုတော့

ဒီမှာဒေါင်းပါ (WinRAR 4.10 Beta 3)



7-Zip

ဒါလေးကလဲ ဆော့ဝဲလ် တွေကို WinRAR လိုပဲ ချုံ့လို့ ဖြည်လို့  ရပါတယ် Size  က   ( 1.05 MB )  ပဲရှိပါတယ်...လိုချင်ရင်တော့....

ဒီမှာဒေါင်းယူနိုင်ပါတယ်
ကျေးဇူးပါဂျာ....:P