LOAD HTAR PAR

Wednesday, May 9, 2012

(စုန်း) ဟု ယိုးမယ်ဖွဲ့ပြီးဆုံးမရင်း၊ အသက်ထွက်ခဲ့ရ


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာ (မြိတ်မြို့အရှေ့ဘက်ကမ်း) တွင် နေထိုင်သူ မသန်းနု၊ အသက် ၃၈ နှစ် အိမ်ထောင်ရှိ၊ အမျိုးသမီးအား ခဲအိုဖြစ်သူက “စုန်း” ဟု ယိုးကာ၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေး ရွာသို့ ခေါ်ဆောင်ပြီး ဆရာကြမ်း (ဆရာယောင်ယောင် သမားယောင်ယောင်) ဦးမဲကြီးထံတွင် ၄ ရက်တာ ဆေးကုသမှု (ရိုက်ပြီး ကု၊ အရက်တိုက်ကု) ခံယူရင်း သေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်မှာ မသန်းနု အား (စုန်း) ဟု ယိုးမယ်ဖွဲ့ပြီး ပယောဂဆရာ မဲကြီး၊ သူမ၏ ခဲအို၊ ကျန်အပေါင်းအပါ ၂ဦး။ စုစုပေါင်း အမျိုးသား ၄ ဦးတို့မှ မတရားရိုက်နှက် နှိပ်စက်ကာ၊ ၄ရက်လုံး ထမင်းလဲမကျွေး၊ ဆဲဆို၊ လက်နက်ဖြင့်၎င်း အမျိုးမျိုးသော ရက်စက်မှုတို့ဖြင့် ကုသရာ ၄ ရက်အကြာတွင် သေဆုံးခဲ့ပါတယ်။ ၎င်းတရားခံများကို ကျွန်းစုမြို့နယ် ရဲစခန်းတွင် အချုပ် ဖြင့်ထားရှိကြောင်း ကြားသိရပါတယ်။ တရားခံများထဲမှတဦးက MP4 ဖြင့် မှတ်တမ်းတင်ထားသော ဗွီဒီယိုမှတ်တမ်းကိုလဲ ရရှိထားကြပါတယ်။
Oh! You come to my blog. Welcome....

No comments:

Post a Comment