LOAD HTAR PAR

Wednesday, December 28, 2011

အဆိုအမိန့် 

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...
 ဆရာ ဦအောင်သင်းပြောခဲ့သော ကွန်ဖြူးရှပ် ရဲ့ အဆိုအမိန့် တခု

@အကြင်သူသည် အကြောင်းကို သိ၏။ ထိုသို့  သိကြောင်းကိုလည်း သိ၏။ ပညာရှိပါ။ ဆည်းကပ်ပါ .. တဲ့ ။

@အကြင်သူသည် အကြောင်းကို မသိ၊ ထိုသို့ မသိကြောင်းကိုလည်း မသိ။ လူမိုက်ပါ၊ ဝေးဝေးက ရှောင်ကြဉ်ပါ ..တဲ့ ။

@အကြင်သူသည် အကြောင်းကို မသိ။ ထိုသို့ မသိကြောင်းကိုမူ သိ၏။ ရိုးသားသော ပညာမဲ့သူပါ။
မျှဝေပေါင်းသင်းပါတဲ့ ။

@အကြင်သူသည် အကြောင်းကို သိ၏။ ထိုသို့  သိကြောင်းကိုမူ မသိ။ အိပ်ပျော်နေသူ ပါ ၊ တဆိတ် နှိုးလိုက်ပါ တဲ့ ။

bluetooth ဆိုတာ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

bluetooth ဆိုတာ

bluetooth ဆိုသည်မှာ Personal Area Network (PANS)တွင်သုံးတဲ့
power အသုံးပြုမှု နည်းသည့် Short Range အကွာဝေးWireless နည်းပညာ
တစ်ခုဖြစ်ပါတယ်။
Bluetooth ၏Short Range Wireless ကို အစ ပြုခဲ့တာ က
Swedish Telecom မှဖြစ်ပါတယ်။
Bluetooth Technology မတူညီသောပစ္စည်းများကြားတွင် ပေါင်းစည်းအလုပ်လုပ် ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။


Bluetooth Network

Bluetooth Network များသည် 2.45GHz ရှိသောRadio Frequency
ကို အသုံးပြုထားသောကြောင့် Wifi Network,Cordless Phone,Microwave Oven
များတွင်အသုံးပြုသော Frequency နှင့်ဆတူပင်ဖြစ်ပါတယ်။Bluetoothပစ္စည်းများကို
မီတာ (၃၂ပေ) အတွင်းတွင်သာအသုံးပြုနိုင် Data Rate မှာ 300kbps ရရှိမည်ဖြစ်သည်။
နံရံများကို ပါ ကျော်ဖြတ်သွားနိုင်သောကြောင့် မိမိပို့ချင်သော
Device ရှိရာ အလွယ်တကူပို့နိုင်။ Bluetooth ပစ္စည်းတစ်ခုနှင့်တစ်ခုချိတ်ဆက်မိဖို့ရန်
အတွက် High Level Protocols ဟုခေါ်သော Profiles များလိုအပ်ပါတယ်။
ဥပမာ- Mobile Phoneနှင့်Audio Headset တို့အချင်းချင်း ဆက်သွယ်နိုင်ရန်
Headsetကိုသုံးဖို့လိုအပ်ပါတယ်။ Digital Camera မှဓါတ်ပုံကိုBluetoothနှင့်ထုတ်ရန်
Printer နှင့် လှမ်းချိတ်တဲ့အခါ Printer Headset ကိုသုံးရ။ထိုနည်းတူ
Smart Phone ,PDA, Camera,Computer များတွင် ဖိုင်အချင်းချင်း
ဖလှယ်ကြသောအခါ တွင် File Transfer Profiles ကိုသုံးရပါတယ်။


Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။
Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကို
အလိုအလျောက် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာ အလွယ်တကူ
သယ်ယူသွားနိုင်သောWireless Network တစ်ခုပင်ဖြစ်သည်။ Bluetooth
ပစ္စည်းများသည် တစ်ခုနှင့်တစ်ခု Bridge လုပ်ကာချိတ်ဆက်တက်ကြပါတယ်။
Bluetooth Network သည် Static မဟုတ်ပဲ Dynamic ဖြစ်သည်။ Bluetooth
သုံးရာတွင် privacy နှင့် security မှာ အရေးပါသည်။ Authentication ဆိုတာ
data ဖလှယ်သည့်အခါ ခွင့်တောင်းသည့်သဘောဖြစ်ပါတယ်။ဥပမာ-Bluetooth
ဖြင့်ဓါတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံ မလား ဟူသောအပိုင်းသည် (Authentication)ပင်ဖြစ်သည်။Data ပမာဏ များများ ဖလှယ်ရမည်ဆိုရင်တော့
Authentication နှင့်မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သော
pairing ပါလိုအပ်လာပါတယ်။
pair လုပ်ချင်သူဘက်မှ အခြားသူ ၏ PIN(Personal Identification Number)
ကို ရိုက်ထည့်ပေးရသည်။
ထိုအခါ တခြားဘက်မှလက်ခံရရှိပြီး PIN မှန်လျှင်၎င်းပစ္စည်း (2)ခု pair
ဖြစ်သွားမည်ဖြစ်သည်။

Bluetooth Network လုံခြုံရေး

Bluetooth များတွင် Blue Jacking နှင့် Blue snarling တို့ဖြင
့် နှောက်ယှက်မှု များဖြစ်တက်ပါတယ်။
ထိုအပြင့် mobile virus အချို့သည်လည်း Bluetooth Network
မှတဆင့် ပျံ့နှံ့တက်ကြပါတယ်။
ထိုသို့ဖြစ်ရခြင်းအကြောင်းကတော့ Bluetooth Network ထဲမှ
နီးရာပစ္စည်းများကို Detect လုပ်ကာ Virus များ
ဝင်ရောက်ပျံ့နှံ့ခြင်းဖြစ်ပါတယ။် ၄င်း Virus များသည် Data ကိုသော်လည်းကောင်း၊ပစ္စည်းကိုသော်လည်းကောင်း ဖျက်ဆီးတက်ကြပါတယ်။
ဒါကြောင့် Bluetooth Radio နှင့် Discovery Mode တို့ကို ပိတ်ထားရန်လိုအပ်
ပါတယ်။ထို့အပြင် Antivirus နှင့် Firewall တို့ကို အသုံးပြုခြင်းဖြင့်လည်း ကာကွယ်သင့်ပါတယ်။

ဟက်ကာတစ်ယောက် ဘယ်လိုဖြစ်လာသလဲ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

Hacker Culture ဆိုတာလည်းရှိပါတယ်။ စိတ်ဝင်စားစရာ
ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက
တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တ စ်ခုက သင့်ကိုယ်သင်
Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ

သင်တကယ
့် Hackerဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation
ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။
Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။
သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက်
ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။
အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်..
တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။
ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့
ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။
1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။
Hacker Community နဲ့ Open Source Developers ဆိုတာ
ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ
Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။
သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။
သူ့ရဲ့ progressက Program တွေကိုကူညီစမ်းပေးမယ်။
ကူညီအမှားရှာပေးမယ်။ကူညီပြီးmodify လုပ်ပေးမယ်…
အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။
နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာ
ပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။
စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကို
လူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs
လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။
ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး..
အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။

အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။

ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာ
တွေကိုလမ်းညွန်ချင်တာပါ ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။
သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။
သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။
Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ညှိမယ်နော်…. ။
တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကို
တီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။
ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။
ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ
ကျွှမ်းကျင်သူတွေပါ။ System Administration, web design ပြီးတော့
PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွှမ်းကျင်ကြပါတယ်။
System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က
Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ
Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့
မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာ
သေချာသလောက်ရှိပါတယ်.. အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ်။

Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။


Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?

A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ
သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး
ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက်
ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)


Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။

Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။
လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။


Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစား
လဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက်
မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော်
တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။
ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ
ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။


Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။
ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့
C တို့ ကို ကျွှန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။
အသေးစိတ်တော့မပြောနိုင်တော့ဘူး။


Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။
ဒါမှမဟုတ်သင်ပေးပါလား ?

A: ဆိုးပါတယ်ဗျာ။ ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။

Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?

A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။

Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။

A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။

Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။
IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။ဟီး

Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?

A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး..
(ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။
အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။


Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်း
ကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။


Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။

Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက်
အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက်
အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။
သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။
free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်
နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။


Q: ကျွှန်တော် Free OS တစ်ခုလိုချင်တယ်.. Linux ဖြစ်ဖြစ်ပေါ့။?
A: ကျွှန်တော်တို့နဲ့ဆက်သွယ်ပါခင်ဗျာ။

ဝန်ခံချက်: Eric Steven Raymond ရေးသားသည့်
How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။

အခုကိုင်တဲ့Nokiaဖုန်းဘယ်ကနေထုတ်လဲ??????

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

Nokia ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။
များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။
ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့
IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။
ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။

Phone serial no. x x x x x x ? ? x x x x x x x

အဲဒီနံပါတ်ထဲက လုံးမြောက်နဲ့ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။

ဟက်ကာတို့ ရဲ့ဆရာစူပါဟက်ကာ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...
 တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ဟက်ကာဆရာကြီး
လို့ ခံယူတားကြတဲ့သူတွေ
စုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို့ခေါ်တဲ့ဟက်ကာဖိုရမ်ကြီးတစ်ခုရှိပါတယ်။
အဲ့ဒီမှာကတော့မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ။
ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့ 
ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။
တစ်နေ့ လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်
အဲ့ဒါကတော့။

ဟေ့ကောင်တွေအရူးတွေမင်းတို့ ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တလည်း။

ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်။

ငါ့နာမည်=ကိုဘိုင်ကြီးကွ။ငါ့ဂျီမေးလ်က bogye7860@gmail.com ကွ

မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။

အဲ့ဒီမှာဟက်ကာဖိုရမ်မော်ဒီရေတာတွေကောအက်ဒမင်တွေပါတော်တော်တင်းသွားတယ်။

ကဲဒီလောက်တောင်ကွာငါတို့ ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ့ မအိပ်ညမအိပ်အဲ့ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ့ ဘဲအဲ့ဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင်ငါတို့ ကိုလာစော်ကားသွားတာ။
ဆိုပြီးbogye7860@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာယူရှာနိမ်းကောပါ့စ်ဝပ်ကော
ကိုအောင်မြင်စွာနဲ့ တင်ထားကြပါတယ်။နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက် ထပ်ရေးသွားတာတွေ့ ရပါတယ်။

ဟီးငါ့နာမည်တကယ်တော့ ကိုပူ (ခ) ကိုညီမင်း ကွ

ငါအဲ့ပီတာဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ့ ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီဒါကြောင့်ငါမဟက်တတ်လို့ 
မင်းတို့ ကိုဟက်ခိုင်းတာ။
မင်းတို့  ဟက်ကာပညာတော်ပါတယ်ကွာ

ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲဒါကြောင့်

ငါကစူပါဟက်ကာပေါ့နော်အခု

ငါလိုချင်နေတဲ့ဒီကောင့်ပါစ်ဝပ်ယူသွားပြီတဲ့။



(ကဲဆရာလုပ်နေတဲ့။ ကြိုးစားနေတဲမိတ်ဆွေတို့ ရေစူပါဟက်ကာတွေကိုလည်းသတိထားနိုင်ကြပါစေ)

gtalk ကိုဒီအတိုင်းသုံးမဲ့အစားလွယ်လွယ်ကူကူသုံးမယ်

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...
 ၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။

၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။

၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။

၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။

၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။

၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။

၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။

၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။

၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။

၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။

၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )

၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။

၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။

၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။

၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။

၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window shiftကိုဖိပြီး m ကိုနိုပ်ပါ။

Cafezee အသုံးပြုနည်း(မြန်မာလို)

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

.
စီဘောက်မှာအသံတွေကြားနေရလို့ ပါ။Cafezee ဆော့လ်ဝဲကိုမတင်တတ်ရင် ဒီမှာဖတ်လိုက်ပါ
အသုံးပြုနည်းအသေးစိတ်စာအုပ်ကိုတော့အောက်မှာဒေါင်းလိုက်ပါ။





ကိုယ်သုံးနေတဲ့Computer အကြောင်းသိဖို့ 

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...
မသိသေးတဲ့သူတွေအတွက်ပါသိပြီးသားဆိုရင်တော့ခွင့်လွတ်ပါ
မိမိတို့ အသုံးပြုနေတဲ့ကွန်ပျူတာမှာဘာတွေတပ်ထားလဲသိချင်ရင်
All Programs ထဲက Accessories menu မှာရှိတဲ့ Command Prompt
ကိုသွားပါ။ ထို့နောက် systeminfo လို့ရိုက်ထည့်ပါ။ ကွန်ပျူတာသည်
လက်ရှိအချိန် အပါအ၀င် အလွန်အသုံးတည့်သော အချက်အလက်များကိုဖေါ်ပြပါလိမ့်မည်။
ထိုအရာများကို Notepad ကိုအသုံးပြု၍ သိမ်းဆည်းထားလိုပါက info.txt
ဟူ၍လည်း သိမ်းဆည်းထားနိုင်ပါပြီ။

အဆင်ပြေကြပါစေ

SYSTEMSYSTEM Optimize လုပ်ရာတွင် Optimize လုပ်ရာတွင်သတိပြုရမည့်အချက်များ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

ကျွှန်တော်တွေ့ မိသလောက်လေးပါ။

ကျွန်တော်တို့ကွန်ပြူတာတစ်လုံးကို အသစ်ဖြစ်စေ အဟောင်းဖြစ်စေ
မြန်နေမှ သုံးတဲ့သူတွေက ကြိုက်ကြပါတယ်။
အဲဒီတော့ ကျွန်တော်တို့ မြန်အောင်Tweak တွေလုပ်တယ်။
Maintainance တွေလုပ်တယ်။
တစ်ချို့လူတွေက Guide တွေမပြည့်စုံတာရယ်။
Tweak လုပ်တဲ့သူတွေရဲ့မကျွမ်းကျင်မှုတွေရယ်ကြောင့်
ပိုမြန်မလာဘဲ ပိုနှေးလာတတ်တယ်။
Performance Loss တွေ Data Loss တွေဖြစ်လာတယ်။

သတိထားရမှာတွေက...

CPU Overclocking

CPU overclocking ကအရင်ကတည်းက ခေတ်စားတဲ့ နည်းပညာတစ်ခုပါ။
1.7 GHz ရှိတဲ့ကွန်ပြူတာကို 2.0 GHz လောက်ထိရောက်သွားအောင်
ကောင်းကောင်း overclock လုပ်လို့ရတယ်။
သတိပြုရမှာက Overclock လုပ်ထားတဲ့ဘယ်
Hardware မဆို အပူပိုထွက်တယ်။ ဒီတော့ ကျွန်တော်တို့ Cooling System
ကောင်းရင်ကောင်း၊ မကောင်းရင်တော့ CPU ညောင်းသွားမှာပါ။
နောက်တစ်ခုရှိသေးတာက CPU နဲ့ Motherboard က Timer မကိုက်ခဲ့ရင်လည်း
Data Loss တွေ Data Error တွေဖြစ်လာနိုင်တယ်။
ကျွမ်းကျင်တဲ့ Overclocker ကတော့ ဘာကိုမှမထိခိုက်စေဘဲ Speed ကို Optimize လုပ်နိုင်တယ်။

Disk Defragmentation
ဘယ်သူ့ကိုမေးမေး Defrag လုပ်တာကောင်းလားကောင်းပါတယ်လို့ဖြေမှာပါ။
ဟုတ်ပါတယ်။ ဖိုင်တွေတစ်ကွဲတစ်ပြားစီရှိနေတာကို တစ်နေရှာထဲစုထားပေးလိုက်တော့
ရှာရတာပိုမြန်ပါတယ်။ Hard Disk Access Rate ပိုမြန်လာပါတယ်။
သတိပြုရမှာက Bad Sector ရှိနေတဲ့ Hard Disk ပါ။ Bad Sector
ထဲမှာ ဖိုင်ရေးလိုက်ရင် အဲဒီဖိုင်က အဆုံးဘဲ။ ကျွန်တော်တို့ ရဲ့သာမာန်ဖိုင်ဆိုရင် တော့
Data Loss ဖြစ်တာလောက်ဘဲရှိပြီး။ OS ရဲ့ဖိုင်ဖြစ်နေရင် OS မှာပါ error ဖြစ်လာလိမ့်မယ်။
OS ရဲ့ Critical ဖိုင်ဆိုရင် OS ကိုအသစ်ပြန်တင်ပေးမှရလိမ့်မယ်။
(OS ဆိုတာက Operating System ကိုအတိုခေါ်တာပါ။
Linux, Mac, Window အားလုံးကိုခြုံပြီးတော့ OS လို့ပြောလိုက်တာပါ။)

Temporary Files ရှင်း/ဖျက်ခြင်း
Temporary ဆိုတာက Program ဖိုင်တွေလုပ်လုပ်နေတဲ့အချိန်မှာ ရေးထားခဲ့တဲ့ဖိုင်တွေဘဲဖြစ်တယ်။ သုံးပြီးသွားရင်တော့ဖျက်သွားပါတယ်။ မဖျက်ဘဲကျန်ခဲ့တဲ့ဖိုင်တွေလည်းရှိတယ်။ ဒီဖိုင်တွေကိုရှင်းပစ်လို့ ပြဿနာမရှိပါဘူး။ ဒါပေမယ့်တစ်ချို့ Program က Installer ကို Temp အောက်ထဲမှာ ထားလိုက်တယ်။ အဲဒီဖိုင်ကို ကိုယ်ကမသိလို့ရှင်းပစ်လိုက်ရင်... Uninstall လုပ်တဲ့အခါပြဿနာလာရှာလိမ့်မယ်။ Cannot Find Installer Files ဆိုပြီးပြောလိမ့်မယ်။

Prefetch Files ရှင်း/ဖျက်ခြင်း
Prefetch ဆိုတာကဘာလဲ?
Prefetch ဆိုတာကတော့ ကွန်ပြူတာမှာ ကိုယ် exe တစ်ခုကို run လိုက်တဲ့အခါပေါ်လာတဲ့ဖိုင်ပါ။
Microsoft Windows XP မှာပါတဲ့ feature တစ်ခုပါ။
သူကဘာလုပ်ပေးလဲဆိုတော့ Prefetch လုပ်ပြီးသား exe ရဲ့ Load Speed ကိုမြန်စေတယ်။

Prefetch ဆိုတာရှင်းလို့ ကွန်ပြူတာမြန်လာနိုင်သလား?
တစ်ခါလောက်ဘဲ run ပြီး နောက်တစ်ခါထပ်မဖွင့်ဖြစ်တော့တဲ့ Program ဆိုရင်တော့ Prefetch
ကအသုံးမ၀င်တော့ဘူး။ အဲဒီဖိုင်တွေများလာရင် Hard Disk Access ကျလာနိုင်တော့နှေးလာနိုင်တယ်။ ဒါကြောင့်ဒီဖိုင်တွေကိုရှင်းပစ်တာက ကွန်ပြူတာကိုအနည်းငယ်တော့မြန်လာစေမယ်။

ဘာ errorတွေ ရှိနိုင်မလဲ?
သတိမထားမိကြတဲ့ errorတွေ ရှိတယ်။ အဲဒါက prefetch ရဲ့ folder မှာဘဲ
defrag လုပ်ရင် အရမ်းအရေးပါတဲ့ Layout.ini ဆိုတဲ့ဖိုင်ရှိတယ်။

Layout.ini ဆိုတာကရောဘာလဲ?
Layout.ini ဆိုတာက ကွန်ပြူတာရဲ့အသုံးများတဲ့ Files တွေကို စီပြီးရေးထားတာပါ။
Defrag လုပ်တဲ့ software ကအဲဒီ ဖိုင်ကိုဖတ်ပြီး အရင်စီပါတယ်။ ကျန်တာတွေကို နောက်မှာလိုက်စီပါတယ်။
ဒီဖိုင်က ၀င်းဒိုးတင်လိုက်တဲ့အချိန်တစ်ချိန်မှာဘဲ create လုပ်တယ်။ ကွန်ပြူတာထဲကို ဖိုင်အသစ်သွင်းပြီး ဖွင့်လိုက်တိုင်းပြင်ရေးတယ်။ ဒါပေမယ့်ဖျက်လိုက်မိရင် နောက်ထပ်ဘယ်တော့မှ မတွေ့တော့ဘူး။ ပြန် create လုပ်လို့မရတော့ဘူး။
အဲဒီတော့ Windows တက်ရင်နှေးလာနိုင်တယ်။


Registry Hack/Tweak
Guide မှာပါတဲ့ Instruction တွေကိုသေသေချာချာဖတ်ပြီးလိုက်လုပ်ရင်တော့ errorမှ မရှိပါဘူး။
အများစုကလည်း UI က timer ကိုလျော့ပစ်တာဖြစ်လို့ ပြဿနာသိပ်မရှိပါဘူး။
(ဥပမာ - startmenu delay ကို လျော့တာမျိုးပါ)
တစ်ချို့နေရာတွေမှာတော့ ပြဿနာရှိနိုင်တယ်။
(ဥပမာ - NtfsDisable8dot3NameCreation ကို disable လုပ်ထားရင်
Command Line (DOS) သုံးတဲ့ Program တစ်ချို့အလုပ်မလုပ်ပါဘူး)။
မကျွမ်းကျင်ဘဲပြင်လိုက်လို့ ကတော့ OS ရဲ့ Setting ကိုထိသွားရင် ဝင်းဒိုးတက်မှာမဟုတ်ပါဘူး။

ကဲမိတ်ဆွေတို့ လည်းသတိထားပြီး optimize လုပ်နိုင်ကြပါစေ။
အဆင်ပြေကြပါစေဗျာ

Software များကို Crack လုပ်နည်းမျိုးစုံ

လိုက်လုပ်ချင်မှလုပ်နော်....အဆိုးအကောင်းတာဝန်မယူပါဗျာ.... SO SORRY......THANATAL...

မေး = ကျွန်တော်ကအစ်ကို့ရဲ့ site ကိုခဏခဏရောက်ပါတယ်ဗျာ။
အခုကျွန်တော်နည်းနည်းလောက်အစ်ကို့ကိုမေးချင်လို့ပါ။
အဲဒါကတော့ crack file ကူးတာမသိလို့ပါ။တစ်ချို့ software တွေလိုင်စင်
version နဲ့ဆိုတော့ crack file ကူးမှရမယ်လို့ပြောပြောနေကြလို့ပါ။
ဘယ်လိုကူးရတာလဲဆိုတာတစ်ချက်လောက်ပြောပြပေးပါအုံးဗျာ။

wanay.88@gmail.com

ဒီအဖြေကိုIT Men blogမှတဆင့်ပြန်လည်ဖေါ်ပြလိုက်ပါတယ်ဗျာ
(၁) Serial Number Cracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Software company တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှ ကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။ Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Code ကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။

(၃) Executable File & Others File Adding Cracking
တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation
လည်းမတောင်းပါ။
ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။
အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။
ထိုကဲ့သို့ software မျိုးဆိုလျှင် Exe file replace လုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။
ဥပမာပြရလျှင်
Photoshop CS3 ဆိုလျှင် ထိုကဲ့သို့လုပ်ရပါသည်။ Installer CD အတွင်းရှိ
Crack Folder ထဲတွင်ရှိသော
Photoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folder
ထဲသို့ Replace
လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။

(၄) Registration File Cracking
တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software
ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။
ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky
ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။
တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို
Crack လုပ်ရန် ထို License key ကို အင်တာနက်ထဲရှာရပါသည်။
တွေ့တဲ့အခါမှာ ကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို
disable လုပ်ရပါသည်။ မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ
ကိုယ့် Kaspersky ရဲ့ License Key ကို လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း
သိသွားနိုင်ပါသည်။


Crack လုပ်ခြင်း၏ အကျိုးရလဒ်များ
Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရသည်တော့မှန်ပါသည်။
သို့သော်လည်း ထို Crack File များတွင် Virus များ၊ Spyware များ ပါလာလေ့ရှိပါသည်။
ထို့ကြောင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။